အောက်စဖို့၏ ကိုဗစ်ကာကွယ်ဆေး ကလေးများဖြင့် စမ်းသပ်တော့မည်

အောက်စဖို့တက္ကသိုလ်က ထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေးအား ကလေးများကို ထိုးနှံပေးနိုင်ခြင်း ရှိ မရှိ စတင်စမ်းသပ်တော့မည် ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုစမ်းသပ်ချက်သည် လူငယ်များထံတွင် ကိုဗစ်ကာကွယ်ဆေး အာနိသင်ရှိမရှိကို စမ်းသပ်မှုများအနက် နောက်ဆုံး စမ်းသပ်ချက်လည်း ဖြစ်သည်။

By Foreign Desk 17 Feb 2021

ဓာတ်ပုံ - World Vision

အောက်စဖို့တက္ကသိုလ်က ထုတ်လုပ်သည့် ကိုဗစ်ကာကွယ်ဆေးအား ကလေးများကို ထိုးနှံပေးနိုင်ခြင်း ရှိ မရှိ စတင်စမ်းသပ်တော့မည် ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ယခုစမ်းသပ်ချက်သည် လူငယ်များထံတွင် ကိုဗစ်ကာကွယ်ဆေး အာနိသင်ရှိမရှိကို စမ်းသပ်မှုများအနက် နောက်ဆုံး စမ်းသပ်ချက်လည်း ဖြစ်သည်။

အဆိုပါ စမ်းသပ်ချက်တွင် အသက်ခြောက်နှစ်နှင့် ၁၇ နှစ်အရွယ်ကြား စေတနာ့ဝန်ထမ်း ၃၀၀ ခန့်ကို စမ်းသပ်သွားမည်ဖြစ်ကြောင်း၊ လူဦးရေ ၂၄၀ အထိ ကိုဗစ်-၁၉ ကာကွယ်ဆေး စမ်းသပ်အထိုးခံမည် ဖြစ်ပြီး ကျန် ၆၀ ဦးကို ဦးနှောက်အမြှေးရောင်ကာကွယ်ဆေး ထိုးနှံသွား မည်ဖြစ်ကြောင်း စနေနေ့က ကြေညာခဲ့သည်။

အောက်စဖို့ ကာကွယ်ဆေး စမ်းသပ်မှုဆိုင်ရာ သုတေသီမှူးဖြစ်သူ အင်ဒရူးပေါလက် က ကလေး အများစုသည် ကိုဗစ်-၁၉ ရောဂါကြောင့် အပြင်းအထန်ဖျားနာခြင်း မရှိသည့်အတွက် “ကလေးများတွင် ကာကွယ်ဆေးထိုးနှံခြင်းဖြင့် ကောင်းကျိုးရရန်၊ ကလေးများနှင့် လူငယ်များတွင် ကာကွယ်ဆေးကို ခုခံ နိုင်မည့်တုံ့ပြန်မှုနှင့် လုံခြုံစိတ်ချရမှုကို ဦးစားပေး ထုတ်လုပ်နိုင်ရန် အရေးကြီးကြောင်း” ပြောဆိုခဲ့သည်။

တာဝန်ရှိသူများသည် အက်စထရာဇီနီကာက ထုတ်လုပ်ဖြန့်ချိသော အသက် ၁၈ နှစ်အထက် ထိုးနှံနိုင်သည့် အောက်စဖို့ကာကွယ်ဆေးကို နိုင်ငံပေါင်း ၅၀ ကျော်၌ တွင်တွင်ကျယ်ကျယ်အသုံးပြုနိုင်ရန် ခွင့်ပြုချက်ပေးခဲ့ပြီး ဖြစ်သည်။

အခြားဆေးကုမ္ပဏီများသည်လည်း ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးကို ကလေးများတွင် စမ်းသပ်နေကြသည်။ အသက် ၁၆ နှစ်နှင့်အထက် လူအများတွင် ထိုးနှံ ခွင့်ပြုထားပြီးဖြစ်သော ဖိုက်ဇာသည် အသက် ၁၂ နှစ်အရွယ် ကလေးများတွင် ထိုးနှံမည့် ကာကွယ်ဆေးကို စတင်စမ်းသပ်နေပြီဖြစ်သည်။ မိုဒါနာသည် ၁၂ နှစ်အရွယ်ကလေးများတွင် ကာကွယ်ဆေးစမ်းသပ်မှုကို ဒီဇင်ဘာလက စတင်ဆောင်ရွက်ခဲ့သည်။