- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဖိုက်ဇာထံမှ ကိုဗစ်ကာကွယ်ဆေး သန်းပေါင်းများစွာ ထပ်မံဝယ်ယူရန် အမေရိကန်အစိုးရ စီစဉ်နေ
အမေရိကန်အစိုးရသည် ဆေးဝါးကုမ္ပဏီကြီးဖြစ်သည့် ဖိုက်ဇာထံမှ ကိုဗစ်ကာကွယ်ဆေး သန်းရာချီတိုးပြီး မှာယူမည့် သဘောတူညီချက် ရရှိရန် နီးစပ်လာပြီဖြစ်သည်။ အပြန်အလှန်အားဖြင့် ဆေးထုတ်လုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ ပိုမိုရရှိနိုင်ရေး ကူညီပေးသွားမည်ဖြစ်သည်။
24 Dec 2020
အမေရိကန်အစိုးရသည် ဆေးဝါးကုမ္ပဏီကြီးဖြစ်သည့် ဖိုက်ဇာထံမှ ကိုဗစ်ကာကွယ်ဆေး သန်းရာချီတိုးပြီး မှာယူမည့် သဘောတူညီချက် ရရှိရန် နီးစပ်လာပြီဖြစ်သည်။ အပြန်အလှန်အားဖြင့် ဆေးထုတ်လုပ်ရာတွင် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများ ပိုမိုရရှိနိုင်ရေး ကူညီပေးသွားမည်ဖြစ်သည်။
သဘောတူညီချက်ကို အပြီးသတ်ဆွေးနွေးဆဲဖြစ်ပြီး အချိန်တိုအတွင်း အပြီးသတ်တော့ မည်ဖြစ်ကြောင်း ဆက်လက်ဆွေးနွေးနေဆဲအခြေအနေများကို အမည်မဖော်လိုသူ အတွင်းသိတစ်ဦးက အင်္ဂါနေ့တွင် အေပီကို ပြောကြားလိုက်သည်။
ဖိုက်ဇာ ကာကွယ်ဆေးသည် ပြီးခဲ့သည့်ရက်သတ္တပတ်တွင် ပြည်နယ်များသို့ ကနဦးပို့ဆောင် ထားသည့်အသုတ် ရောက်ရှိခဲ့ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဦးစီးဌာန (FDA) မှ ပထမဆုံးဆေးအဖြစ် သုံးစွဲခွင့်ခွင့်ပြုချက် ရရှိခဲ့ပြီးဖြစ်သည်။ ယခုအမျိုးသားကျန်းမာရေး သိပ္ပံမှ သိပ္ပံပညာရှင်များနှင့် ပူးပေါင်းစမ်းသပ်ထုတ်လုပ်ထားသော မော်ဒန်းနားက ထုတ်လုပ်သည့် ကာကွယ်ဆေးတစ်ခုနှင့်လည်း ပူးတွဲလုပ်ဆောင်မှုများ ပြုလုပ်နေပြီ ဖြစ်သည်။
မော်ဒန်းနား က ထုတ်လုပ်မည့်ကာကွယ်ဆေးသည် အစိုးရ၏ ကွပ်ကဲဆောင်ရွက်မှုဖြင့် Operation Warp Speed အမည်ရ အစီအစဉ်တစ်ခုအဖြစ် ထွက်ရှိလာခြင်းဖြစ်သည်။ အစိုးရ-ပုဂ္ဂလိက ပူးပေါင်း ကြိုးပမ်းမှုဖြင့် FDA မှ ထိုးနှံခွင့်ကျသည်နှင့် တစ်ပြိုင်နက် သန်းပေါင်းများစွာသော ကာကွယ်ဆေးများ အဆင့်သင့်ဖြစ်စေရန်နှင့် ပြည်နယ်များသို့ ပို့ဆောင်နိုင်စေရန် စီစဉ်ထားခြင်းဖြစ်သည်။
သို့သော်လည်း ဖိုက်ဇာ နှင့် ထပ်မံချုပ်ဆိုမည့် ယခုအစီအစဉ်သည် အမေရိကန်ပြည်သူ အားလုံးကို ကာကွယ်ဆေးထိုးပေးမည့် ရည်မှန်းချက်ကို ပိုမိုနီးစပ်လာစေမည့် ခြေလှမ်း တစ်ရပ်ဖြစ်လာမည် ဖြစ်သည်။