- တရုတ်၊ အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်တို့အပေါ် ရိုက်ခတ်လာသည့် အာရက္ခတပ်တော်အောင်ပွဲ
- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
ငြိမ်းချမ်းရေးဆွေးနွေးရန် အိန္ဒိယကို ပါကစ္စတန် ကမ်းလှမ်း
ပါကစ္စတန်အစိုးရပိုင် အဲလ်ဘာရေဘီးယား ရုပ်သံနှင့် အင်္ဂါနေ့ အင်တာဗျူးတစ်ခု၌ ဝန်ကြီးချုပ်ရှာရစ်က ယခုကဲ့သို့ ပြောကြားသွားခြင်း ဖြစ်သည်။
18 Jan 2023
အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံနယ်စပ် တစ်နေရာ။ ဓာတ်ပုံ - Reuters
နှစ်နိုင်ငံအကြား ကျန်ရှိနေသေးသော ကိစ္စရပ်များအားလုံးကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြရန် ပါကစ္စတန်ဝန်ကြီးချုပ် ရှက်ဘက်ရှာရစ်က အိန္ဒိယဝန်ကြီးချုပ်ထံသို့ ကမ်းလှမ်းလိုက်သည်။
ပါကစ္စတန်အစိုးရပိုင် အဲလ်ဘာရေဘီးယား ရုပ်သံနှင့် အင်္ဂါနေ့ အင်တာဗျူးတစ်ခု၌ ဝန်ကြီးချုပ်ရှာရစ်က ယခုကဲ့သို့ ပြောကြားသွားခြင်း ဖြစ်သည်။
“အိန္ဒိယခေါင်းဆောင်ပိုင်းနဲ့ ဝန်ကြီးချုပ် နာရင်ဒြာမိုဒီတို့ကို ကျွန်တော် အမှာစကား ပါးချင်တာကတော့ ကက်ရှ်မီးယားအရေးလိုမျိုး လောင်မြိုက်နေတဲ့ ပြဿနာရပ်တွေကို အဖြေရှာဖို့အတွက် စားပွဲဝိုင်းမှာ အတူထိုင်ပြီး စစ်မှန်လေးနက်တဲ့ ဆွေးနွေးမှု ပြုလုပ်ဖို့ပါပဲ” ဟု သူက ပြောသည်။
သို့သော်လည်း အင်တာဗျူးထုတ်လွှင့်ပြီးနောက်ပိုင်း ရှာရစ်ရုံးက ထုတ်ပြန်သည့် ကြေညာချက်တွင်မူ ကက်ရှ်မီးယား နယ်မြေအစိတ်အပိုင်းမှ ၂၀၁၉ တွင် ရုပ်သိမ်းသွားသည့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အိန္ဒိယဘက်က ပြန်လည်ပေးအပ်မှသာ ဤကဲ့သို့သော ဆွေးနွေးမှုမျိုး ဖြစ်လာနိုင်မည်ဟု ဖော်ပြထားသည်ကို တွေ့ရသည်။
“ဤအဆင့်ကို အိန္ဒိယဘက်က ပြန်လည်မရုပ်သိမ်းသရွေ့ ဆွေးနွေးမှုများ ရှိမလာနိုင်” ဟု ကြေညာချက်၌ ဖော်ပြထားသည်။
အိန္ဒိယဘက်ကမူ အဆိုပါပြောကြားချက်အပေါ် လတ်တလောတွင် တုံ့ပြန်မှု မရှိသေးပေ။ အိန္ဒိယသည် ရှေ့ပိုင်းတွင် ပါကစ္စတန်၏ ကက်ရှ်မီးယားအရေး အလားတူကမ်းလှမ်းမှုများကိုလည်း လျစ်လျူရှုထားခဲ့သည်။
မကြာသေးမီက ယူအေအီးနိုင်ငံသို့ မိမိသွားရောက် လည်ပတ်ခဲ့စဉ် ယူအေအီးသမ္မတ ရှိတ်မိုဟာမက်ဘင်ဇာယစ်နှင့် ဤအရေးကို ဆွေးနွေးခဲ့သည်ဟု ရှာရစ်က အင်တာဗျူးတွင် ဖြေကြားသည်။
“သူ (ရှိတ်မိုဟာမက်) ဟာ ဒီနှစ်နိုင်ငံကို စားပွဲဝိုင်းထဲ ရောက်လာအောင် ခေါ်ယူရာမှာ သိပ်အရေးပါတဲ့ နေရာက ပါဝင်နိုင်သူပါ” ဟုလည်း သူကဆိုသည်။
ပါကစ္စတန်နှင့် အိန္ဒိယတို့သည် ဗြိတိသျှလက်အောက်မှ လွတ်မြောက်ခဲ့သည့် ၁၉၄၇ ခုနှစ်နောက်ပိုင်းတွင် စစ်ပွဲကြီး သုံးကြိမ်တိုင်တိုင် ဖြစ်ပွားခဲ့သည်။ ၎င်းတို့အနက် နှစ်ခုမှာ ကက်ရှ်မီးယားအရေးအတွက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ နှစ်နိုင်ငံလုံးက ကက်ရှ်မီးယားဒေသကို ပိုင်ဆိုင်ကြောင်း ပြောကြားထားပြီး လက်ရှိတွင် ဒေသ၏ ထက်ဝက်စီ ထိန်းချုပ်ထားကြသည်။