- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကိုဗစ်ကာလ ပျံသန်းမှုရပ်ဆိုင်းထားသော လေယာဉ်များ ပြန်လည်ပြေးဆွဲချိန် အန္တရာယ်ရှိနိုင်
ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း အသုံးမပြုဘဲ ထားသော လေယာဉ်များအား ပြန်လည်အသုံးပြုချိန်၌ အထူးဂရုစိုက်ကြရန် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်းများ၊ အာမခံကုမ္ပဏီများနှင့် ကျွမ်းကျင်ပညာရှင်များက လေကြောင်းလိုင်းများအား သတိပေးလိုက်သည်။
16 Dec 2020

ကိုဗစ်-၁၉ ကပ်ဘေးကာလအတွင်း အသုံးမပြုဘဲ ထားသော လေယာဉ်များအား ပြန်လည်အသုံးပြုချိန်၌ အထူးဂရုစိုက်ကြရန် စည်းကမ်းထိန်းသိမ်းရေး အဖွဲ့အစည်းများ၊ အာမခံကုမ္ပဏီများနှင့် ကျွမ်းကျင်ပညာရှင်များက လေကြောင်းလိုင်းများအား သတိပေးလိုက်သည်။
လေယာဉ်မှူးများအနေဖြင့် မောင်းနှင်ပျံသန်းမှုနှင့် အကျွမ်းတဝင်ပြန်ဖြစ်ရန် လိုအပ်မှု၊ ထိန်းသိမ်းမှုအမှားအယွင်းများနှင့် ပိုးမွှားအသိုက်အမြုံများကြောင့် အာရုံခံကိရိယာများ အလုပ်မလုပ်ခြင်း မျိုးအထိ ဖြစ်ပွားနိုင်သည်ဟု အဆိုပါအဖွဲ့အစည်းများက ထောက်ပြထားသည်။
ကမ္ဘာတစ်ဝန်း၌ ကိုဗစ်ကပ်ဘေးကာလအတွင်း ပျံသန်းမှုရပ်ဆိုင်းထားသော လေယာဉ် အများအပြားရှိပြီး စုစုပေါင်း လေကြောင်းလိုင်းများ၏ သုံးပုံနှစ်ပုံအထိ ရှိခဲ့သည်။ ထိုလေကြောင်းလိုင်းများ ပြန်လည်ပြေးဆွဲချိန်၌လည်း ပြဿနာကြုံတွေ့ရမှု အများအပြားရှိခဲ့သည်။
လေယာဉ်မတည်ငြိမ်မှု သို့မဟုတ် ကိုယ်တွယ်ရာ၌ ညံ့ဖျင်းမှုများသည် ယခုနှစ်အတွင်း သိသိသာသာ မြင့်တက်ခဲ့ကြောင်း နိုင်ငံတကာ လေကြောင်းသယ်ယူပို့ဆောင်ရေး (IATA) အဖွဲ့အစည်းကြီး၏ ထုတ်ပြန်ချက်အရ သိရသည်။ ဤကဲ့သို့သော အဆင်မပြေမှုများကြောင့် လေယာဉ်ဆင်းသက်မှု ခက်ခဲခြင်း၊ လေယာဉ်ပြေးလမ်းချော်ခြင်း မှသည် လေယာဉ်ပျက်ကျခြင်းမျိုးအထိ ဖြစ်ပွားနိုင်သည်။
ပြီးခဲ့သော မေလအတွင်း ပါကစ္စတန် နိုင်ငံတကာလေးကြောင်းလိုင်းမှ ဂျက်လေယာဉ်တစ်စီးသည် မြေပြင်သို့ ဆင်းသက်စဉ် မတည်ငြိမ်မှုကြောင့် ပျက်ကျပြီး ခရီးသည် ၉၇ ဦး သေဆုံးခဲ့သည်။
သြဂုတ်လတွင်လည်း Air India Express လေယာဉ်တစ်စီး ပြေးလမ်းသို့ ဆင်းသက်ချိန် မတည်ငြိမ်မှုကြောင့် ပျက်ကျပြီး ခရီးသည် ၁၈ ဦး သေဆုံးခဲ့သည်။