- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
မြန်မာကို ဓာတ်ငွေ့စီမံကိန်းအမြတ်ငွေ ပေးမည့်ကိစ္စ ပေါ်စကို ကုမ္ပဏီ ပြန်သုံးသပ်နေ
တောင်ကိုရီးယားပိုင် ပေါ်စကိုအင်တာနေရှင်နယ် ကုမ္ပဏီသည် မြန်မာကို ဓာတ်ငွေ့စီမံကိန်း အမြတ်ဝေစုငွေ ပေးအပ်မည့်ကိစ္စအား ပြန်လည်သုံးသပ်နေကြောင်း ကုမ္ပဏီဘက်က သောကြာနေ့တွင် ပြောကြားလိုက်သည်။
30 May 2021

DMG ၊ မေ ၃၀
တောင်ကိုရီးယားပိုင် ပေါ်စကိုအင်တာနေရှင်နယ် ကုမ္ပဏီသည် မြန်မာကို ဓာတ်ငွေ့စီမံကိန်း အမြတ်ဝေစုငွေ ပေးအပ်မည့်ကိစ္စအား ပြန်လည်သုံးသပ်နေကြောင်း ကုမ္ပဏီဘက်က သောကြာနေ့တွင် ပြောကြားလိုက်သည်။
ကုမ္ပဏီ၏ လုပ်ရပ်သည် မြန်မာစစ်တပ်၏ ငွေကြေးထောက်ပံ့ရေး လမ်းကြောင်းအား ပိုမိုကျဉ်းမြောင်းသွားစေသည့် လုပ်ရပ်လည်း ဖြစ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ယခုသီတင်းပတ်အတွင်း ပြင်သစ်ပိုင် တိုတယ်ကုမ္ပဏီနှင့် အမေရိကန်ပိုင် ချက်ဗရွန် ဓာတ်ငွေ့တူးဖော်ရေး ကုမ္ပဏီများသည် ပေါ်စကိုနှင့် ပုံစံတူ သဘာဝဓာတ်ငွေ့လုပ်ကွက်များအတွက် မြန်မာထံသို့ ပေးချေရမည့် ငွေကြေးများကို ဆိုင်းငံ့ခဲ့ပြီးနောက်တွင် ပေါ်စကို၏ ဆုံးဖြတ်ချက် ပေါ်ထွက်လာခြင်း ဖြစ်သည်။
ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍသည် မြန်မာနိုင်ငံတွက် အကျိုးအမြတ် အများဆုံး ရှာဖွေပေးနေသည့် ပြည်ပရင်းနှီးမြှုပ်နှံမှုများအနက် တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ နောက်ပိုင်းမှစတင်ပြီး နိုင်ငံခြားကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းလည်ပတ်မှုများကို ပြန်လည်သုံးသပ်ရန် လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ဖိအားပေးမှုကို ရင်ဆိုင်နေရသည်။
“နိုင်ငံတကာအသိုင်းအဝိုင်းက ကျွန်တော်တို့ကို တောင်းဆိုထားတာတွေကို ပြန်လှန်သုံးသပ်နေပါတယ်။ တောင်းဆိုချက်တွေထဲမှာ မြန်မာကို ပေးရမယ့် အမြတ်ငွေတွေကို ဆိုင်းငံ့ထားဖို့လည်း ပါဝင်ပါတယ်။ ကုမ္ပဏီတွင်းမှာ ရှုထောင်းပေါင်းစုံကနေ ကြည့်ရှုဆွေးနွေးနေကြပါတယ်။ စာချုပ်မှာက အများကြီးပါနေတဲ့အတွက် လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပါဘူး” ဟု ပေါ်စကို ကုမ္ပဏီ၏ ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးက ရိုက်တာသတင်းဌာနသို့ ဖုန်းဖြင့် ဖြေကြားသည်။
ပေါ်စကိုကုမ္ပဏီသည် မြန်မာနိုင်ငံ၏ ရွှေ သဘာဝဓာတ်ငွေ့စီမံကိန်းတွင် အဓိကရှယ်ယာရှင်တစ်ဖွဲ့ ဖြစ်ပြီး ရင်းနှီးမြှုပ်နှံငွေ အမေရိကန်ဒေါ်လာ ၁.၅၃ ဘီလျံခန့်ရှိသည်။
ပေါ်စကိုသည် မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE)၊ အိန္ဒိယ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်း (ONGC) တို့နှင့် ပူးပေါင်းကာ ဘင်္ဂလားပင်လယ်အော်တွင် လုပ်ကွက် သုံးနေရာ၌ ဓာတ်ငွေ့တူးဖော်ရေး လုပ်ငန်းများ ဆောင်ရွက်နေခြင်း ဖြစ်သည်။
ရွှေ သဘာဝဓာတ်ငွေတူးဖော်ရေးသည် လုပ်ငန်း၏ ၂၀ ရာခိုင်နှုန်းခန့်ကို ပြည်တွင်းတွင် သုံးစွဲပြီး ကျန်ရှိသည်များကို ပိုက်လိုင်းမှတစ်ဆင့် တရုတ်သို့ တင်ပို့ရောင်းချနေခြင်း ဖြစ်ကြောင်း ကုမ္ပဏီထံမှ သိရသည်။