ရေငုပ်သင်္ဘော စာချုပ်ကိစ္စတွင် ဩစတြေးလျ ဝန်ကြီးချုပ်သည် သူ့အား လိမ်ညာခဲ့ကြောင်း ပြင်သစ်သမ္မတမက်ခရွန် ပြော

ဩစတြေးလျဝန်ကြီးချုပ်သည် ဖျက်သိမ်းလိုက်သော ရေငုပ်သင်္ဘော ရောင်းဝယ်မှု သဘောတူညီချက်တွင် သူ့အား ပြောင်ပြောင်တင်းတင်းလိမ်ညာခဲ့သည်ဟု ပြင်သစ်သမ္မတ အီမာနျူဝယ်မက်ခရွန်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ထိုကဲ့သို့ သမ္မတ၏ပြောကြားချက်ကြောင့် ရှိနှင့်ပြီးသား သံတမန်ရေးရာ အကျပ်အတည်းကို ပို၍ကြီးမားလာစေကြောင်း သတင်းက ဆိုသည်။

03 Nov 2021

ပြင်သစ်သမ္မတ အီမာနျူဝယ်မက်ခရွန်။ (ဓာတ်ပုံ - AFP)

DMG ၊ နိုဝင်ဘာ ၃

ဩစတြေးလျဝန်ကြီးချုပ်သည် ဖျက်သိမ်းလိုက်သော ရေငုပ်သင်္ဘော ရောင်းဝယ်မှု သဘောတူညီချက်တွင် သူ့အား ပြောင်ပြောင်တင်းတင်းလိမ်ညာခဲ့သည်ဟု ပြင်သစ်သမ္မတ အီမာနျူဝယ်မက်ခရွန်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ထိုကဲ့သို့ သမ္မတ၏ပြောကြားချက်ကြောင့် ရှိနှင့်ပြီးသား သံတမန်ရေးရာ အကျပ်အတည်းကို ပို၍ကြီးမားလာစေကြောင်း သတင်းက ဆိုသည်။

ဩစတြေးလျ သတင်းမီဒီယာများက စကော့မောရစ်ဆင်သည် လျှို့ဝှက် အရောင်းအဝယ် ကိစ္စရပ်များတွင် လိမ်ညာခဲ့ခြင်း ရှိမရှိ မေးမြန်းရာ “မပြောတတ်ပါဘူးဗျာ” ဟု ပြင်သစ်သမ္မတမက်ခရွန်က ဖြေကြားခဲ့သည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ရောမမြို့တွင် ပြုလုပ်သော ၁၆ ကြိမ်မြောက် G-20 ထိပ်သီးအစည်းအဝေး နှင့် ဂလက်စ်ဂေါမြို့တွင် ကျင်းပပြုလုပ်သော ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့က ကျောထောက်နောက်ခံပြု ထောက်ပံ့သော ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ထိပ်သီးညီလာခံတို့ကို တက်ရောက်နေကြသည်။ သို့ရာတွင် ရက်သတ္တပတ်အတော်ကြာပြီဖြစ်သော ကတောက်ကဆမှုများကမူ သူတို့နောက် ထပ်ချပ်လိုက်ကာ ဆက်လက်ဖြစ်ပွားလျက်ရှိသည်။

ရေငုပ်သင်္ဘောတပ်စုသစ် တစ်ခု တည်ဆောက်ရန်အတွက် ပြင်သစ်နှင့်ချုပ်ဆိုထားသော ဆယ်စုနှစ်တစ်ခုကြာ သက်တမ်းရှိ ဒေါ်လာဘီလီယံပေါင်း မြောက်များစွာ တန်ဖိုးရှိသော သဘောတူစာချုပ်ကို စက်တင်ဘာလတွင် ဩစတြေးလျခေါင်းဆောင်သည် ကြိုတင်အသိပေးခြင်းလုံးဝမရှိဘဲ ဖောက်ဖျက်ခဲ့သည်။

တစ်ချိန်တည်းမှာပင် သူသည် အမေရိကန်(သို့မဟုတ်) ဗြိတိန်တို့ထံမှ နျူကလီးယား ရေငုပ်သင်္ဘောများ ရရှိဝယ်ယူရန်   လျှို့ဝှက်ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့သည် ဟုလည်း မော်ရီဆင်က ထုတ်ဖော်ပြောကြားခဲ့သည်။

အမျက်ခြောင်းခြောင်းထွက်နေသော ပါရီအစိုးရက အဆိုပါဆုံးဖြတ်ချက်ကို “နောက်ကျောကို ဓားဖြင့်ထိုးခြင်း”  ဟု လူသိရှင်ကြား စွပ်စွဲရှုတ်ချခဲ့ပြီး တာဝန်ထမ်းဆောင်ရန် ဩစတြေးလျသို့ ယခု ပြန်ရောက်နေပြီဖြစ်သော ၎င်း၏ သံအမတ်ကို ပြန်လည်ခေါ်ယူခဲ့သည်။