- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကိုဗစ်ကာကွယ်ဆေး သောက်ဆေးဖော်မျူလာကို ဆင်းရဲနိုင်ငံများနှင့် မျှဝေမည်
ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပြုပေးထားသည့် အဆင်းရဲဆုံးနိုင်ငံများအတွက် ကိုဗစ်သောက်ဆေးကို သက်သာသောနှုန်းထားဖြင့် ထုတ်လုပ်ဖြန့်ချိနိုင်ရန် လိုင်စင်ချပေးသွားမည်ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် သောက်ဆေးထုတ်လုပ်သည့် မာ့ခ် (Merck) ကုမ္ပဏီက ပြောကြားလိုက်သည်။
29 Oct 2021

DMG ၊ အောက်တိုဘာ ၃၀
ကုလသမဂ္ဂက ကျောထောက်နောက်ခံ ပြုပေးထားသည့် အဆင်းရဲဆုံးနိုင်ငံများအတွက် ကိုဗစ်သောက်ဆေးကို သက်သာသောနှုန်းထားဖြင့် ထုတ်လုပ်ဖြန့်ချိနိုင်ရန် လိုင်စင်ချပေးသွားမည်ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ရန် သောက်ဆေးထုတ်လုပ်သည့် မာ့ခ် (Merck) ကုမ္ပဏီက ပြောကြားလိုက်သည်။
ဆေးဝါးကုသရေးနှင့် နည်းပညာများ တစ်ကမ္ဘာလုံးသို့ ဖြန့်ချိသည့် Medicines Patent Pool အဖွဲ့အစည်းနှင့် သဘောတူညီချက်အရ မာ့ခ်ကုမ္ပဏီသည် အာဖရိကနှင့် အာရှနိုင်ငံအများစု ပါဝင်သည့် ကမ္ဘာ့နိုင်ငံပေါင်း ၁၀၅ နိုင်ငံရှိ ကုမ္ပဏီများအား ကိုဗစ်ကာကွယ်ဆေး ထုတ်လုပ်ရေးလိုင်စင် ချပေးကာ စတင်ထုတ်လုပ်သွားမည် ဖြစ်ကြောင်း New York Times သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါသောက်ဆေးအား ကျယ်ကျယ်ပြန့်ပြန့် စမ်းသပ်ခဲ့ရာ၌ အန္တရာယ်ရှိသော ကိုဗစ်-၁၉ လူနာများသည် အဆိုပါဆေးကို သောက်သုံးခဲ့ပြီးနောက်တွင် ဆေးရုံတက်ကုသရခြင်းနှင့် အသက်ဆုံးပါးရခြင်း နှုန်းထားကို ထက်ဝက်အထိ လျှော့ချနိုင်ခဲ့ကြောင်း မာ့ခ်ကုမ္ပဏီက ယခုလအတွင်း လေ့လာချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သော ဗုဒ္ဓဟူးနေ့နံနက်ပိုင်းက ကြေညာခဲ့သည့် ကုမ္ပဏီ၏ ကြေညာချက်ကို ဆေးဝါးကုသခွင့်ရရေး ဆောင်ရွက်နေကြသူများက ကြိုဆိုခဲ့ကြသည်။
အမေရိကန်အပါအဝင် ချမ်းသာသောနိုင်ငံများသည် အဆိုပါသောက်ဆေးကို ပမာဏအများအပြား ဝယ်ယူနိုင်ရေးအတွက် ကုမ္ပဏီနှင့် ညှိနှိုင်းနေကြပြီဖြစ်သည်။
ဤသောက်ဆေးသည် ဆေးတစ်ပတ် (Per Course) လျှင် ငါးရက်ကြာ သောက်သုံးရမည်ဖြစ်ကာ တစ်ပတ်ကို ရ၁၂ ဒေါ်လာနှုန်းဖြင့် ဝယ်ယူရန် အမေရိကန်အစိုးရက သဘောတူထားသည်။
ဤဆေးအား ဒေါ်လာ ၂၀ ခန့်အထိ အနိမ့်ဆုံးဈေးဖြင့် ရောင်းချနိုင်ရန် ဖွံ့ဖြိုးဆဲနိုင်ငံများမှ ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီများက မျှော်လင့်နေကြကြောင်း သတင်းတွင် ဖော်ပြထားသည်။