- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
၂၀၁၇ နောက်ပိုင်း အများဆုံးအကွာအဝေးအထိ ဒုံးကျည်စမ်းသပ်ပစ်ခတ်မှု မြောက်ကိုရီးယားပြုလုပ်
မြောက်ကိုရီးယားနိုင်ငံသည် ဇန်နဝါရီလ ၃၀ ရက်နေ့က အင်အားအပြင်းဆုံး ဒုံးကျည် ပစ်ခတ်စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ၂၀၁၇ နောက်ပိုင်း စမ်းသပ်မှုများအနက် အဝေးဆုံးအကွာအဝေး ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
31 Jan 2022
DMG ၊ ဇန်နဝါရီ ၃၁
မြောက်ကိုရီးယားနိုင်ငံသည် ဇန်နဝါရီလ ၃၀ ရက်နေ့က အင်အားအပြင်းဆုံး ဒုံးကျည် ပစ်ခတ်စမ်းသပ်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ၂၀၁၇ နောက်ပိုင်း စမ်းသပ်မှုများအနက် အဝေးဆုံးအကွာအဝေး ဖြစ်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
၃၀ ရက်နေ့က ပစ်ခတ်ခဲ့သော ဒုံးကျည်သည် အိမ်နီးချင်းနိုင်ငံများနှင့် နယ်နိမိတ်အငြင်းပွားမှုကို ရှောင်ရှားနိုင်ရန် ဝေဟင်ပေါ်သို့ ပစ်လွှတ်ခဲ့ပြီး ရေမျက်နှာပြင်အမြင့်ပေ ကီလိုမီတာ ၂၀၀၀ အထိရောက်ရှိခဲ့ကာ အကွာအဝေး ၈၀၀ ကီလိုမီတာအထိ ခရီးရောက်ခဲ့သည်ဟု ဂျပန်နှင့် တောင်ကိုရီးယားစစ်တပ်တို့က ပြောကြားသည်။
ယခုပစ်ခတ်မှုသည် ဇန်နဝါရီလ တစ်လအတွင်း ခုနစ်ကြိမ်မြောက် ပစ်ခတ်မှုဖြစ်ပြီး အဝေးပစ်နှင့် နျူကလီးယားတပ်ဆင်နိုင်သည့် အဝေးပစ်စမ်းသပ်မှုများ ပြုလုပ်လာနိုင်ကြောင်း တောင်ကိုရီးယားက သတိပေးထားချိန်၌ မြောက်ကိုရီးယားဘက်က ပစ်ခတ်ခဲ့မှုလည်း ဖြစ်သည်။
တစ်လတည်းတွင် ယခုကဲ့သို့ အကြိမ်ရေများများ ပုံမှန်မဟုတ်ဘဲ ပစ်လွှတ်ခဲ့မှုသည် ကာလရှည်ကြာ အီလေးဆွဲနေသည့် နျူကလီးယာအရေး ဆွေးနွေးမှု၊ စီမံခန့်ခွဲမှုအလွဲများကြောင့် ဆယ်စုနှစ်များစွာ ကြာမြင့်နေပြီဖြစ်သည့် စီးပွားရေးပြိုလဲမှုအပေါ် ထပ်တိုးပုံကျလာသည့် ကပ်ဘေးနှင့် ဆက်စပ်နေသည့် အခက်အခဲများ၊ နျူကလီးယား လက်နက် အစီအစဉ်ကြောင့် အမေရိကန်ဦးဆောင်သည့် နိုင်ငံများက ချမှတ်ထားသည့် အရေးယူပိတ်ဆို့မှုများနှင့် ပတ်သက်၍ သမ္မတဘိုင်ဒန်အစိုးရအဖွဲ့ အပေါ် မြောက်ကိုရီးယားဘက်က ဖိအားပေးမှုကို ပြသနေခြင်းလည်း ဖြစ်သည်။
၂၀၁၇ ခုနှစ်က ကိုရီးယားကျွန်းဆွယ်၌ တင်းမာမှုအမြင့်ဆုံး ရှိခဲ့ချိန်၌ နျူကလီးယားအစီအစဉ်နှင့် တိုက်ကြီးများဖြတ်ကျော်ပစ်ခတ်နိုင်သည့် ဒုံးကျည်အစီအစဉ်များ ပြန်လည်စတင်တော့မည်ဟု မြောက်ကိုရီးယားက ပြသခဲ့သည့် အပြုအမူနှင့် ပုံစံတူအနေအထားများ လုပ်ဆောင်နေခြင်းဟု တောင်ကိုရီးယားဘက်က ပြောကြားကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။