- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
ရုရှားနှင့် တရုတ်လက်နက်များဖြင့် မြန်မာစစ်တပ် အရပ်သားများကို တိုက်ခိုက်ဟု ကုလအထူးသံတမန် ပြော
တရုတ်နှင့်ရုရှားသည် မြန်မာစစ်တပ်ကို တိုက်လေယာဉ်များ ထောက်ပံ့ပေးနေပြီး စစ်တပ်က အဆိုပါယာဉ်များကို အသုံးပြု၍ အရပ်သားများအား တိုက်ခိုက်နေကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန် သောမက်စ်အင်ဒရူးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
23 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၂၃
တရုတ်နှင့်ရုရှားသည် မြန်မာစစ်တပ်ကို တိုက်လေယာဉ်များ ထောက်ပံ့ပေးနေပြီး စစ်တပ်က အဆိုပါယာဉ်များကို အသုံးပြု၍ အရပ်သားများအား တိုက်ခိုက်နေကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးသံတမန် သောမက်စ်အင်ဒရူးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
ရက်စက်ကြမ်းကြုတ်သည့် လုပ်ရပ်များကို အားပေးနေသည့် လက်နက်ရောင်းချမှုများအား ကုလ လုံခြုံရေးကောင်စီအနေဖြင့် တားမြစ်ပေးရန်လည်း အထူးသံတမန်က ဆိုသည်။
သောမက်စ်အင်ဒရူး ထုတ်ပြန်သည့် အစီရင်ခံစာ၌ “အဆိုပါလက်နက်များဖြင့် အရပ်သားများကို တိုက်ခိုက်မည်ကို အပြည့်အဝ သိရှိနားလည်ထား” သော်လည်း တရုတ်၊ ရုရှားနှင့် ဆားဘီးယားနိုင်ငံတို့သည် မြန်မာနိုင်ငံကို လက်နက်ထောက်ပံ့နေကြကြောင်း ဖော်ပြထားသည်။
အစီရင်ခံစာ၌ ရုရှားသည် မြန်မာစစ်တပ်ကို ဒရုန်းများ၊ ဂျက်လေယာဉ် အမျိုးအစားနှစ်မျိုး၊ သံချပ်ကာကား နှစ်မျိုးတို့ ထောက်ပံ့ထားပြီး သံချပ်ကာတစ်မျိုးတွင် လေကြောင်းရန်ကာကွယ်ရေး စနစ်များ တပ်ဆင်ထားကြောင်း ဖော်ပြသည်။ မြန်မာစစ်တပ်သည် တရုတ်ထံမှ တိုက်လေယာဉ်များ၊ ဆားဘီးယားနိုင်ငံထံမှ ဒုံးကျည်များနှင့် လက်နက်ကြီးကျည်များ ရရှိထားသည်ဟု ကုလသံတမန်၏ အစီရင်ခံစာတွင် ဖော်ပြသည်။
အရပ်သားများကို သတ်ဖြတ်ရာတွင် အသုံးပြုနေသည့် လက်နက်များအား မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်ခြင်း မပြုရေးသည် အငြင်းပွားစရာမလိုသည့် ကိစ္စရပ်ဟု သောမက်စ်အင်ဒရူးက ဆိုသည်။
မြန်မာစစ်တပ်သည် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်ရာတွင် အင်အားအလွန်အကျွံ အသုံးပြုနေပြီး အရပ်သားနေရာများအား လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း လူ့အခွင့်အရေးအုပ်စုများနှင့် ကုလသမဂ္ဂတို့က စွပ်စွဲပြောကြားမှုများ ရှိသည်။
မြန်မာစစ်တပ်ကမူ မိမိတို့သည် ‘အကြမ်းဖက်သမား’ များကို ချေမှုန်းနေခြင်းဖြစ်ပြီး ကုလသမဂ္ဂ၏ စွက်ဖက်မှုကို ကန့်ကွက်ကြောင်း ပြောကြားထားသည်။
ဓာတ်ပုံ - Wikipedia