- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အနောက်နိုင်ငံများနှင့် တင်းမာနေချိန်တွင် နျူကလီးယားစစ်ရေးလေ့ကျင့်ရန် ရုရှား စီစဉ်
ရုရှားနျူကလီးယားတပ်ဖွဲ့များ၏ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ယခုတစ်ပတ်အတွင်း လုပ်ဆောင်သွားရန် ရှိနေကြောင်း AP သတင်းဌာနတွင် ဖော်ပြထားသည်။
14 Oct 2019
ရုရှားနျူကလီးယားတပ်ဖွဲ့များ၏ စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ယခုတစ်ပတ်အတွင်း လုပ်ဆောင်သွားရန် ရှိနေကြောင်း AP သတင်းဌာနတွင ်ဖော်ပြထားသည်။
အင်္ဂါနေ့မှစတင်ပြီး ၃ ရက်ကြာလုပ်ဆောင်မည့် ယင်းစစ်ရေးလေ့ကျင့်မှုတွင် တပ်သား ၁၂၀၀၀၊ လောင်ချာ ၂၁၃ ခု၊ လေယာဉ် ၁၀၅ စီး၊ စစ်သင်္ဘော ၁၅ စီး၊ ရေငုပ်သင်္ဘော ၅ စီးပါဝင်မည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
စစ်ရေးလေ့ကျင့်မှုအတွင်း ဒုံးကျည်များလက်တွေ့လေ့ကျင့် ပစ်ခတ်မှုများလည်း ပါဝင်မည်ဟု ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တိုက်ချင်းပစ်ဒုံးကျည် ၂ စင်းကို သတ်မှတ်ထားသော လေ့ကျင့်ရေးပစ်ကွင်းများသို့ ပစ်လွှတ်သွားရန်ရှိပြီး လေ့ကျင့်ရေးပစ်ကွင်းများကို ဗုံးကြဲတိုက်ခိုက်မှုများကိုလည်း လက်တွေ့လေ့ကျင့်သွားမည်ဟု ကာကွယ်ရေးဝန်ကြီးဌာန၏ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဌာန အကြီးအကဲဖြစ်သူ ဗိုလ်ချုပ် ယက်ဗ်ဂျန်နီလိုင်ယင်က ပြောကြားသည်။
ရုရှားနိုင်ငံသည် အနောက်နိုင်ငံများနှင့် တင်းမာမှုများရှိနေသည့်ကြားမှပင် မကြာသေးမီနှစ်များအတွင်း၌ စစ်ရေးလေ့ကျင့် မှုများကို တိုးချဲ့လုပ်ဆောင်လျက်ရှိသည်။
စစ်အေးကာလက ချုပ်ဆိုထားသော အမေရိကန်-ရုရှား နျူကလီးယားလက်နက်ဆိုင်ရာ သဘောတူစာချုပ်တစ်ရပ်တွင် ပါဝင်သော စည်းမျဉ်းများကို ရုရှားတို့ဘက်မှ ချိုးဖောက်မှုများရှိနေသည်ဟု ယခုနှစ်အစောပိုင်းက အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ကာ ထိုသဘောတူညီချက်မှ အမေရိကန်တို့နှုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။
ထို့နောက်တွင် ရုရှားသမ္မတဗလာဒီမာပူတင်ကလည်း ရုရှားဘက်မှ သဘောတူညီမှုများကို ချိုးဖောက်ခြင်းမရှိဘဲ အမေရိကန်တို့ကသာ သဘောတူညီချက်များကို မလိုက်နာခြင်းဖြစ်ကြောင်း ပြန်လည်စွပ်စွဲကာ အဆိုပါသဘောတူစာချုပ်မှ ရုရှားတို့ တရားဝင်နှုတ်ထွက်သည့် ဥပဒေတစ်ရပ်ကို လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။
အကယ်၍ အမေရိကန်နှင့် ရုရှားနိုင်ငံတို့ကြားတွင် နျူကလီးယားစစ်ပွဲသာ ဖြစ်ပွားခဲ့ပါက လူပေါင်း သန်း ၉၀ အထိ သေဆုံး၊ ဒဏ်ရာရရှိနိုင်ကြောင်း သိပ္ပံပညာရှင်များ၏ အသွင်တုစမ်းသပ်သုတေသန ရလဒ်များအရ တွေ့ရှိထားသည်။