- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးနှစ်ဦးနှင့် ၎င်းတို့၏ ကုမ္ပဏီများအား အမေရိကန်က အရေးယူပိတ်ဆို့
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးနှစ်ဦးပိုင်ဆိုင်သည့် ကုမ္ပဏီခြောက်ခုအား အမေရိကန်ပြည်ထောင်စုက မတ်လ ၁၀ ရက်နေ့တွင် အရေးယူ ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
12 Mar 2021

DMG ၊ မတ် ၁၂
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ သားသမီးနှစ်ဦးပိုင်ဆိုင်သည့် ကုမ္ပဏီခြောက်ခုအား အမေရိကန်ပြည်ထောင်စုက မတ်လ ၁၀ ရက်နေ့တွင် အရေးယူ ပိတ်ဆို့မှုများ ချမှတ်လိုက်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အမေရိကန်ဘဏ္ဍာရေးဝန်ကြီးဌာနက ထုတ်ပြန်သည့် ကြေညာချက်၌ ဗိုလ်ချုပ်မှူးကြီးမင်းအာင်လှိုင်၏ သား အောင်ပြည့်စုံနှင့် သမီး ခင်သီရိသက်မွန်တို့အား နာမည်ပျက်စာရင်းတွင် ထည့်သွင်းလိုက်ကြောင်း ဖော်ပြထားသည်။
ဖေဖော်ဝါရီလ ၁ ရက်နေ့ အာဏာရယူမှုနှင့် ဆန္ဒပြသူများအား နှိမ်နင်းမှုအတွက် အရေးယူတုံ့ပြန်လိုက်ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က ပိုမိုပြင်းထန်သည့် အရေးယူမှုများ ထပ်မံချမှတ်လာနိုင်ခြေရှိကြောင်း သတိပေးထားပြီး ပြည်သူ ၁၇၀၀ ကျော် ဖမ်းဆီးထားမှုနှင့် ဆန္ဒဖော်ထုတ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ နှိမ်နင်းမှုများအား ရှုတ်ချလိုက်သည်။
“လူထုရဲ့ သဘောထားကို အကြမ်းဖက်ကိုင်တွယ် ဖိနှိပ်သူတွေအပေါ် အရေးယူမှုတွေ ထပ်တိုးချမှတ်ဖို့ ကျွန်တော်တို့ တွန့်ဆုတ်နေမှာ မဟုတ်ပါဘူး” ဟု ဘလင်ကင်က ကြေညာချက်တစ်စောင်တွင် ထည့်သွင်းဖော်ပြထားသည်။
အမေရိကန်အစိုးရက အမည်ပျက်စာရင်း သွင်းထားသူများသည် ပိုင်ဆိုင်မှုနှင့် လုပ်ငန်းများ ရပ်ဆိုင်းခံရပြီး အမေရိကန်နိုင်ငံသားများသည်လည်း ၎င်းတို့နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ခွင့် မရှိပေ။