- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
- မြန်မာ၏အပြုအမူသည် အာဆီယံ၏ အချက်အချာကျမှုကို ထိခိုက်စေနိုင်ကြောင်း စင်ကာပူကာကွယ်ရေးဝန်ကြီး ပြော
- ကုလလုံခြုံရေးကောင်စီ၏ ဂါဇာအပစ်အခတ်ရပ်ရေး အဆို အမေရိကန်က ဗီတိုအာဏာသုံး ပယ်ချ
တောင်ကိုရီးယားမှာ တစ်ရက်တည်း ကိုဗစ်ကူးစက်မှု ၃ သိန်းခွဲအထိ မြင့်တက်
အိုမီခရွန်ကူးစက်မှု အလွန်အမင်း မြင့်တက်နေသော တောင်ကိုရီးယားနိုင်ငံတွင် ပြီခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှု စုစုပေါင်းသည် ၃၄၂၄၄၆ အထိရှိခဲ့ကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အေဂျင်စီ (KDCA) က မတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
09 Mar 2022
DMG ၊ မတ်လ ၁၀ ရက်
အိုမီခရွန်ကူးစက်မှု အလွန်အမင်း မြင့်တက်နေသော တောင်ကိုရီးယားနိုင်ငံတွင် ပြီခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှု စုစုပေါင်းသည် ၃၄၂၄၄၆ အထိရှိခဲ့ကြောင်း တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး အေဂျင်စီ (KDCA) က မတ်လ ၉ ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။
သေဆုံးသူအရေအတွက်သည်လည်း ၁၅၈ ဦးရှိခဲ့သည်ဟု KDCA က ပြောကြားသည်။
တောင်ကိုရီးယားသည် အိုမီခရွန် ကိုဗစ်မျိုးကွဲ ကူးစက်မှုဒဏ်ကို အပြင်းအထန် ရင်ဆိုင်နေရပြီး ယခုလအတွင်း အများအားဖြင့် နေ့စဉ်ကူးစက်မှု ပမာဏ ၂ သိန်းကျော်အထိ ရှိသည်။
နိုင်ငံတွင် သမ္မတရွေးကောက်ပွဲ ကျင်းပနေပြီး မဲပေးမှုသည် ဗုဒ္ဓဟူးနေ့တွင် ပြီးဆုံးမည်ဖြစ်သည်။
လတ်တလောတွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသဖြင့် နေအိမ်တွင်း သီးသန့်နေထိုင်နေရသူ စုစုပေါင်း တစ်သန်းကျော်ရှိကြောင်း တောင်ကိုရီးယား အာဏာပိုင်များက ပြောကြားသည်။
ကိုဗစ်ကူးစက်ခံထားရသူများ သို့မဟုတ် ကွာရန်တင်းဝင်နေရသူများအနေဖြင့် သက်ဆိုင်ရာမဲရုံသို့ လာရောက် မဲပေးနိုင်ရန်အတွက် အာဏာပိုင်များက တက္ကစီများ၊ လူနာတင်ကားများ စီစဉ်ပေးထားသည်။
တောင်ကိုရီးယားနိုင်ငံသည် အစောပိုင်းတွင် အသေးစိတ် စစ်ဆေးမှုနှင့် ခြေရာခံမှုများ ဆောင်ရွက်နိုင်ခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်မှုကို ထိန်းချုပ်နိုင်ခဲ့သည်။
အစိုးရ၏ ကိုဗစ်ရောဂါ စီမံခန့်ခွဲပုံသည် ရွေးကောက်ပွဲအတွင်း အဓိကအကြောင်းအရာ မဟုတ်ခဲ့သော်လည်း ပြီးခဲ့သော သီတင်းပတ်အတွင်း ကိုဗစ်ကူးစက်မှု အလွန်အမင်း မြင့်တက်ခဲ့မှုကြောင့် မဲပေးမှုအပေါ်တွင်လည်း အကျိုးသက်ရောက်မှု ရှိနေကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။