- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ဆလိုဗေးကီးယားတွင် နိုင်ငံလူဦးရေ ၃ ပုံ ၂ ပုံကို နှစ်ရက်နှင့်အပြီး ကိုဗစ်စစ်ဆေး
ကမ္ဘာတစ်ဝန်း နိုင်ငံအများအပြားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တိုးမြှင့်စစ်ဆေးရန် ကြိုးပမ်းနေကြချိန်၌ ဆလိုဗေးကီးယားနိုင်ငံသည် နိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံဖြစ်သော ၃.၆ သန်းကျော်ကို နှစ်ရက်အတွင်း အပြီးစစ်ဆေးခဲ့ကြောင်း စီအန်အန်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
08 Nov 2020
ကမ္ဘာတစ်ဝန်း နိုင်ငံအများအပြားတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကို တိုးမြှင့်စစ်ဆေးရန် ကြိုးပမ်းနေကြချိန်၌ ဆလိုဗေးကီးယားနိုင်ငံသည် နိုင်ငံလူဦးရေ၏ သုံးပုံနှစ်ပုံဖြစ်သော ၃.၆ သန်းကျော်ကို နှစ်ရက်အတွင်း အပြီးစစ်ဆေးခဲ့ကြောင်း စီအန်အန်သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ပြီးခဲ့သည့်လတွင် ရောဂါကူးစက်မှုများ ပြန်မြင့်တက်လာပြီးနောက် ဥရောပနိုင်ငံတစ်နိုင်ငံဖြစ်သည့် ဆလိုဗေးကီးယားသည် အသက် ၁၀ နှစ်အထက် လူတိုင်းကို ရောဂါပိုးကူးစက်ခံရခြင်းရှိ-မရှိ ကျယ်ပြန့်သည့် အတိုင်းအတာဖြင့် စစ်ဆေးရန် ဆုံးဖြတ်ခဲ့သည်။ "Joint responsibility" ဟု အမည် ပေးထားသည့် စီမံချက်ဖြင့် ဥရောပတွင် ပထမဆုံး နိုင်ငံနှင့်ချီ၍ လွှမ်းခြုံနိုင်မည့် ပမာဏအကြီးဆုံး စစ်ဆေးမှုကို အကောင်အထည်ဖော်ခဲ့သည်။
စစ်ဆေးခဲ့သည့်လူအားလုံး၏ ၁ ရာခိုင်နှုန်းကျော် ဦးရေအားဖြင့် ၃၈,၃၅၉ ဦး ထံတွင် ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်ဟု အဆိုပါ အစီအစဉ်၏ တရားဝင် ဝဘ်စာမျက်နှာတွင် ဖော်ပြချက်အရသိရသည်။
အစီအစဉ်ကို အောက်တိုဘာလ ၂၃ ရက်တွင် နိုင်ငံ၏ ကူးစက်မှုအမြင့်ဆုံးဖြစ်သည့် Orava နှင့် Bardejov မြို့များတွင် ပထမဆုံး အစမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သတ်မှတ်အသက်ပြည့်မီသူများ၏ ၉၁ရာခိုင်နှုန်း ရှိသော လူ ၁၄၀,၀၀၀ နီးပါးကို စမ်းသပ်လုပ်ဆောင်မှုအဖြစ် သုံးရက်ကျော်ကြာ စစ်ဆေးခဲ့သည်။
ကျန်ဒေသများတွင် ယခုရက်သတ္တပတ်အစောပိုင်း နှစ်ရက်ဆက်တိုက် ဆက်လက်စစ်ဆေးခဲ့ကြသည်။ အစီအစဉ်တွင် အကျုံးဝင်သည့် အသက် ၁၀ နှစ်အထက် ပြည်သူတိုင်းစစ်ဆေးမှုတွင် ဆန္ဒအလျောက် ပူးပေါင်းပါဝင်ကြရန် အစိုးရက တိုက်တွန်းထားသည်။
အိမ်တွင်အနေများသည့် အသက် ၆၅ နှစ်အရွယ်ပြည်သူများ၊ မသန်စွမ်းသူများ၊ ကင်ဆာနှင့် ခုခံအားဆိုင်ရာ တုံ့ပြန်သည့် ရောဂါရှိသူများ နှင့်အခြားသော ထိခိုက်လွယ်သည့်အုပ်စုများမှာမူ ကင်းလွတ်ခွင့်ရရှိခဲ့သည်။
ယခုကဲ့သို့ လူအများအပြားကို ထိရောက်စွာစစ်ဆေးမှုသည် ရောဂါပိုးပျံ့နှံ့မှုကို ထိန်းချုပ်ရန် အလုံးစုံ ပိတ်ဆို့ရေးမဟုတ်သည့် အခြားရွေးချယ်စရာနည်းလမ်းတစ်ခု အနေဖြင့် ရေရှည်သုံးနိုင်မည်ဖြစ်ကြောင်း ဝါးဝစ်တက္ကသိုလ်နှင့် သိပ္ပံပညာဆိုင်ရာ ယူကေအစိုးရအကြံပေးဖြစ်သည့် ကူးစက်ရောဂါဆိုင်ရာ ပုံစံကွဲများလေ့လာသူ ပညာရှင် Mike Tildesley က ပြောဆိုခဲ့သည်။
ကမ္ဘာတစ်ဝန်းတွင် နိုဝင်ဘာလ ၇ ရက်နေ့(မွန်းလွဲပိုင်း)အထိ အတည်ပြုထားသော ကိုဗစ်ကူးစက်မှု စုစုပေါင်း ၄၉ သန်းကျော်ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းဆေးတက္ကသိုလ်က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ သေဆုံးသူ စုစုပေါင်းမှာ ၁.၂ သန်းကျော်အထိ ရှိသွားပြီဖြစ်သည်။