ရွှေလီတွင် ကိုဗစ်ကူးစက်ထားသူ ၉ ဦးထက်မနည်း တွေ့ရှိသဖြင့် တစ်မြို့လုံးကို ကိုဗစ်စစ်မည်

မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသည့် တရုတ်ဘက်ခြမ်း ရွှေလီမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ကိုးဦးထက်မနည်း စစ်ဆေးတွေ့ရှိထားကြောင်း တရုတ်ကျန်းမာရေး အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

By Foreign Desk 01 Apr 2021

ဓာတ်ပုံ - VCG

DMG ၊ ဧပြီ ၁

မြန်မာနှင့် နယ်စပ်ချင်း ထိစပ်နေသည့် တရုတ်ဘက်ခြမ်း ရွှေလီမြို့တွင် ကိုဗစ်-၁၉ ကူးစက်ခံထားရသူ ကိုးဦးထက်မနည်း စစ်ဆေးတွေ့ရှိထားကြောင်း တရုတ်ကျန်းမာရေး အာဏာပိုင်များက ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်သည်။

ကူးစက်ခံထားရသူများအနက် ငါးဦးမှာ တရုတ်နိုင်ငံသားများ ဖြစ်ပြီး လေးဦးမှာ မြန်မာနိုင်ငံသားများ ဖြစ်သည်။ ကူးစက်မှု ဖြစ်ပွားရသည့် အကြောင်းရင်းအား မသိရသေးပေ။

လက်ရှိ၌ ရွှေလီမြို့ခံ ၂ သိန်းကျော်အား ကိုဗစ်စစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကာ သီတင်းတစ်ပတ်ကြာ အိမ်ပြင်မထွက်ရေးအတွက်လည်း အာဏာပိုင်များက စီစဉ်လျက်ရှိသည်။ ကိုဗစ်ကူးစက်မှု စစ်ဆေးတွေ့ရှိခဲ့သည့် အိမ်ရာဝင်းအား လက်ရှိ၌ လော့ဒေါင်းချထားသည်။

ရွှေလီတွင် မြန်မာဘက်မှ တရားမဝင် ဝင်ရောက်လာသူများအား ဖမ်းဆီးရန်၊ လက်ခံထားသူများနှင့် အကူအညီပေးသူများအား အရေးယူရန်လည်း အာဏာပိုင်များက အမိန့်ထုတ်ထားသည်။