- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
တရုတ်နှင့် တင်းမာမှုမြင့်တက်နေချိန် စစ်အင်အားတိုးမြှင့်မည်ဟု ထိုင်ဝမ်သမ္မတပြော
ထိုင်ဝမ်ကျွန်းဆွယ်၏ တိုက်ပွဲဝင်အင်အားကို မြှင့်တင်ပြီး ကာကွယ်ရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က အောက်တိုဘာလ ၁၀ ရက်နေ့ပြောကြားသည့် မိန့်ခွန်းတစ်ခုတွင် ထည့်သွင်း ပြောကြားလိုက်သည်။
10 Oct 2022
၂၀၂၂ ခုနှစ် အောက်တိုဘာလ ၁၀ ရက်နေ့က သမ္မတရုံးရှေ့တွင် အမျိုးသားနေ့ မိန့်ခွန်းပြောကြားနေသည့် ထိုင်ဝမ်သမ္မတစိုင်အင်ဝမ်ကို တွေ့ရစဉ်။ ဓာတ်ပုံ - Reuters
DMG ၊ အောက်တိုဘာ ၁၀
ထိုင်ဝမ်ကျွန်းဆွယ်၏ တိုက်ပွဲဝင်အင်အားကို မြှင့်တင်ပြီး ကာကွယ်ရေးကို တိုးမြှင့်ဆောင်ရွက်သွားမည်ဟု ထိုင်ဝမ်သမ္မတ စိုင်အင်ဝမ်က အောက်တိုဘာလ ၁၀ ရက်နေ့ပြောကြားသည့် မိန့်ခွန်းတစ်ခုတွင် ထည့်သွင်း ပြောကြားလိုက်သည်။
ဒေသတွင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းပြီး ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်ရေးအတွက် ထိုင်ဝမ်၏ ဆုံးဖြတ်ချက်ကို ထပ်လောင်းအတည်ပြုသည့်အနေဖြင့် သမ္မတသည် အမျိုးသားကာကွယ်ရေးအင်အားကို အားဖြည့်ဆောင်ရွက်သွားမည်ဟု ထိုင်ဝမ်အမျိုးသားနေ့မိန့်ခွန်းတွင် ဖော်ပြထားကြောင်း သတင်းရင်းမြစ်များကို ကိုးကားပြီး ရိုက်တာသတင်းတစ်ရပ်၌ ဖော်ပြသည်။
ထိုင်ဝမ်နှင့် တရုတ်အကြား စစ်မက်ဖြစ်ပွားမှုသည် ရွေးချယ်စရာလမ်းကြောင်းတစ်ခု လုံးဝမဟုတ်ကြောင်း သမ္မတက ပြောကြားသလို ဘေဂျင်းနှင့် ဆွေးနွေးလိုသည့်ဆန္ဒရှိကြောင်းလည်း ထပ်လောင်းပြောကြားခဲ့သည်ဟု သီးခြား သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
တရုတ်သည် ၎င်းတို့၏ ခြိမ်းခြောက်ရန်စမှုများကို အရှိန်မြှင့်နေပြီး ထိုင်ဝမ်ရေလက်ကြားနှင့် ဒေသတခွင်၏ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခြိမ်းခြောက်နေသည်မှာ နောင်တရဖွယ်ဖြစ်သည်ဟုလည်း သမ္မတစိုင်အမ်ဝမ်က ပြောကြားသည်။
“လက်နက်နဲ့ ထိပ်တိုက်ရင်ဆိုင်ခြင်းဟာ နှစ်ဘက်လုံးအတွက် ရွေးချယ်စရာတစ်ခု လုံးဝမဟုတ်ကြောင်း ဘေဂျင်းက အာဏာပိုင်တွေကို ကျွန်မ ရှင်းရှင်းလင်းလင်း ပြောကြားလိုပါတယ်”ဟု သမ္မတရုံးရှေ့တွင် ပြောကြားသည့် အမျိုးသားနေ့မိန့်ခွန်းတွင် စိုင်အင်ဝမ်က ပြောကြားသည်။