- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
တီဘီရောဂါ တိုက်ဖျက်ရေးဆိုင်ရာ တိုးတက်မှုများ ကိုဗစ်ကပ်ဘေးကြောင့် ဆုံးရှုံးမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရ
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး ကန့်သတ်ပိတ်ဆို့မှုများနှင့် ကြားဖြတ် ကျန်းမာရေး အစီအစဉ်များကြောင့် တီဘီရောဂါ ကုသရေးနှင့် စမ်းသပ်ရှာဖွေရေး ကိစ္စရပ်များ ၂၃ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ကမ္ဘာ့ကူးစက်မြန် တီဘီရောဂါ ပပျောက်ရေး ရန်ပုံငွေအစီအစဉ်ဖြစ်သည့် Stop TB Partnership က မတ်လ ၂၄ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့တီဘီရောဂါတိုက်ဖျက်ရေးနေ့တွင် သတိပေး ပြောကြားလိုက်သည်။
26 Mar 2021

DMG ၊ မတ် ၂၆

ကိုဗစ်-၁၉ ရောဂါ စတင်ပေါ်ထွက်လာချိန်မှစပြီး အခြားပြင်းထန် အဆုတ်ရောဂါဖြစ်သည့် တီဘီရောဂါ စမ်းသပ်ရှာဖွေမှုနှင့် ကုသမှု ဆောက်ရွက်ချက်များ ထိုးကျသွားခဲ့သဖြင့် တီဘီကပ် ရောဂါနှိမ်နင်းနိုင်ရေး ကြိုးပမ်းမှုတွင် တိုးတက်လာသည့်အခြေအနေများ ပျောက်ကွယ်သွားမည့် အရေးကို ကျွမ်းကျင်သူများက စိုးရိမ်ပူပန်နေကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ကိုဗစ်-၁၉ ရောဂါမပေါ်မီအထိ တီဘီရောဂါသည် အလွယ်တကူစမ်းသပ်ရှာဖွေနိုင်ပြီး ကုသနိုင်သော ရောဂါဖြစ် သော်လည်း ကမ္ဘာ့ကူးစက်မှုအမြင့်ဆုံး လူသေစေနိုင်သည့် ရောဂါတစ်ခုဖြစ်ခဲ့သည်။ တီဘီရောဂါကြောင့် နှစ်စဉ် လူပေါင်း ၁.၄ သန်းအထိ အသက်ဆုံးရှုံးရပြီး လူပေါင်း ဆယ်သန်း ကျော်အထိ ကူးစက်ခံရသည်။
တီဘီရောဂါသည် လူများတွင် ထောင်စုနှစ်ချီကြာမြင့်စွာ ပြန့်ပွားကူးစက်နေပြီး ကာကွယ်ကုသနိုင်သည့် အဆိုပါ ရောဂါကို တိုက်ဖျက်ရန် အပတ်တကုတ် ကြိုးပမ်းအားထုတ်ခဲ့ကြသော်လည်း ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် ရောဂါ ကူးစက်မှုနှုန်းမှာ မြင့်တက်လာနေဆဲဖြစ်သည်။