- ဘူးသီးတောင် စကခ(၁၅)နှင့် တပ်ရင်း ၂ ခုကို AA သိမ်းပိုက်
- ဂျီနိုဆိုက် စကားလုံးကို လက်နက်သဖွယ် အသုံးချနေကြသည်ဟု AA ပြော
- ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးသူ (၃) ဦးထိရှိလာ
- စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာသယ်လာသည့် ယာဉ်များကို AA တားဆီးထား
- မသန့်ရှင်းသောရေကို သုံးစွဲနေရ၍ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်နေ
တိုက်ချင်းပစ်ဒုံးကျည် ၁၀ စင်းထက်မနည်း မြောက်ကိုရီးယား စစ်ရေးပြအခမ်းအနား၌ ထုတ်ပြ
မြောက်ကိုရီးယား တပ်မတော်ထူထောင်ခြင်း ၇၅ နှစ်ပြည့် စစ်ရေးပြအခမ်းအနားတွင် နိုင်ငံ၏ စွမ်းအားအကြီးဆုံး တိုက်ချင်းပစ်လက်နက် အမျိုးအစားဖြစ်သော Hwasong-17 ပဲ့ထိန်းဒုံးကျည်များ ၁၀ စင်းထက်မနည်း ပြသခဲ့သည်။
09 Feb 2023
ဓာတ်ပုံ - AP
ဖေဖော်ဝါရီလ ၈ ရက်နေ့က ကျင်းပခဲ့သည့် မြောက်ကိုရီးယား တပ်မတော်ထူထောင်ခြင်း ၇၅ နှစ်ပြည့် စစ်ရေးပြအခမ်းအနားတွင် နိုင်ငံ၏ စွမ်းအားအကြီးဆုံး တိုက်ချင်းပစ်လက်နက် အမျိုးအစားဖြစ်သော Hwasong-17 ပဲ့ထိန်းဒုံးကျည်များ ၁၀ စင်းထက်မနည်း ပြသခဲ့ကြောင်း မြောက်ကိုရီးယားရုပ်သံသတင်းကို ကိုးကားပြီး အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အဆိုပါအခမ်းအနားသို့ ခေါင်းဆောင်ကင်ဂျုံအန်းသည် ၎င်း၏အဘိုးဖြစ်သူ ကင်အီဆွန်း နှစ်သက်သည့် ဦးထုပ်နှင့် ကုပ်အင်္ကျီအနက်ပုံစံကို ဝတ်ဆင်ကာ တက်ရောက်ခဲ့သည်။ ကင်ဂျုံအန်းနှင့်အတူ ဇနီးဖြစ်သူ ရီဆိုဂျူးနှင့် သမီးဂျူအဲတို့လည်း လိုက်ပါလာသည်ကို အစိုးရပိုင်ရုပ်သံတွင် ဖော်ပြသည့် ဓာတ်ပုံများအရ သိရသည်။
မြောက်ကိုရီးယားသည် ပြီးခဲ့သော ၂၀၂၂ ခုနှစ်အတွင်း ဒုံးကျည်စမ်းသပ် ပစ်ခတ်မှုများကို စံချိန်တင် လုပ်ဆောင်ခဲ့ပြီး အဆိုပါစမ်းသပ်မှုများ၌ ၎င်း၏ အဆင့်အမြင့်ဆုံး တိုက်ချင်းပစ် ဒုံးကျည် Hwasong-17 အမျိုးအစားကို စမ်းသပ်ပစ်ခတ်မှုများလည်း ပါဝင်သည်။
အဆင့်အမြင့်ဆုံး ဒုံးကျည်များကို ယခုကဲ့သို့ ထုတ်ပြခြင်းသည် မြောက်ကိုရီးယားအနေဖြင့် သတင်းစကား ပါးလိုက်ခြင်း ဖြစ်သည်ဟု လေ့လာသူများက ဆိုသည်။
“ဒါက မြောက်ကိုရီးယားဟာ နျူကလီးယားအင်အားအရာမှာ အတောင်အလက် စုံလင်သွားပြီဆိုတာကို ကြေညာဖို့ကြိုးစားတာပဲ” ဟု ဆိုးလ်ရှိ Ewha တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သူ Leif-Eric Easley က အေအက်ဖ်ပီသို့ ပြောကြားသည်။
ကင်ဂျုံအန်းသည် ပြုံယမ်းက အကြီးအကျယ် ထုတ်လုပ်နေသည့် ဗျူဟာမြောက် နျူကလီးယား လက်နက်များ၊ နျူကလီးယား တိုက်ပွဲအတွက် ဒုံးကျည်သစ်များ ထုတ်လုပ်မှုများ အပါအဝင် နျူကလီးယားလက်နက် အင်အားကို ခိုင်မာအောင် တိုးမြှင့်ရန် အတွက်လည်း မကြာသေးမီကမှ ပြောကြားထားသည်။