- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
- "လူ ၂၆ ယောက် သေနတ် တစ်လက်နဲ့ စခဲ့တဲ့ ၁၆ နှစ်တာ တော်လှန်ရေး ခရီး"
- ပနားမား သဘောတူညီချက်၌ တူးမြောင်းတွင် အမေရိကန်တပ်များ နေရာချထားခွင့် ပါဝင်
- ဌာနဆိုင်ရာဝန်ထမ်း အိမ်ထောင်သည်များကို ULA က ငွေကြေး ထောက်ပံ့ပေးမည်
- ဒုက္ခသည်နေရပ်ပြန်ရေး စစ်ကောင်စီ၊ AA တို့နှင့် ဆက်သွယ်ဆောင်ရွက်နေဟု ဘင်္ဂလားဒေ့ရှ်ပြော
ဖမ်းမိထားသည့် ဒဏ်ရာရ မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးမှုများ ရှိနေကြောင်း ယူကရိန်းသမ္မတပြော
မြောက်ကိုရီးယားသည် ရုရှားစစ်တပ်ကို ထောက်ပံ့ကူညီရန်အတွက် ထောင်နှင့်ချီသော စစ်သားများကို စေလွှတ်ထားပြီး မော်စကို၏ ၂၀၂၂ ခုနှစ် ကျူးကျော်မှုဖြစ်စဉ်အပြီးတွင် သုံးနှစ်နီးပါးကြာ ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အရှိန်မြင့်တက်လာသည့် အခြေအနေအဖြစ် ရှုမြင်ခံထားကြောင်း ယူကရိန်းနှင့် အနောက်မဟာမိတ်များက ပြောကြားထားသည်။
28 Dec 2024

ယူကရိန်းတပ်များက ဖမ်းမိပြီးနောက်တွင် ဒဏ်ရာရရှိထားသော မြောက်ကိုရီးယားစစ်သား အများအပြား သေဆုံးသွားခဲ့ကြောင်းနှင့် အဆိုပါ မြောက်ကိုရီးယားစစ်သားများကို ရုရှားဘက်က အကာအကွယ် အနည်းဆုံးအခြေအနေဖြင့် တိုက်ပွဲဝင်ခိုင်းနေကြောင်း ယူကရိန်းသမ္မတ ဇီလင်စကီးက သောကြာနေ့တွင် ပြောကြားလိုက်သည်။
မြောက်ကိုရီးယားသည် ရုရှားစစ်တပ်ကို ထောက်ပံ့ကူညီရန်အတွက် ထောင်နှင့်ချီသော စစ်သားများကို စေလွှတ်ထားပြီး မော်စကို၏ ၂၀၂၂ ခုနှစ် ကျူးကျော်မှုဖြစ်စဉ်အပြီးတွင် သုံးနှစ်နီးပါးကြာ ဖြစ်ပွားခဲ့သော စစ်ပွဲအတွင်း အရှိန်မြင့်တက်လာသည့် အခြေအနေအဖြစ် ရှုမြင်ခံထားကြောင်း ယူကရိန်းနှင့် အနောက်မဟာမိတ်များက ပြောကြားထားသည်။
“ဒီနေ့မှာတော့ မြောက်ကိုရီးယား စစ်သားတွေနဲ့ပတ်သက်လို့ သတင်းတွေ အများအပြား ထွက်ပေါ်လာခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့စစ်သားတွေက သူတို့ကို အကျဉ်းသားတွေအဖြစ် ချုပ်နှောင်ထားခဲ့ပါတယ်။ ဒါပေမဲ့ သူတို့တွေဟာ ဒဏ်ရာတွေပြင်းပြင်းထန်ထန် ရရှိထားပြီး အသက်မရှင်နိုင်ခဲ့ကြပါဘူး” ဟု သမ္မတ ဇီလင်စကီးက ဆိုရှယ်မီဒီယာပေါ်သို့ လွှင့်တင်ထားသည့် ညနေခင်းမိန့်ခွန်းတွင် ပြောကြားသွားခဲ့သည်။
ရုရှားနှင့် ယူကရိန်းတို့ တိုက်ခိုက်ခဲ့သောစစ်ပွဲ၌ တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဖမ်းဆီးခံခဲ့ရသော မြောက်ကိုရီးယား စစ်သားတစ်ဦးသည် ဒဏ်ရာများနှင့် သေဆုံးခဲ့ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေးက သောကြာနေ့ အစောပိုင်းတွင် ပြောကြားခဲ့သည်။
ယူကရိန်းတပ်များ ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးသည့်နောက်တွင် မြောက်ကိုရီးယားစစ်သား မည်မျှသေဆုံးခဲ့သည်ဆိုသော အရေအတွက်ကို ဇီလင်စကီးက အသိမပေးခဲ့ပေ။
ဩဂုတ်လ၌ ယူကရိန်းဘက်က လျှပ်တပြက်ထိုးစစ်တစ်ရပ် လုပ်ဆောင်လိုက်အပြီးတွင် ၎င်း၏အနောက်ပိုင်း ကာ့စ်ခ်နယ်စပ်ဒေသရှိ တိုက်ခိုက်ရေးသို့ လာရောက်ကာ ရုရှားတပ်ဖွဲ့များနှင့် ပူးပေါင်းခဲ့သော မြောက်ကိုရီးယား စစ်သား ၃၀၀၀ နီးပါးသည် သေဆုံးခြင်း သို့မဟုတ် ဒဏ်ရာရရှိခြင်းဖြစ်ပွားခဲ့ကြောင်း ဇီလင်စကီးက အစောပိုင်းကတည်းကပင် ပြောကြားခဲ့ဖူးသည်။
မြောက်ကိုရီးယားသည် ရုရှား-ယူကရိန်းစစ်ပွဲက ရရှိခဲ့သော တိုက်ပွဲအတွေ့အကြုံများမှ တစ်ဆင့် ၎င်း၏ သမားရိုးကျ စစ်ပွဲစွမ်းရည်များကို ခေတ်မီလာစေရန် ကြိုးပမ်းနေသည်ဟု တောင်ကိုရီးယား စစ်တပ်က ယူဆထားသည်။