- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
- ကမ္ဘာတွင် မြေမြှုပ်မိုင်းအန္တရာယ် အဆိုးဆုံးဖြစ်လာသော မြန်မာနိုင်ငံ
- နပခဌာနချုပ်ထဲတွင် အကျဉ်းသားနှင့် အရပ်သား ၄၀၀ ခန့် ချုပ်နှောင်ခံထားရ
အမေရိကန်တို့ ထိန်းချုပ်ထားသည့် အာဖဂန်ပိုင်ဆိုင်မှုများ ပြန်ခွင့်ပြုပေးရန် တာလီဘန် တောင်းဆို
အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် အမေရိကန်တို့ ထိန်းချုပ်လိုက်သည့် ပိုင်ဆိုင်မှုများအား ပြန်လည်ခွင့်ပြုပေးရန် အမေရိကန်လွှတ်တော်အမတ်များအား တာလီဘန်တို့က ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
19 Nov 2021
အာဖဂန်နစ္စတန်နိုင်ငံကို တာလီဘန်တို့ သိမ်းပိုက်ပြီးနောက် အမေရိကန်တို့ ထိန်းချုပ်လိုက်သည့် ပိုင်ဆိုင်မှုများအား ပြန်လည်ခွင့်ပြုပေးရန် အမေရိကန်လွှတ်တော်အမတ်များအား တာလီဘန်တို့က ဗုဒ္ဓဟူးနေ့တွင် တောင်းဆိုလိုက်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အာဖဂန်တွင် စီးပွားရေးအကျပ်အတည်း ရင်ဆိုင်လာရပါက ပြည်ပနိုင်ငံများကိုပါ အကျပ်ရိုက်စေမည်ဟု တာလီဘန်တို့ သတိပေးကြောင်းလည်း သတင်းတွင် ဖော်ပြသည်။
တာလီဘန်နိုင်ငံခြားရေးဝန်ကြီး အမီရာခန်မူတာကီက ပေးပို့သည့် အိတ်ဖွင့်ပေးစာ၌ အာဖဂန်နစ္စနိုင်ငံ ရင်ဆိုင်နေရသည့် အကြီးမားဆုံးစိန်ခေါ်မှုမှာ ငွေကြေးအာမခံချက် မရှိခြင်း ဖြစ်ကြောင်း ဖော်ပြထားသည်။
ယခုကဲ့သို့ စိုးရိမ်ပူပန်နေရခြင်း၏ အဓိက အကြောင်းရင်းများသည် မိမိတို့ပြည်သူများ၏ ပိုင်ဆိုင်မှုများအား အမေရိကန်အစိုးရက ထိန်းချုပ်လိုက်ခြင်းဆီသို့ ပြန်လည်ဦးတည်သွားသည်ဟု ဝန်ကြီး၏စာတွင် ဖော်ပြထားသည်။
ဝါရှင်တန်သည် အာဖဂန်ဗဟိုဘဏ်၏ ပိုင်ဆိုင်မှု ၉.၅ ဘီလျံနီးပါးကို ထိန်းချုပ်ထားပြီး ပြင်ပအကူအညီအပေါ် မှီခိုနေသည့် စီးပွားရေးမှာ အထိနာလျက်ရှိသည်။ အာဖဂန်တွင် အစိုးရဝန်ထမ်းများကို လစာမပေးနိုင်သည်မှာ လပေါင်းများစွာ ကြာနေပြီဖြစ်သလို သွင်းကုန်များကိုလည်း ဘဏ္ဍာရေးဌာနက ငွေမချေနိုင် ဖြစ်နေရသည်။
အာဖဂန်အရေးအပေါ် စိုးရိမ်နေကြသော နိုင်ငံများသည် အမေရိကန်ဒေါ်လာ သန်းရာပေါင်းများစွာ အကူအညီပေးရန် ကတိကဝတ် ပြုကြသော်လည်း တာလီဘန်တို့ဘက်က ပိုမိုစုံလင်သည့် အင်အားစုများဖြင့် အစိုးရဖွဲ့ရန်၊ အမျိုးသမီးများနှင့် လူနည်းစုများအတွက် အခွင့်အရေးများ အာမခံပေးရန် သဘောမတူပါက ရန်ပုံငွေထောက်ပံ့ရန် လက်တွန့်နေကြဆဲ ဖြစ်သည်။