- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကမ္ဘာတစ်ဝန်း သေဆုံးသူ ၂ သိန်းကျော်ပြီ
ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူစုစုပေါင်းသည် ဧပြီ ၂၆ ရက် တနင်္ဂနွေနေ့တွင် နှစ်သိန်းကျော်သွားပြီဖြစ်ကြောင်း Worldometer ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။ တနင်္ဂနွေ နေ့လယ်ပိုင်းအထိ သေဆုံးသူဦးရေမှာ ၂၀၃,၃၀၈ ဦးဖြစ်သည်။
26 Apr 2020

ကမ္ဘာတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူစုစုပေါင်းသည် ဧပြီ ၂၆ ရက် တနင်္ဂနွေနေ့တွင် နှစ်သိန်းကျော်သွားပြီဖြစ်ကြောင်း Worldometer ဝက်ဘ်ဆိုက်တွင် ဖော်ပြထားသော အချက်အလက်များအရ သိရသည်။ တနင်္ဂနွေ နေ့လယ်ပိုင်းအထိ သေဆုံးသူဦးရေမှာ ၂၀၃,၃၀၈ ဦးဖြစ်သည်။
အမေရိကန်ပြည်ထောင်သည် ဗိုင်းရပ်စ်ဒဏ်ကို အများဆုံးခံရသော နိုင်ငံဖြစ်ပြီး သေဆုံးသူစုစုပေါင်း ၅ သောင်းကျော်၊ ကူးစက်မှုပေါင်း ၉ သိန်းဝန်းကျင်ရှိသည်။ စပိန်နှင့်ပြင်သစ်တွင် သေဆုံးသူ နှစ်သောင်းကျော်စီ၊ ယူကေတွင် နှစ်သောင်းဝန်းကျင်၊ အီတလီတွင် နှစ်သောင်းခွဲဝန်းကျင် ရှိသည်။
ကမ္ဘာတစ်ဝန်းတွင် တနင်္ဂနွေနေ့လယ်ပိုင်းအထိ ဗိုင်းရပ်စ်ကူးစက်မှုစုစုပေါင်း ၃ သန်းနီးပါးရှိနေပြီဖြစ်ကာ ကူးစက်ပြီး ပြန်လည်ကောင်းမွန်လာသူ ၈ သိန်းကျော်ရှိသည်။
COVID-19 ကူးစက်ပျံ့နှံ့မှုသည် အခြားသော ဆေးဘက်ဆိုင်ရာ အန္တရာယ်များကိုလည်း ပိုမိုမြင့်တက်စေလျက်ရှိသည်။ ဆေးဝါးနှင့် အခြားလိုအပ်ချက်များ ပြတ်လပ်မှုကြောင့် ယခုနှစ်တွင် ငှက်ဖျားရောဂါကြောင့် သေဆုံနေရောင်ခြည်က ကိုရိုနာဗိုင်းရပ်စ်ကို သေစေနိုင်သလားးသူစုစုပေါင်း ၇၇၀,၀၀၀ အထိရှိလာနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) က သတိပေးထားသည်။ ဤအရေအတွက်သည် ၂၀၁၈ တွင် ငှက်ဖျားကြောင့် သေဆုံးမှုစုစုပေါင်း၏ နှစ်ဆခန့် ပိုများသောပမာဏဖြစ်သည်။
လက်ရှိအချိန်၌ အနောက်နိုင်ငံများတွင် သေဆုံးမှုနှုန်း ကျဆင်းလာနေသော်လည်း WHO ကမူ အခြားနိုင်ငံများသည် ရောဂါဖြစ်ပွားမှု၏ အစောပိုင်းအဆင့်တွင်သာ ရှိနေသေးကြောင်း သတိပေးထားသည်။
မြန်မာနိုင်ငံတွင် ဧပြီလ ၂၆ ရက် တနင်္ဂနွေနေ့ နံနက်အထိ ဓာတ်ခွဲစစ်ဆေးခဲ့သူ ၆,၅၃၈ ဦးအနက် ပိုးတွေ့လူနာ ၁၄၆ ဦးရှိပြီး သေဆုံးသူ ၅ ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။ ပြန်လည်ကောင်းမွန်လာသူမှာ ၁၀ ဦးရှိသည်။
ဆက်စပ်ဖတ်ရှုရန် -