- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
နယ်စပ်တံတိုင်းကာရေး ကြေညာချက်အား တားဆီးမှုများကို သမ္မတထရမ့် ဗီတိုအာဏာသုံးပြီးပယ်ချ
ပြီးခဲ့သောလအတွင်းက အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက ထရမ့်၏ အရေးပေါ်အခြေအနေ ကြေညာထားမှုကို ရပ်တန့်ရန် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သော်လည်း ယခုအခါ ထရမ့်က ၎င်း၏ သမ္မတဗီတိုအာဏာကိုသုံး၍ လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ပယ်ချလိုက်ခြင်းဖြစ်သည်။
17 Oct 2019
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ၎င်း၏ အမေရိကန်- မက္ကဆီကိုနယ်စပ် တံတိုင်းကာရေး အရေးပေါ် အခြေအနေ ကြေညာထားမှုကို ရပ်ဆိုင်းရန်ကြိုးပမ်းသည့် လွှတ်တော်၏ ပူးပေါင်းဆုံးဖြတ်ချက်တစ်ရပ်ကို ဗီတိုအာဏာသုံး၍ ပယ်ချက်လိုက်ကြောင်း Reuters သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ထရမ့်သည် မက္ကဆီကိုနယ်စပ်တံတိုင်းကာရံရေး လုပ်ငန်းတွင် လွှတ်တော်၏ သဘောတူညီမှုကို ရယူစရာမလိုစေရန်အတွက် အရေးပေါ်အခြေအနေ ကြေညာခဲ့ခြင်းဖြစ်ပြီး ၂၀၁၆ ရွေးကောက်ပွဲ မဲဆွယ်စဉ်တွင် ၎င်းကတိပြုခဲ့သော အဆိုပါ တံတိုင်းကာရံရေးအတွက် ပေးချေစရာရှိသည်များကို ပေးချေရန် လိုအပ်သောငွေကြေးကိုပင် ယူထားပြီးဖြစ်သည်။
ပြီးခဲ့သောလအတွင်းက အမေရိကန်လွှတ်တော်နှစ်ရပ်လုံးက ထရမ့်၏ အရေးပေါ်အခြေအနေ ကြေညာထားမှုကို ရပ်တန့်ရန် ဆုံးဖြတ်ချက်ကို အတည်ပြုခဲ့သော်လည်း ယခုအခါ ထရမ့်က ၎င်း၏ သမ္မတဗီတိုအာဏာကိုသုံး၍ လွှတ်တော်၏ ဆုံးဖြတ်ချက်ကို ပယ်ချလိုက်ခြင်းဖြစ်သည်။
"နိုင်ငံရဲ့တောင်ပိုင်းနယ်စပ်ဒေသဟာ အရေးပေါ်အခြေအနေမှာရှိနေဆဲဖြစ်ပြီး ဒီအခြေအနေအတွက် ကျွန်တော်တို့ရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့အကူအညီကို လိုအပ်နေတုန်းပါပဲ " ဟု ထရမ့်က ဗီတိုအာဏာအသုံးပြုရခြင်းနှင့် ပတ်သက်ပြီး ပြောကြားသည်။
ထရမ့်သည် ပြီးခဲ့သောမတ်လအတွင်းက လွှတ်တော် ၂ ရပ်လုံးကခွင့်ပြုသော ယခုတစ်ကြိမ်နှင့်အလားသဏ္ဍာန်တူ အစီအမံတစ်ရပ်ကို ပယ်ချရန်အတွက် ၎င်း၏ သမ္မတ ဗီတိုအာဏာကို ပထမဆုံးအကြိမ် စတင်အသုံးပြုခဲ့သည်။
အမေရိကန် အခြေခံဥပဒေအရ သမ္မတ၏ဗီတိုအာဏာကို ပယ်ဖျက်ရန် လွှတ်တော်နှစ်ရပ်လုံး၏ ၃ ပုံ ၂ ပုံကထောက်ခံရန် လိုအပ်ရာ ပြီးခဲ့သောမတ်လက လွှတ်တော်သည် ထရမ့်၏ဗီတိုအာဏာကိုပယ်ဖျက်နိုင်ရန် လုံလောက်သောထောက်ခံမှု မရရှိခဲ့သလို ယခုတစ်ကြိမ်တွင်လည်း လုပ်ဆောင်နိုင်ဖွယ် မရှိနိုင်ပေ။
အမေရိကန်လွှတ်တော်သည် ထရမ့်၏ တံတိုင်းတစ်ခုကာရံရေး တောင်းဆိုမှုများကို ဖြည့်ဆည်းပေးရန် ငြင်းဆန်ထားသော် လည်း ခြံစည်းရိုးကာရံခြင်းနှင့် အခြားအတားအဆီးများဆောက်လုပ်ခြင်းအတွက်လိုအပ်သည့် ရံပုံငွေအချို့ကို ခွင့်ပြုထားပြီး ဖြစ်သည်။
ရီပတ်ဗလစ်ကန်နှင့် ဒီမိုကရက်ပါတီနှစ်ရပ်လုံးမှ လွှတ်တော်အမတ်များသည် အမေရိကန်စစ်တပ်၏ တပ်သားများ၊ အရာရှိများနှင့် ၎င်းတို့၏မိသားစုဝင်များအတွက် နေအိမ်များ၊ ကျောင်းများ ဆောက်လုပ်ရန်အပါအဝင် စစ်ဘက်ဆိုင်ရာ ဘက်ဂျက်ငွေအများအပြားကို ထရမ့်က တံတိုင်းကာရံရေးဘက်တွင် ပြောင်းရွှေ့သုံးစွဲနေခြင်းနှင့်ပတ်သက်ပြီး မကျေမနပ် ဖြစ်လျက်ရှိသည်။