- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီးတို့ ကိုဗစ်ရောဂါဖြင့် ဆေးရုံတက် ကုသနေ
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးတို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသဖြင့် ဆေးရုံတက် ကုသမှုခံယူနေကြောင်း အရာရှိတစ်ဦးထံမှ သိရသည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
13 Aug 2021

DMG ၊ သြဂုတ် ၁၃
အငြိမ်းစားဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဇနီးတို့သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရသဖြင့် ဆေးရုံတက် ကုသမှုခံယူနေကြောင်း အရာရှိတစ်ဦးထံမှ သိရသည်ဟု အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ဆေးရုံတွင် နှစ်ပတ်ခန့်ကြာမည်ဟု ယူဆရကြောင်း အဆိုပါအရာရှိက အေပီသို့ ဖြေကြားသည်။
အသက် ၈၈ နှစ်ရှိနေပြီဖြစ်သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် ဇနီးတို့သည် ကိုဗစ်ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် လွန်ခဲ့သည့် သုံးလေးရက်ခန့်မှ စတင်၍ နေပြည်တော်ရှိ သိုက်ချောင်း တပ်မတော်ဆေးရုံတွင် ကုသမှုခံယူနေကြောင်း ဆေးရုံဝန်ထမ်းတစ်ဦးထံမှ သိရသည်ဟု အေပီသတင်းက ဖော်ပြသည်။
၎င်းတို့နှစ်ဦးအား ဆေးရုံ VIP အဆောင်တွင် ကုသပေးနေပြီး လုံခြုံရေး တင်းကြပ်စွာ ချထားသည်ဟုလည်း အဆိုပါ ဆေးရုံဝန်ထမ်းက ပြောသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လက်ရှိ ကျန်းမာရေးအခြေအနေမှာ တည်ငြိမ်ကြောင်း ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် မြန်မာနိုင်ငံကို ၁၉၉၂ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ အုပ်ချုပ်ခဲ့ပြီးနောက် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အရပ်သားတစ်ပိုင်း အစိုးရထံသို့ အာဏာလွှဲပြောင်း ပေးအပ်ခဲ့သည်။
ဆက်စပ်ဖတ်ရှုရန်
- အာဏာသိမ်းမှုအလွန် အစုလိုက်အပြုံလိုက် အသတ်ခံရမှုဖြစ်စဉ် ၂၀ ကျော်တွင် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ဟု ISP Myanmar ထုတ်ပြန်
- စစ်ကောင်စီမှထုတ်ပြန်သည့် သေနတ်ကိုင်ဆောင်ခွင့်မူကြောင့် တိုင်းပြည် ပိုဆိုးသွားနိုင်ဟု သုံးသပ်ကြ
- ရခိုင်စစ်ပွဲ အပစ်ရပ်ထားချိန် စစ်ကောင်စီက အင်အားဖြည့်တင်း
- စစ်တပ်ကဖိအားပေး၍ ရွာလုံးကျွတ်ပြောင်းရွှေ့ပေးခဲ့ရသည့် ဂျိုင်သာကျေးရွာသားများ အခက်အခဲဖြစ်နေရကြောင်းပြော
မြန်မာ့ရေးရာ

မွတ်ဆလင်ဒုက္ခသည်များ ပြန်လည်လက်ခံရန် နောက်ထပ် အမည်ငါးသိန်းခွဲ စစ်ကောင်စီ စိစစ်မည်
By Admin 09 Apr 2025

ငလျင်ဒဏ်အကူအညီအတွက် မြန်မာသို့ရောက်နေသည့် USAID အဖွဲ့ဝင် သုံးဦးလုံး အလုပ်ဖြုတ်ခံရ
By Admin 07 Apr 2025

တစ်ကမ္ဘာလုံးကို အကူအညီ ပေးမနေနိုင်တော့ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော
By Admin 05 Apr 2025

မြန်မာ့ငလျင်အတွက် အမေရိကန် ပျက်ကွက်ချိန်မှာ တရုတ်က ခြေလှမ်းသာသွားခဲ့ပြီ
By Admin 05 Apr 2025
ထိပ်တန်း သတင်းများ
-
ရခိုင်မြို့နယ်အချို့တွင် ငွေကျပ် ၅၀ တန်ကနေ ၂၀၀ တန်ထိ ငွေစက္ကူများ အသုံးမဝင်ဖြစ်နေ၍ ပြည်သူများ အခက်တွေ့
-
စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
-
ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
-
ဌာနဆိုင်ရာဝန်ထမ်း အိမ်ထောင်သည်များကို ULA က ငွေကြေး ထောက်ပံ့ပေးမည်
-
သံတွဲ စစ်ဘေးရှောင်များ စားနပ်ရိက္ခာ ပြတ်လပ်နေ
-
ညောင်းကျိုးကို AA သိမ်းပြီးနောက် ဆင်လန်ရွာတွင် စစ်ကောင်စီ ခံစစ်ပြင်
ဆောင်းပါး
အင်တာဗျူး

"ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
By Admin 11 Apr 2025

“စီးပွားရေး လည်ပတ်နိုင်ဖို့ AA ရော၊ ကုန်သည်တွေရော အားလုံး ကြိုးစားလုပ်ဆောင်နေပါတယ်”
By Admin 25 Mar 2025