- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
တရုတ် ရှန်ဟိုင်းလူဦးရေ၏ ထက်ဝက်ကျော်အထိ ကိုဗစ်ကူးစက်ခံထားရဖွယ်ရှိ
ရွှေကျင်းဆေးရုံကြီး၏ ဒုတိယဥက္ကဌဖြစ်ပြီး ရှန်ဟိုင်းမြို့တော် ကိုဗစ်-၁၉ အကြံပေးဘုတ်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ ချင်အာ့ချန်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
03 Jan 2023
ဓာတ်ပုံ - Reuters
DMG ၊ ဇန်နဝါရီ ၃
နေ့စဉ်နှင့်အမျှ ကိုဗစ်ကူးစက်မှု ပိုမိုဆိုးဝါးလာနေသည့် တရုတ်ပြည်တွင် ရှန်ဟိုင်းမြို့၌ မြို့နေလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်အထိ ကိုဗစ်ရောဂါပိုး ကူးစက်ခံထားရဖွယ်ရှိကြောင်း ဆရာဝန်ကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကားပြီး အစိုးရပိုင်ရုပ်သံက ဇန်နဝါရီလ ၃ ရက်နေ့ သတင်းတစ်ရပ်တွင် ဖော်ပြသည်။
ရွှေကျင်းဆေးရုံကြီး၏ ဒုတိယဥက္ကဌဖြစ်ပြီး ရှန်ဟိုင်းမြို့တော် ကိုဗစ်-၁၉ အကြံပေးဘုတ်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်သူ ချင်အာ့ချန်းက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
မြို့နေလူဦးရေ ၂၅ သန်းရှိသည့် ရှန်ဟိုင်းမြို့တွင် ရှိနေသူအများစုမှာ ကိုဗစ်ကူးစက်ခံထားရကြောင်း သူကပြောသည်။
“ရှန်ဟိုင်းမှာ ကပ်ရောဂါကူးစက်မှုဟာ အလွန်မြင့်တက်နေပြီး မြို့နေလူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းအထိ ရောက်နေလောက်ပါပြီ။ ဒါဟာ (၂၀၂၂ ဧပြီနဲ့ မေလတွေထက်) အဆ ၂၀ ကနေ ၃၀ အထိ ကူးစက်မှု မြင့်တက်သွားတာ ဖြစ်ပါတယ်” ဟု ကွန်မြူနစ်ပါတီအာဘော် သတင်းဌာနကို သူက ဖြေကြားထားသည်။
ရှန်ဟိုင်းသည် ၂၀၂၂ ဧပြီနှင့် မေလအတွင်း ၂ လကြာ မြို့လုံးကျွတ် လော့ဒေါင်းချမှတ်ခြင်း ခံခဲ့ရပြီး ထိုစဉ်က ကူးစက်သူ ၆ သိန်းခန့်အထိ ရှိခဲ့ကာ အများစုမှာ ကွာရန်တင်းစင်တာများတွင် နေထိုင်ခဲ့ရသည်။
လက်ရှိတွင် အိုမီခရွန်မျိုးကွဲသည် အကြီးအကျယ် ပျံ့နှံ့နေပြီး ၂၀၂၃ အစောပိုင်းကာလအတွင်း ကူးစက်မှု အမြင့်ဆုံး အခြေအနေသို့ ရောက်ရှိမည်ဟု လေ့လာသူများက ခန့်မှန်းထားသည်။
အခြားသော တရုတ်မြို့ကြီးများဖြစ်သည့် ဘေကျင်း၊ တီယန်ကျင်း၊ ချုံကင်းနှင့် ကွမ်ကျိုးမြို့များတွင်မူ ကူးစက်မှု အမြင့်ဆုံးကာလကို ဖြတ်ကျော်ခဲ့ပြီဟု ကျန်းမာရေးအရာရှိများက ခန့်မှန်းထားသည်။