- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ပြည်သူသန်းချီ သေဆုံးမှုကို ရှောင်ရှားရန် တာလီဘန်များနှင့် ဆွေးနွေးရမည်ဟု ကုလအတွင်းရေးမှူးချုပ် ပြော
အာဖဂန်နစ္စတန်တွင် စီးပွားရေးပြိုလဲမှုနှင့်အတူ လူပေါင်းသန်းချီ သေဆုံးမှုအထိ ဖြစ်ကောင်း ဖြစ်သွားနိုင်သည်ကို ရှောင်ရှားရန်အတွက် တာလီဘန်တို့နှင့် ဆက်လက်ဆွေးနွေးသွားရန် လိုအပ်သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်သည်။
11 Sep 2021

DMG ၊ စက်တင်ဘာ ၁၁
အာဖဂန်နစ္စတန်တွင် စီးပွားရေးပြိုလဲမှုနှင့်အတူ လူပေါင်းသန်းချီ သေဆုံးမှုအထိ ဖြစ်ကောင်း ဖြစ်သွားနိုင်သည်ကို ရှောင်ရှားရန်အတွက် တာလီဘန်တို့နှင့် ဆက်လက်ဆွေးနွေးသွားရန် လိုအပ်သည်ဟု ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က သတိပေးလိုက်သည်။
ကြာသပတေးနေ့က အေအက်ဖ်ပီသတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှု တစ်ခုတွင် ယခုကဲ့သို့ ဖြေကြားသွားခြင်း ဖြစ်သည်။
“ကျွန်တော်တို့ရဲ့ စည်းမျှဉ်းစည်းကမ်းတွေကို တိုက်ရိုက် အတည်ပြုပြောကြားပြီး အာဖဂန်လူထုနဲ့အတူ တစ်သားတည်း ရပ်တည်တယ်ဆိုတဲ့ ခံစားမှုနဲ့အတူ တာလီဘန်တွေနဲ့ ဆွေးနွေးမှုတွေ ဆက်လက် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်” ဟု သူက ပြောကြားသည်။
“ကျွန်တော်တို့ရဲ့တာဝန်က ငတ်မွတ်မှုကြောင့် လူဦးရေသန်းနဲ့ချီ သေဆုံးရမယ့် အဖြစ်မျိုး ကြုံရနိုင်တဲ့နေရာက အကြီးအကျယ် ဆုံးရှုံးနစ်နာခဲ့ရသူတွေနဲ့အတူ တစ်သားတည်း ရပ်တည်မှုကို တိုးမြှင့်ပြသသွားဖို့ ဖြစ်ပါတယ်” ဟုလည်း သူက ဖြည့်စွက် ပြောကြားခဲ့သည်။
“ဒါတွေဟာ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ အကျိုးစီးပွားအတွက်သာ ဖြစ်ပါတယ်။ တာလီဘန်တွေကို ဒဏ်ခတ်ပိတ်ဆို့ထားတာကို ရုတ်သိမ်းပေးဖို့၊ သူတို့ကို အသိအမှတ်ပြုဖို့ ကျွန်တော်ပြောနေတာ မဟုတ်ပါဘူး။ အာဖဂန်စီးပွားရေး အသက်ရှူရှောင်စေဖို့အတွက် ပစ်မှတ်ထား ဒဏ်ခတ်မှုမျိုးနဲ့ပဲ တာလီဘန်တွေကို အရေးယူကြဖို့ ပြောနေတာပါ” ဟု ကုလအထွေထွေ အတွင်းရေးမှူးက ပြောကြားခဲ့ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။