- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
အမေရိကန်တွင် ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှု ၉ သောင်းကျော် စံချိန်တင်တွေ့ရှိ
အောက်တိုဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံတစ်ဝန်း ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှု ၉၁၂၉၅ ခု စစ်ဆေးတွေ့ရှိရကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြကြသည်။
01 Nov 2020

အောက်တိုဘာ ၂၉ ရက်နေ့ ထုတ်ပြန်ချက်အရ အမေရိကန်နိုင်ငံတစ်ဝန်း ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှု ၉၁၂၉၅ ခု စစ်ဆေးတွေ့ရှိရကြောင်း နိုင်ငံတကာသတင်းများတွင် ဖော်ပြကြသည်။
အဆိုပါကာလအတွင်း သေဆုံးသူစုစုပေါင်းမှာ ၁၀၂၁ ဦးရှိခဲ့သဖြင့် ကပ်ဘေးစတင်ချိန်မှ လက်ရှိအချိန်အထိ အမေရိကန်နိုင်ငံတစ်ဝန်း ဗိုင်းရပ်စ်ကြောင့်သေဆုံးသူ စုစုပေါင်း ၂၂၈၆၂၅ ဦး ရှိသွားပြီဖြစ်သည်။
နိုင်ငံတစ်ဝန်း ကူးစက်မှုများမှာ အောက်တိုဘာ လလယ်ခန့်မှ စတင်ကာ တစ်ကျော့ပြန်မြင့်တက်လျက်ရှိသည်။
ယခင်က မှတ်တမ်းတင်ထားသည့် ကူးစက်မှုအများဆုံးဦးရေမှာ ၈၈၉၇၃ ဖြစ်သဖြင့် ယခုအရေအတွက်သည် စံချိန်တင်ကူးစက်မှုဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။ နိုင်ငံတစ်ဝန်း ကူးစက်မှုစုစုပေါင်း ၉ သန်းနီးပါး ရှိနေပြီဖြစ်သဖြင့် ကမ္ဘာပေါ်တွင် ကူးစက်မှုအများဆုံး နိုင်ငံလည်း ဖြစ်သည်။
အမေရိကန်နိုင်ငံတစ်ဝန်း ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းသာ လိုတော့သည့် အချိန်၌ သမ္မတလောင်း ဂျိုးဘိုင်ဒန်ကလည်း ကျန်းမာရေးကိစ္စကို လက်ရှိသမ္မတထရမ့်၏ အားနည်းချက်အဖြစ် အဓိကပုံဖော်ကာ မဲဆွယ်မှုများ လုပ်ဆောင်လျှက်ရှိသည်။
ကမ္ဘာတစ်ဝန်းတွင် အောက်တိုဘာ ၃၀ ရက် ညပိုင်းအထိ ကိုဗစ်ကူးစက်မှုစုစုပေါင်း ၄၅ သန်း ကျော်သွားပြီဖြစ်သလို သေဆုံးသူစုစုပေါင်း ၁.၁၉ သန်းနီးပါး ရှိနေပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။