- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ကိုဗစ်ကြောင့် အမေရိကန်တွင် သေဆုံးသူ ငါးသိန်းကျော်ပြီ
အမေရိကန်ပြည်ထောင်စုသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးသူ ပထမဆုံး ထွက်ပေါ်ခဲ့သည့်အချိန်မှစ၍ တစ်နှစ်ကျော်အကြာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ အထိ ရောဂါပိုးကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၅၀၀,၀၀၀ အထိ ရှိလာပြီဖြစ်သည်။
24 Feb 2021

အမေရိကန်ပြည်ထောင်စုသည် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် သေဆုံးသူ ပထမဆုံး ထွက်ပေါ်ခဲ့သည့်အချိန်မှစ၍ တစ်နှစ်ကျော်အကြာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့ အထိ ရောဂါပိုးကူးစက်ခံရမှုကြောင့် သေဆုံးသူအရေအတွက်မှာ ၅၀၀,၀၀၀ အထိ ရှိလာပြီဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် နေ့စဉ်ရောဂါပိုးကူးစက်မှုများနှင့် ဆေးရုံတက်ကုသမှုခံယူ မှုများသည် ကျေးဇူးတော်နေ့နှင့် ခရစ္စမတ်အားလပ်ရက်မတိုင်မီ အနိမ့်ဆုံးထိ ကျဆင်းခဲ့သော်လည်း ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုပေါင်း ၂၈ သန်းကျော် အထိရောက်ရှိလာပြီဖြစ်ပြီး တနင်္လာနေ့မွန်းလွဲပိုင်းအထိ လူပေါင်း ၅၀၀,၀၅၄ အသက်ဆုံး ရှုံးခဲ့ရပြီဖြစ်ကြောင်း ရိုက်တာကရရှိသည့် ပြည်သူ့ကျန်းမာရေးစာရင်း တစ်ခုအရ သိရသည်။ ဤနှုန်းထားသည် ဒေသခံ ၆၇၃ ဦးလျှင် တစ်ဦးနှုန်း ကိုဗစ်ကြောင့် သေဆုံးခြင်းဖြစ်သည်။
အမေရိကန် ပြည်ထောင်စုတွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသည့်အရေအတွက်မှာ ကမ္ဘာအရပ်ရပ် သေဆုံးမှုစုစုပေါင်း၏ ၁၉%အထိ ရောက်ရှိလာပြီဖြစ်သည်။ ၎င်းမှာ ကမ္ဘာ့လူဦးရေ၏ ၄% ခန့်ရှိသော အမေရိကန်ပြည်ထောင်စုအတွက် အလွန်ကြီးမားသည့်ပမာဏဖြစ်သည်။
အမေရိကန်ပြည်ထောင်စုတွင် ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းအထိ ကိုဗစ်ကြောင့် သေဆုံးသူ စုစုပေါင်း ၅၁၄,၉၉၆ ဦးရှိနေပြီဖြစ်ကြောင်း Worldometers ဝက်ဘ်ဆိုက်တွင် ဖော်ပြချက်အရ သိရသည်။
ကမ္ဘာတစ်ဝန်းတွင် ဖေဖော်ဝါရီ ၂၄ ရက် နေ့လယ်ပိုင်းအထိ ကိုဗစ်ကူးစက်မှုစုစုပေါင်း ၁၁၂ သန်းခွဲ၊ သေဆုံးသူစုစုပေါင်း ၂.၅ သန်းနီးပါး ရှိသွားပြီဖြစ်သည်။