- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
မြန်မာစစ်တပ်ကို လက်နက်မရောင်းရန်နှင့် ထိရောက်စွာ အရေးယူရန် အမေရိကန် တိုက်တွန်း
မြန်မာစစ်တပ်အား လက်နက်ရောင်းချမှု တားမြစ်ခြင်း၊ စစ်တပ်အတွက် အကျိုးအမြတ်များ ရှာဖွေပေးနေသော ကုမ္ပဏီများအား ဒဏ်ခတ်အရေးယူခြင်း အပါအဝင် ထိရောက်စွာ အရေးယူမှုများ လုပ်ဆောင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်က သောကြာနေ့တွင် တိုက်တွန်းလိုက်သည်။
19 Apr 2021
DMG ၊ ဧပြီ ၁၉
မြန်မာစစ်တပ်အား လက်နက်ရောင်းချမှု တားမြစ်ခြင်း၊ စစ်တပ်အတွက် အကျိုးအမြတ်များ ရှာဖွေပေးနေသော ကုမ္ပဏီများအား ဒဏ်ခတ်အရေးယူခြင်း အပါအဝင် ထိရောက်စွာ အရေးယူမှုများ လုပ်ဆောင်ရန် နိုင်ငံတကာ အသိုင်းအဝိုင်းအား ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်က သောကြာနေ့တွင် တိုက်တွန်းလိုက်သည်။
ကုလကမဂ္ဂ လုံခြုံရေးကောင်စီ၌ သောကြာနေ့က ပြုလုပ်သည့် မြန်မာ့အရေး သီးသန့်ဆွေးနွေးပွဲ၌ သံအမတ်ကြီး လင်ဒါ သောမတ်စ်ဂရင်းဖီးက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
ဤနည်းလမ်းသည် ပြည်သူလူထု၏ လှုပ်ရှားမှုများအား ဖြိုခွင်းနေသည့် မြန်မာစစ်တပ်အား ပြောင်းလဲစေမည့် တစ်ခုတည်းသော နည်းလမ်းဖြစ်ကြောင်းလည်း သူမက ဆိုသည်။
ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာချက်များ ထုတ်ပြန်လိုက်တိုင်း မြန်မာနိုင်ငံတွင်း အကြမ်းဖက်ဖြိုခွင်းမှုများ ပိုမိုပြင်းထန်လာသည်ကိုသာ တွေ့ရကြောင်း သံအမတ်ကြီးက ပြောကြားသည်။
“သူတို့ကို အနိုင်ပေးလိုက်လို့ မဖြစ်ဘူး” ဟု သူမက ဆိုသည်။
မြန်မာစစ်တပ်အား ထိရောက်သော အရေးယူမှု ပြုလုပ်ပေးရန် အမေရိကန်သံအမတ်၏ တိုက်တွန်းချက်အား အက်စတိုးနီးယား၊ နော်ဝေနှင့် အိုင်ယာလန်နိုင်ငံ တို့ကလည်း သဘောတူမှုများ ပြသခဲ့ကြသည်။
မြန်မာနိုင်ငံဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ခရစ္စတင်းဘာဂျီနာအား မြန်မာနိုင်ငံသို့ ဝင်ရောက်ခွင့်ပြုရန် ကုလသမဂ္ဂက တောင်းဆိုထားသော်လည်း မြန်မာအာဏာပိုင်များက ငြင်းပယ်ထားသည်။ ခရစ္စတင်းဘာဂျီနာသည် သောကြာနေ့တွင် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။
ကုလသမဂ္ဂ လက်ထောက်ပြောခွင့်ရပုဂ္ဂိုလ် Farhan Haq ကလည်း ဘာဂျီနာအား မြန်မာနိုင်ငံသို့ ဝင်ခွင့်ပြုရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်က မျှော်လင့်နေဆဲ ဖြစ်ကြောင်း ပြောကြားသည်။