- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို သတိပေးရန် ပထမဆုံးကြိုးစားခဲ့သည့် တရုတ်ဆရာဝန် သေဆုံး
လီဝမ်လျန်ဟုအမည်ရသော အဆိုပါဆရာဝန်သည် ဝူဟန်ဗဟိုဆေးရုံတွင် မျက်စိဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ၎င်း၏လုပ်ဖော်ကိုင်ဖက်ဆရာဝန်များအား ဗိုင်းရပ်စ်အန္တရာယ်နှင့်ပတ်သက်၍ သတိပေးခဲ့ခြင်းသည်။
07 Feb 2020
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုအန္တရာယ်ကို သတိပေးရန် ပထမဆုံးကြိုစားခဲ့သည့် တရုတ်ဆရာဝန်တစ်ဦးသည် ယင်းဗိုင်းရပ်စ် ကူးစက်ခံရပြီးနောက် ဖေဖော်ဝါရီ ၆ ရက်နေ့တွင် သေဆုံးသွားခဲ့ကြောင်း တရုတ်မီဒီယာများတွင် ဖော်ပြထားသည်။
လီဝမ်လျန်ဟုအမည်ရသော အဆိုပါဆရာဝန်သည် ဝူဟန်ဗဟိုဆေးရုံတွင် မျက်စိဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ၎င်း၏လုပ်ဖော်ကိုင်ဖက်ဆရာဝန်များအား ဗိုင်းရပ်စ်အန္တရာယ်နှင့်ပတ်သက်၍ သတိပေးခဲ့ခြင်းသည်။
ဒေါက်တာ လီ က ထိုကဲ့သို့ သတိပေးပြောကြားချိန်တွင် အာဏာပိုင်များက ဗိုင်းရပ်စ်သတင်းကို ဖုံးကွယ်ထားရန် ကြိုးစားနေချိန်ဖြစ်ရာ ရဲများက ၎င်းထံသို့လာပြီး ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်ပြီး ဆက်လက်ပြောကြားမှုများ မပြုလုပ်ရန် တားမြစ်ခဲ့သည်။
လက်ရှိအချိန်တွင် အဆိုပါဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၅၆၀ ဦးခန့်ရှိပြီဖြစ်ပြီး တရုတ်နိုင်ငံအတွင်း ကူးစက်ခံရသူ အရေအတွက်မှာ ၂၈၀၀၀ ခန့်ရှိနေပြီဖြစ်သည်။
အသက် ၃၄ နှစ်အရွယ် ဒေါက်တာလီသည် ၂၀၀၃ ခုနှစ်က ကမ္ဘာတဝမ်းကူးစက်ပျံ့နှံ့ခဲ့သော SARS ဗိုင်းရပ်စ်နှင့် ဆင်တူသည်ဟု ၎င်းယူဆထားသည့် ဗိုင်းရပ်စ်တစ်မျိုး ကူးစက်ခံရမှု ၇ ခုကို စတင်သတိပြုမိခဲ့ခြင်းပြီး ထိုအကြောင်းကို ၎င်းက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ၎င်း၏လုပ်ဖော်ကိုင်ဖက်များကို ဆိုရှယ်မီဒီယာ Chat Group တစ်ခုအတွင်းတွင် စတင်သတိပေးပြောကြားခဲ့သည်။
ထိုသို့ သတိပေးပြီး ၄ ရက်နေမြောက်နေ့မှာပင် ဒေါက်တာလီသည် ပြည်သူ့လုံခြုံရေးဗဟိုဌာန၏ ဆင့်ခေါ်ခြင်းကိုခံခဲ့ရပြီး ၎င်းအနေဖြင့် လူမှုအသိုင်းအဝိုင်းကို မတည်မငြိမ်ဖြစ်စေနိုင်သည့် မှတ်ချက်စကားများပြောမိပါသည်ဟု ဝန်ခံရေးသားထားသော စာတစ်စောင်တွင် လက်မှတ်ရေးထိုးခဲ့ရသည်။
ဒေါက်တာ လီသည် သတင်းအမှားများဖြန့်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သူ ၈ ဦးအနက်မှ တစ်ဦးဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် အာဏာပိုင်များက ၎င်းကိုပြန်လည်တောင်းပန်ခဲ့သည်။
ဒေါက်တာလီသည် သူ၏ထိုဖြစ်စဉ်ကို ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး ဆေးရုံတွင်ကုသမှုခံယူနေရချိန်၌ တရုတ်ဆိုရှယ်မီဒီယာ weibo ပေါ်တွင်တင်ကာ အများပြည်သူကို အသိပေးခဲ့ခြင်းဖြစ်သည်။
ဒေါက်တာလီသည် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် ချောင်းစတင်ဆိုးလာခဲ့ပြီး နောက်တစ်ရက်တွင် အဖျားရှိလာခဲ့ကာ နောက်ထပ် ၂ ရက်အကြာ၌ ဆေးရုံတက်၍ကုသမှုခံယူခဲ့ရသည်။ ဇန်နဝါရီလ၊ ၃၀ ရက်နေ့တွင်မူ ၎င်းတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပြီဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ကုသမှုများခံယူခဲ့သော်လည်း ဖေဖော်ဝါရီ ၆ ရက်နေ့တွင် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဒေါက်တာလီသည် ဇန်နဝါရီလဆန်းပိုင်းက ရေတိမ်ဝေဒနာသည် အမျိုးသမီးတစ်ဦးကို ကုသပေးခဲ့ရာ ထိုအမျိုးသမီးမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို မသိရှိဘဲ ကုသမိခဲ့ရာမှတစ်ဆင့် ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရခြင်းဖြစ်သည်ဟု ယူဆရသည်။
ဆက်စပ်သတင်းများ -
ကိုရိုနာဗိုင်းရပ်စ် ကူးစက်သူအရေအတွက် ဆားစ်ရောဂါကူးစက်စဉ်ကထက် ကျော်လွန်မြင့်တက်
ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုအား အရေးပေါ်အခြေအနေအဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ကြေညာ