- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကျန်းမာရေးသတင်းပေးများအား အကာအကွယ်ပေးမည့် ဥပဒေသစ် တရုတ်ပြဌာန်း
ကိုဗစ်-၁၉ကပ်ရောဂါ စတင်ဖြစ်ပွားသည့် အဦးအစတွင် သတိပေးခဲ့သည့် အတွက် တရုတ်ဆရာဝန်တစ်ဦး အပြစ်ပေးခံရပြီးနောက် လများစွာအကြာတွင် ဘေဂျင်းမြို့တော်အစိုးရသည် ထိခိုက်နစ်နာမှု မရှိစေသော ကျန်းမာရေးသတင်းပေးများအား ဥပဒေအသစ်အရ အကာအကွယ်ပေးမည်ဟု ထုတ်ပြန်လိုက်သည်။
30 Sep 2020
ကိုဗစ်-၁၉ကပ်ရောဂါ စတင်ဖြစ်ပွားသည့် အဦးအစတွင် သတိပေးခဲ့သည့်အတွက် တရုတ်ဆရာဝန်တစ်ဦး အပြစ်ပေးခံရပြီးနောက် လများစွာအကြာတွင် ဘေဂျင်းမြို့တော်အစိုးရသည် ထိခိုက်နစ်နာမှု မရှိစေသော ကျန်းမာရေးသတင်းပေးများအား ဥပဒေအသစ်အရ အကာအကွယ်ပေးမည်ဟု ထုတ်ပြန်လိုက်သည်။
မျက်စိအထူးကုဆရာဝန် လီဝမ်လျန်းသည် ပြီးခဲ့သည့်နှစ်နှောင်းပိုင်းတွင် ကိုရိုနာဗိုင်းရပ်စ်ပထမဆုံးအကြိမ် စတင်ဖြစ်ပွားရာ ဝူဟန်မြို့တွင် အဆိုပါကူးစက်ရောဂါဖြင့်ပင် သေဆုံးသွားပြီးနောက် ပြည်သူလူထု၏ ဒေါသ ထွက်ပေါက်ကွဲမှုကို တရုတ်ခေါင်းဆောင်များအနေဖြင့် ရှားရှားပါးပါး ရင်ဆိုင်ခဲ့ကြရသည်။
လီသည် ကူးစက်မှုအသစ်ကို အာဏာပိုင်များအား သတိပေးရန် ကြိုးပမ်းခဲ့သော်လည်း “ကောလာဟလ ပြန့်ပွားစေသည်” ဟုဆိုကာ ပယ်ချခြင်းခံခဲ့ရသည်။
ဝူဟန်မြို့ရှိ အခြားကျန်းမာရေးသတင်းပေးများသည်လည်း ရောဂါဖြစ်ပွားမှုအခြေအနေကို အထက်လူကြီးများ၏ ခွင့်ပြုချက်မယူဘဲ ထုတ်ဖော်ပြောဆိုခဲ့ခြင်းအတွက် အစိုးရအရာရှိများ၏ အပြစ်ပေးခြင်းခံခဲ့ရကြောင်း နောက်ပိုင်းတွင် တရုတ်မီဒီယာများအား ပြောကြားခဲ့သည်။
သောကြာနေ့တွင် အသက်ဝင်မည့် ဘေဂျင်းဥပဒေအသစ်တွင် လျို့ဝှက်သတင်းပေးသည့် မည်သူမဆိုအား နောက်ပိုင်းတွင် အမည်ထုတ်ဖော် ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ဒဏ်ကြေးငွေမပေးဆောင်စေရဟု ဖော်ပြထား သည်။
သို့စေကာမူ စည်းမျဉ်းသစ်များသည် အရေးပေါ်ကျန်းမာရေးအခြေအနေ ဖွံ့ဖြိုးတိုးတက်ရေးနှင့် သက်ဆိုင်သည့် သတင်းတု၊ သတင်းမှားများအား ရည်ရွယ်ချက်ရှိရှိဖြန့်ဝေခြင်းကိုမူ သက်ရောက်စေလိမ့်မည်မဟုတ်ကြောင်း အစိုးရ၏ စနေနေ့က ထုတ်ပြန်ကြေညာချက်အရ သိရသည်။
ဇန်နဝါရီလတွင် ကနဦးရောဂါဖြစ်ပွားခဲ့စဉ်ကတည်းက တရုတ်အာဏာပိုင်များသည် ကိုဗစ်-၁၉ ရောဂါ ကောလာ ဟလများ ပြန့်ပွားခဲ့ခြင်းအား စုံစမ်းစစ်ဆေးခြင်း၊ နိုင်ငံတစ်ဝန်း ပြည်သူရာပေါင်းများစွာအား ထိန်းသိမ်းခြင်း စသော နှိမ်နင်းမှုများ ဆောင်ရွက်ခဲ့သည်။