- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
တရုတ်ရေတပ်အင်အားတိုးချဲ့မှုကို ယှဉ်ပြိုင်ရန် ဒေါ်လာ ၂.၂ ဘီလျံတန်ဖိုးရှိ ကမ္ဘာ့အဆင့်မြင့်ဆုံး ရေငုတ်သင်္ဘောများ အမေရိကန်တည်ဆောက်
ပစိဖိတ်ဒေသမှ အမေရိကန်ရေတပ်အကြီးအကဲက တရုတ်တို့သည် စစ်သင်္ဘောအမြောက်အများ တည်ဆောက်လျက်ရှိပြီး အမေရိကန်တို့တွင် ယင်းသင်္ဘောများကို ရင်ဆိုင်ရန် ရေငုပ်သင်္ဘော အလုံအလောက်မရှိသေးကြောင်း သတိပေးပြောကြားခဲ့ပြီး လအနည်းငယ်အကြာတွင် ယခုရေငုပ်သင်္ဘောတည်ဆောက်မည့် စာချုပ်
04 Dec 2019
အမေရိကန်ရေတပ်သည် တရုတ်တို့၏ရေတပ်အင်အားတိုးချဲ့လာမှုကို ယှဉ်ပြိုင်နိုင်ရန်အတွက် ၎င်း၏သမိုင်းတစ်လျှောက် ကုန်ကျစရိတ်အမြင့်ဆုံး စစ်သင်္ဘောတည်ဆောက်ရေး သဘောတူစာချုပ်တစ်ရပ်ကို ချုပ်ဆိုလိုက်ကြောင်း CNN သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
ယင်းစာချုပ်အရ အမေရိကန်ဒေါ်လာ ၂.၂ ဘီလျံကျော်တန်ဖိုးရှိသည့် ကမ္ဘာ့အဆင့်မြင့်ဆုံး နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေးရေငုပ်သင်္ဘော ၉ စီးကို ၎င်းတို့၏ ကန်ထရိုက်တာက တည်ဆောက်ပေးသွားမည်ဖြစ်သည်။
ပစိဖိတ်ဒေသမှ အမေရိကန်ရေတပ်အကြီးအကဲက တရုတ်တို့သည် စစ်သင်္ဘောအမြောက်အများ တည်ဆောက်လျက်ရှိပြီး အမေရိကန်တို့တွင် ယင်းသင်္ဘောများကို ရင်ဆိုင်ရန် ရေငုပ်သင်္ဘော အလုံအလောက်မရှိသေးကြောင်း သတိပေးပြောကြားခဲ့ပြီး လအနည်းငယ်အကြာတွင် ယခုရေငုပ်သင်္ဘောတည်ဆောက်မည့် စာချုပ်ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။
'' တရုတ်ရေတပ်ရဲ့အစီအစဉ်တွေက ပိုကောင်းပြီး ပိုကြီးမားလာတာကြောင့် အမေရိကန်ရေတပ်အနေနဲ့လည်း တုံ့ပြန်ဆောင်ရွက်ဖို့လိုလာပါတယ်။ ဒါဟာတရုတ်ကို ရန်သူတစ်ဦးလို့ သတ်မှတ်လိုက်တာ မဟုတ်ပါဘူး။ ဒါပေမဲ့ တရုတ်တို့ရဲ့လုပ်ဆောင်ချက်တွေကို စောင့်ကြည့်ဖို့တော့လိုပါတယ် '' ဟု အမေရိကန်ရေတပ်မှ ဒါရိုက်တာဟောင်းတစ်ဦးက ပြောကြားသည်။
ယခုတည်ဆောက်သွားမည့် ရေငုပ်သင်္ဘော ၉ စီးသည် အမေရိကန်ရေတပ်၏ နျူကလီးယားစွမ်းအင်သုံး တိုက်ခိုက်ရေး ရေငုပ်သင်္ဘော SSN-774 အဆင့်ရေငုပ်သင်္ဘောများဖြစ်သည်။ ယင်းအဆင့်ရေငုပ်သင်္ဘောများသည် အခြားရေငုပ်သင်္ဘောများကို တိုက်ခိုက်နိုင်သလို ရေမျက်နှာပြင်ပေါ်မှသင်္ဘောများ၊ ကုန်းမြေပေါ်မှပစ်မှတ်များကိုလည်း တိုက်ခိုက်နိုင်စွမ်းရှိသည်။ ထို့ပြင် အချက်အလက်များစုဆောင်းခြင်း၊ ထောက်လှမ်းခြင်းတို့ အပါအဝင် အထူးစစ်ဆင်ရေးများကိုလည်း ဆောင်ရွက်နိုင်စွမ်းရှိသည်။
အမေရိကန်ရေတပ်တွင် SSN-774 ရေငုပ်သင်္ဘော ၁၈ စီးပိုင်ဆိုင်ထားပြီး ၁၀ စီးမှာလည်း တည်ဆောက်ဆဲအဆင့်များတွင် ရှိနေသည်။
သို့သော် ယခုနောက်ထပ်တည်ဆောက်သွားမည့် ၉ စီးမှာမူ ယခင် SSN-774 များထက် ပိုမို၍ စွမ်းဆောင်ရည်မြင့်မားမည် ဖြစ်သည်။
အသစ်တည်ဆောက်မည့် SSN-774 ရေငုပ်သင်္ဘော ၉ စီးသည် အရွယ်အစားပိုကြီးပြီး ပိုရှည်မည်ဖြစ်သလို ပစ်လွှတ်နိုင်မည့် ဒုံးကျည်အရေအတွက်မှာလည်း ယခင်ပုံစံဟောင်းများထက် ပို၍များမည်ဖြစ်သည်။ လက်ရှိ SSN-774 များသည် အလေးချိန် ၇၈၀၀ တန်၊ အရှည် ၃၇၇ ပေ ရှိပြီး တိုမာဟော့ခ်ပဲ့ထိန်းဒုံးကျည် ၁၂ စင်းအထိ ပစ်ခတ်နိုင်သည်။
အသစ်တည်ဆောက်မည့် SSN-774 ၉ စီးမှာမူ အလေးချိန် ၁၀၂၀၀ တန်၊ အရှည် ၄၆၉ ပေ ရှိပြီး တိုမာဟော့ခ် ပဲ့ထိန်းဒုံးကျည် ၄၀ စင်းအထိ ပစ်ခတ်နိုင်မည်ဖြစ်သည်။
ထို့ပြင် ယင်းအမျိုးအစားရေငုပ်သင်္ဘောများသည် ရေနှင့်အောက်ဆီဂျင်ကို ကိုယ်တိုင်ထုတ်လုပ်နိုင်ပြီး ရေပေါ်ပြန်တက်ရန်မလိုဘဲ ရေအောက်တွင် လနှင့်ချီ၍နေနိုင်သည်။
အဆင့်မြှင့်တင်ထားသည့် SSN-774 ၉ စီးကို ကွန်နက်တီကတ်ပြည်နယ်အခြေစိုက် General Dynamics Electric Boat ကုမ္ပဏီက အဓိကတာဝန်ယူပြီး လူအင်အား ၄၀၀၀ လောက်အထိအသုံးပြုကာ တည်ဆောက်သွားမည်ဖြစ်ပြီး
စာချုပ်အရ ၂၀၂၅ ခုနှစ်မှ ၂၀၂၉ ခုနှစ်အတွင်းတွင် အမေရိကန်ရေတပ်သို့ အပ်နှံရမည်ဖြစ်သည်။