- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
ကိုရိုနာ စတင်တွေ့ရှိရာ ဝူဟန်မြို့တွင် ကူးစက်မှုအသစ် ထပ်တွေ့သဖြင့် တစ်မြို့လုံးကို ကိုဗစ်စစ်မည်
တစ်နှစ်ကျော်ကာလအတွင်း ဝူဟန်တွင် ပထမဆုံးအကြိမ်အဖြစ် ဒေသတွင်း ကိုဗစ်ကူးစက်မှု စစ်ဆေး တွေ့ရှိရသဖြင့် တစ်မြို့လုံးကို ကိုဗစ်စစ်ဆေးရန် စီစဉ်နေကြောင်း ဝူဟန်အာဏာပိုင်များက သြဂုတ်လ ၃ ရက် အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
04 Aug 2021
DMG ၊ ဩဂုတ် ၄
တစ်နှစ်ကျော်ကာလအတွင်း ဝူဟန်တွင် ပထမဆုံးအကြိမ်အဖြစ် ဒေသတွင်း ကိုဗစ်ကူးစက်မှု စစ်ဆေး တွေ့ရှိရသဖြင့် တစ်မြို့လုံးကို ကိုဗစ်စစ်ဆေးရန် စီစဉ်နေကြောင်း ဝူဟန်အာဏာပိုင်များက သြဂုတ်လ ၃ ရက် အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။
မြို့နေလူထု ၁၁ သန်း လုံးအား ကိုဗစ်စစ်ဆေးရန် ပြင်ဆင်နေကြောင်း ဝူဟန် အကြီးတန်းအရာရှိ တစ်ဦးက သြဂုတ်လ ၃ ရက်နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။
ဝူဟန်တွင် ရွှေ့ပြောင်းလုပ်သား ခုနစ်ဦး၌ ကိုဗစ်ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိထားကြောင်း အာဏာပိုင်များက တနင်္လာနေ့တွင် ကြေညာခဲ့သည်။ ဝူဟန်တွင် ၂၀၂၀ အစောပိုင်းက တစ်မြို့လုံးကို လော့ဒေါင်းချကာ ကူးစက်မှုများအား ထိထိရောက်ရောက် ထိန်းချုပ်ခဲ့သည့် နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကိုဗစ်ကူးစက်မှု ပြန်လည်တွေ့ရှိရခြင်းလည်း ဖြစ်သည်။
တရုတ်တွင် ကိုဗစ်ကူးစက်မှုများ တွေ့ရှိပါက တစ်မြို့လုံးကို ပိတ်ဆို့ခြင်း၊ မြို့တွင်း သယ်ယူပို့ဆောင်ရေးများ ရပ်ဆိုင်းခြင်းမျိုး ပြုလုပ်ပြီး တစ်မြို့လုံးအတိုင်းအတာဖြင့် ကိုဗစ်စစ်ဆေးမှုများ ပြုလုပ်လေ့ရှိသည်။
နန်ကျင်းရှိ လေဆိပ်သန့်ရှင်းရေး ဝန်ထမ်းများထံတွင် ပြင်းထန် ဒဲလ်တာ ကိုဗစ်မျိုးကွဲ ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် တရုတ်နိုင်ငံတစ်ဝန်းတွင် ကူးစက်မှုများ တစ်ကျော့ပြန် ဖြစ်ပွားလျက်ရှိသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ပြည်တွင်းကူးစက်သူ ၆၁ ဦး တွေ့ရှိထားကြောင်း တရုတ်အာဏာပိုင်များက အင်္ဂါနေ့တွင် ထုတ်ပြန်ထားသည်။