- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
ရန်ကုန်ရှိ ဆောက်လုပ်ရေးစီမံကိန်းအား ရပ်ဆိုင်းရန် ဂျပန်ကို လူ့အခွင့်အရေး အဖွဲ့များ တိုက်တွန်း
မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို ဖျက်သိမ်းပေးရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များက ဂျပန်အား ဇူလိုင်လ ၁၅ ရက်နေ့တွင် တောင်းဆိုလိုက်သည်။
15 Jul 2021

DMG ၊ ဇူလိုင် ၁၅
မြန်မာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်း ဆောင်ရွက်နေသည့် ဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို ဖျက်သိမ်းပေးရန် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များက ဂျပန်အား ဇူလိုင်လ ၁၅ ရက်နေ့တွင် တောင်းဆိုလိုက်သည်။
ဂျပန် ပုဂ္ဂလိကကုမ္ပဏီများနှင့် အစိုးရဌာနတစ်ခုသည် ရွှေတိဂုံဘုရားလမ်းနှင့် ဦးဝိစာရလမ်းထောင့်ရှိ မြန်မာ့ကာကွယ်ရေးဝန်ကြီးဌာနပိုင်မြေ ၃.၉၅ ဧကပေါ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်းများစွာ တန်ဖိုးရှိသည့် ဟိုတယ်တစ်လုံးနှင့် ရုံးခန်းများ ဈေးဆိုင်များ ပါဝင်မည့် စီမံကိန်းတစ်ခုကို ဆောင်လုပ်လျက်ရှိသည်။
အဆိုပါ Y Complex စီမံကိန်းတွင် ရုံးခန်းများ၊ ဆိုင်ခန်းများနှင့် ကြယ်ငါးပွင့် ဟိုတယ်တစ်လုံး ပါဝင်မည်ဖြစ်ကာ အမေရိကန်ဒေါ်လာ သန်း ၃၃၀ ခန့် ကုန်ကျမည်ဟု ခန့်မှန်းရသည်။ မြန်မာစစ်တပ်က ထိန်းချုပ်ထားသည့် ကာကွယ်ရေးဝန်ကြီးဌာနသည် မြေယာငှားရမ်းခများ မှတစ်ဆင့် ဤစီမံကိန်းမှ အကျိုးအမြတ်များ ရရှိနေကြောင်း လူ့အခွင့်အရေး အဖွဲ့များက ပြောသည်။
ဂျပန်သည် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ဆောင်မှုများနှင့် ပတ်သက်သည့် အန္တရာယ်အလားအလာကို ဆန်းစစ်ရန် ပျက်ကွက်ခဲ့သည်ဟု Human Rights Watch အပါအဝင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသည့် အဖွဲ့များက ပြောသည်။
Mekong Watch အဖွဲ့၏ စီမံခန့်ခွဲရေးမှူး ယုကာကီဂုချီ ကလည်း “ဂျပန်ရဲ့ အများပြည်သူရန်ပုံငွေတွေ တပ်မတော်လက်ထဲ အဆုံးသတ်သွားမယ့် အရေးကို ကျွန်မတို့ ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်” ဟု ပြောသည်။
ဂျပန်အစိုးရနှင့် ဂျပန်ကုမ္ပဏီများကမူ ကြားခံမှတစ်ဆင့် ပေးအပ်နေသော ငှားရမ်းခသည် မြန်မာစစ်တပ်ထံသို့ မရောက်ဘဲ အစိုးရထံသို့ တိုက်ရိုက်ရောက်ရှိသည်ဟု ယူဆကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားခဲ့သည်။