ကိုဗစ်ကပ်ဘေး အမြစ်မပြတ်ဘဲ တုပ်ကွေးကဲ့သို့ နှစ်စဉ်ဖြစ်နေကျပုံစံ အသွင်ပြောင်းသွားနိုင်ခြေ ရှိနေ

ကိုဗစ်-၁၉ ရောဂါသည် အမြစ်ပြတ်ပျောက်ကွယ်မသွားဘဲ တုပ်ကွေးရောဂါကဲ့သို့ နှစ်စဉ် ဖြစ်ပွားနေကျ အသွင် ပြောင်းသွားနိုင်ခြေ ရှိနေကြောင်း ယူကေ သိပ္ပံအကြံပေး ပညာရှင်တစ်ဦးက ပြောကြားလိုက်သည်။

By Foreign Desk 26 Oct 2020

(ဓာတ်ပုံ - Getty Images)

ကိုဗစ်-၁၉ ရောဂါသည် အမြစ်ပြတ်ပျောက်ကွယ်မသွားဘဲ တုပ်ကွေးရောဂါကဲ့သို့ နှစ်စဉ် ဖြစ်ပွားနေကျ အသွင် ပြောင်းသွားနိုင်ခြေ ရှိနေကြောင်း ယူကေ သိပ္ပံအကြံပေး ပညာရှင်တစ်ဦးက ပြောကြားလိုက်သည်။

နိုင်ငံအချို့တွင် အလားအလာရှိသော ကုသဆေးများအား စမ်းသပ်နေကြပြီဖြစ်သော်လည်း ထိုဆေးများသည် ဗိုင်းရပ်စ်ကို အမြစ်ပြတ်တိုက်ဖျက်နိုင်ခြေ မရှိဟု ပက်ထရစ်ဗဲလန့်စ်က CNBC သတင်းဌာနသို့ ဖြေကြားသည်။

အမှန်တကယ် ထိရောက်စွာ အမြစ်ဖြတ်နိုင်ခဲ့သည်မှာ ရေကျောက်ရောဂါကုသဆေး တစ်မျိုးသာ ရှိသေးသည်ဟု သူကဆိုသည်။

 “သေချာပေါက်တော့ မပြောနိုင်ဘူး။ ဒါပေမဲ့ ကူးစက်မှုကို အမှန်တကယ်အမြစ်ဖြတ်နိုင်တဲ့ ကုသဆေး ရလာမယ်တော့ သိပ်မထင်ဘူး။ ရောဂါက ပုံမှန်ဖြစ်နေကျ ပုံစံမျိုး အသွင်ပြောင်းသွားမယ်လို့ပဲ ကျွန်တော်တော့ယူဆတယ်” ဟု အမျိုးသားလုံခြုံရေး မဟာဗျူဟာကော်မတီအား ပြောကြားသည်။

ကမ္ဘာတစ်ဝန်းရှိ ဇီဝနည်းပညာ ကုမ္ပဏီများနှင့်  သုတေသနအဖွဲ့အစည်းများသည် ကိုဗစ်ကုသဆေး ထုတ်လုပ်နိုင်ရန် အပူတပြင်း အားထုတ်နေကြသည်။

ယခင်အတွေ့အကြုံများအရ ကုသဆေးတစ်ရပ်ကို ဖန်တီးရန် ပျမ်းမျှ ၁၀ နှစ်ခန့်စီ ကြာမြင့်လေ့ရှိပြီး ၅ နှစ်ထက် ပိုမြန်သော ထုတ်လုပ်မှု တစ်ခါမှု မရှိခဲ့ဖူးဟု ဗဲလန့်စ်က ပြောသည်။

ကမ္ဘာတစ်ဝန်းတွင် အောက်တိုဘာလ ၂၆ ရက်နေ့အထိ အတည်ပြုထားသော ကိုဗစ်ကူးစက်မှု စုစုပေါင်း ၄၃ သန်း ရှိသွားပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်းတက္ကသိုလ်က ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ သေဆုံးသူစုစုပေါင်းမှာ ၁၁ သန်းခွဲအထိ ရှိသွားပြီဖြစ်သည်။