- စစ်မှုထမ်းဥပဒေကြောင့် အမျိုးသမီးများ အခွင့်အရေးဆုံးရှုံးလာ
- ရခိုင်ရေပိုင်နက်ထဲ ခိုးဝင်ငါးဖမ်းနေမှုများကို ထိရောက်စွာကိုင်တွယ်ရန် လိုအပ်နေ
- ရန်ကုန်သည် ကမ္ဘာ့လေထု ညစ်ညမ်းမှု အဆင့် ၂ နေရာတွင် ရှိနေ
- ဆေးကုသခွင့်ခက်ခဲ၍ ရခိုင်က ကင်ဆာရောဂါသည်များ အသက်သေဆုံးမှုရှိနေ
- ဂွတွင် စစ်ကျန်ဗုံးသီးတစ်လုံးကို ထုခွဲဆော့ကစားမိရာမှ ပေါက်ကွဲမှုဖြစ်၍ ၃ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာရ
မြန်မာစစ်တပ်ကို ဂျာမနီမှာ တရားစွဲဆို
၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ခေါင်းဆောင်များ ကျူးလွန်ခဲ့သည့် ပြစ်မှုများအပါအဝင် ၂၀၁၇ ခုနှစ်က မွတ်ဆလင်များအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
24 Jan 2023
ဓာတ်ပုံ - AP
လူ့အခွင့်အရေး လှုပ်ရှားနေသည့် Fortify Rights အဖွဲ့နှင့် မြန်မာနိုင်ငံမှ ၁၆ ဦးတို့ စုပေါင်းပြီး ဂျာမနီတရားရုံးတွင် မြန်မာစစ်တပ်ကို တရားစွဲဆိုထားကြောင်း Fortify Rights အဖွဲ့က အင်္ဂါနေ့တွင် ကြေညာလိုက်သည်။ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း မြန်မာစစ်တပ်ခေါင်းဆောင်များ ကျူးလွန်ခဲ့သည့် ပြစ်မှုများအပါအဝင် ၂၀၁၇ ခုနှစ်က မွတ်ဆလင်များအပေါ် ကျူးလွန်ခဲ့သည့် ရာဇဝတ်မှုများအတွက် တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်။
“နှစ်ဘက်လုံးရှိ ရာဇဝတ်မှုများနှင့် ဆက်နွယ်နေသူများသည် တာဝန်ယူမှုရှိရမည်” ဟု Fortify Rights အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဖွဲ့နှင့်အတူ ပူးပေါင်းပြီး တရားစွဲဆိုသူ ၁၆ ဦးများတွင် ၂၀၁၇ ခုနှစ်က ကြမ်းကြုတ်ရက်စက်မှုဒဏ်ကို ရင်ဆိုင်ခဲ့ရသည့် မွတ်ဆလင်များ၊ ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ရင်ဆိုင်ခဲ့ရသည့် ကျောင်းသား၊ ပညာရှင်၊ လယ်သမား၊ ရပ်ကျေးဥက္ကဌများနှင့် အိမ်ရှင်မများ ပါဝင်သည်ဟု Fortify Rights ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပူးတွဲတင်ပြထားသည့် သက်သေများတွင် အသက်ရှင်ကျန်ရစ်သူများနှင့် အင်တာဗျူးများ၊ မြန်မာစစ်တပ်နှင့် တပ်မှထွက်ပြေးလာသူများ ထံမှ ပေါက်ကြားလာသည့် အချက်အလက်များ၊ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေးမှူးများနှင့် အခြားအဖွဲ့အစည်းများ ထုတ်ပြန်ထားသည့် အစီရင်ခံစာများ ပါဝင်သည်ဟု အဖွဲ့၏ပြောကြားချက်အရ သိရသည်။
အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ ကျူးလွန်ခြင်းများအတွက် ပြစ်မှုများသည် နိုင်ငံတကာ အသိုင်းအဝိုင်း တစ်ခုလုံးကို ကိုယ်စားပြုနိုင်လောက်သည်အထိ ကြီးမားနေလျှင် ၎င်းတို့ကို ဒေသ၊လူမျိုးမရွေး အပြည်ပြည်ဆိုင်ရာ တရားရုံးများ၌ တရားစွဲဆိုခွင့်ရှိသည်ဟု Fortify Rights အဖွဲ့ ပူးတွဲထူထောင်သူနှင့် အတွင်းရေးမှူး မက်သယူးစမစ်က ပြောကြားသည်။
မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုရုံး (ICC) နှင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တို့တွင်လည်း လူမျိုးတုံးသတ်ဖြတ်မှုဖြင့် တရားစွဲဆိုထားကာ စုံစမ်းစစ်ဆေးလျက်ရှိသည်။ ၎င်းတို့ကို အာဂျင်တီးနား၊ တူရကီနှင့် ယခု ဂျာမနီ နိုင်ငံတကာတရားရုံးများတွင်လည်း ထပ်မံတရားစွဲဆိုထားသည်။