- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘောမိရွာ သိမ်းပိုက်ခံရပြီးနောက် ရွှေသောင်ယံနှင့် သာပေါင်းတွင် စစ်ကောင်စီ အင်အားတိုးချဲ့
ဘောမိကျေးရွာကျသွားပြီးနောက် စစ်ကောင်စီတပ်သည် ရွှေသောင်ယံမြို့သို့ တပ်ဆုတ်သွားခဲ့ပြီး ရွှေသောင်ယံနှင့် သာပေါင်းမြို့တွင် အင်အားတိုးချဲ့ကာ လုံခြုံရေးကိုလည်း တင်းကြပ်ထားကြောင်း သိရသည်။
20 Jan 2025
DMG ၊ ဇန်နဝါရီ ၂၀
ဧရာဝတီတိုင်း၊ ပုသိမ်းမြို့နယ်၊ ရွှေသောင်ယံမြို့အနီးတွင်ရှိသည့် ဘောမိကျေးရွာကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များက ဇန်နဝါရီလ ၁၈ ရက်တွင် အပြီးသတ်သိမ်းပိုက်လိုက်ကြောင်း သိရသည်။
စစ်ကောင်စီက အမြောက်တပ်အပါအဝင် အင်အားအလုံးအရင်းဖြင့် တပ်စွဲထားသည့် ဘောမိကျေးရွာကို အာရက္ခတပ်တော်နှင့်ပူးပေါင်းအဖွဲ့များက ဇန်နဝါရီ ၁၃ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် ဇန်နဝါရီ ၁၈ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ဘောမိကျေးရွာကျသွားပြီးနောက် စစ်ကောင်စီတပ်သည် ရွှေသောင်ယံမြို့သို့ တပ်ဆုတ်သွားခဲ့ပြီး ရွှေသောင်ယံနှင့် သာပေါင်းမြို့တွင် အင်အားတိုးချဲ့ကာ လုံခြုံရေးကိုလည်း တင်းကြပ်ထားကြောင်း သိရသည်။
“ဘောမိကျသွာတာကြောင်း စစ်ကောင်စီကတပ်တွေက ရွှေသောင်ယံမြို့ပေါ်မှာ အင်အားစုပြီးတော့ ခံစစ်ပြင် နေတာရှိတယ်။ မြို့အဝင်/အထွက်တွေကိုလည်း တော်တော်လည်းကို တင်းကြပ်ထားတယ်။ မြို့ခံတ ချို့ကလည်း တိုက်ပွဲမြို့ပေါ်ရောက်လာမှာ စိုးရိမ်ပြီး စစ်ဘေးတိမ်းရှောင်မှုတွေ ရှိကြတယ်” မြေပြင်အခြေ အနေကို သိရှိသူဒေသခံတစ်ဦးက ပြောသည်။
ဘောမိတိုက်ပွဲအတွင်း စစ်ကောင်စီ၏ သံချပ်ကား ၃ စီးအပါအဝင် စစ်အသုံးဆောင်ပစ္စည်းများ၊ လက်နက်ခဲယမ်း အများအပြားနှင့် စစ်သုံ့ပန်းများလည်း ဖမ်းဆီးရမိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ယင်းအပြင် တိုက်ပွဲအတွင်း ဒဏ်ရာရရှိသွားခဲ့သည့် စစ်ကောင်စီတပ်သား ၆၀ ခန့်ကိုလည်း စစ်ကောင်စီက ချောင်းသာမြို့သို့ ပို့ဆောင်ထားခဲ့ပြီး ယင်းမှတစ်ဆင့် အနောက်တောင်ပိုင်း စစ်ဌာနချုပ် (နတခ)၏ မဆရ (၄) သို့ ပို့ဆောင်လိုက်သည်ဟု ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ PSTF က ထုတ်ပြန်ခဲ့သည်။
စစ်ကောင်စီသည် လက်လွှတ်ခဲ့ရသည့် ဘောမိကျေးရွာကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည့်အတွက် တစ်ရွာလုံးနီးပါး မီးလောင်ကျွမ်းသွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။
“သာပေါင်း - မကျည်ဇင်ကားလမ်းပေါ်မှာ စစ်ကောင်စီက အင်အားဖြည့်တင်းပြီးတော့ ခံစစ်ပြင်နေတာ တွေရှိတယ်။ ကြက်သွန်ကွင်းဂိတ်မှာဆိုရင် စစ်သားရော၊ ရဲတွေရော အင်းအားတိုးချထားပြီးတော့ ကတုတ်ကျင်းတွေ၊ ဘန်ကာတွေ တည်ဆောက်နေကြတာ။ မြို့တွင်းမှာလည်း လူအဝင်အထွက်တွေ၊ ဧည့်စာရင်းစစ်တာတွေကအစ တော်တော်လည်းကို တင်းကြပ်မှုရှိလာတယ်” ဟု သာပေါင်းမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်ဒေသခံတစ်ဦးက ပြောသည်။
အာရက္ခတပ်တော်သည် ဂွမြို့နယ်တစ်ခုလုံးကို ဒီဇင်ဘာ ၂၉ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီးနောက် နယ်စပ်တကြော စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ကာ ဧရာဝတီအထိ ထိုစစ်ဆင်လာနေခြင်းဖြစ်သည်။