- တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
- တရုတ် လက်နက်ကိုင်ကြေးစားတပ်ဖွဲ့ဝင် ၂၇ ဦးကို Power China စက်ရုံတွင် အခြေချထား
- ညောင်ကျိုး ကျပြီးနောက် ကပစ စက်ရုံများတွင် စစ်ကောင်စီ လုံခြုံရေးတိုးမြှင့်
- နောက်နှစ် အိဒ်ပွဲတော်ကို ရခိုင်ပြည်တွင် ကျင်းပရအောင် ကြိုးပမ်းပေးမည်ဟု မွတ်ဆလင်ဒုက္ခသည်များကို မိုဟာမက်ယူနွတ်ပြော
- ULA ပညာရေးဌာနတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းများ ဖိတ်ခေါ်
တရားမဝင်ငါးဖမ်းနေမှုများကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းရန် မျှော်လင့်ကြောင်း AA ပြော
" ULA အနေနဲ့ နယ်စပ်ဖြတ်ကျော် တရားမဝင် ငါးဖမ်းနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းပြီး ထိရောက်တဲ့ ဖြေရှင်းချက်တစ်ခုရနိုင်အောင် ဆောင်ရွက်ဖို့ မျှော်လင့်ထားတယ်" ဟု ဦးခိုင်သုခ က ၎င်း၏ တယ်လီဂရမ် လူမှုကွန်ယက်တွင် ရေးသားထားသည်။
15 Mar 2025

DMG ၊ မတ် ၁၅
အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားသည့် ရခိုင်ရေပိုင်နက်အတွင်း တရားမဝင်ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နှင့် ထိထိရောက်ရောက် ပူးပေါင်းဆောင်ရွက်ရန် မျှော်လင့်ကြောင်း AA ပြောခွင့်ရ ဦးခိုင်သုခက ပြောသည်။
" ULA အနေနဲ့ နယ်စပ်ဖြတ်ကျော် တရားမဝင် ငါးဖမ်းနေတဲ့ ပြဿနာကို ဖြေရှင်းဖို့ ဘင်္ဂလားဒေ့ရှ်နဲ့ ပူးပေါင်းပြီး ထိရောက်တဲ့ ဖြေရှင်းချက်တစ်ခုရနိုင်အောင် ဆောင်ရွက်ဖို့ မျှော်လင့်ထားတယ်" ဟု ဦးခိုင်သုခ က ၎င်း၏ တယ်လီဂရမ် လူမှုကွန်ယက်တွင် ရေးသားထားသည်။
ရခိုင်ရေပိုင်နက်အတွင်း ငါးခိုးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို AA က ဖမ်းဆီးသတိပေးမှုများ လုပ်ဆောင်နေသော်လည်း ငါးခိုးဖမ်းမှုများ ဆက်လက်ရှိနေခြင်းသည် စိုးရိမ်စရာဖြစ်လာသည်ဟုလည်း ဦးခိုင်သုခက ဆိုသည်။
ထိုကဲ့သို့ တရားမဝင် ငါးခိုးဖမ်းသူများကြောင့် တရားဝင်ငါဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နှင့် ရခိုင်တံငါသည်များအတွက် အသက်မွေးဝမ်းကြောင်းကို ခြိမ်းခြောက်နေသည်ဟုလည်း ရေးသားထားသည်။
မောင်တောဒေသ တစ်ခုလုံးအား အာရက္ခတပ်တော် သိမ်းပိုက်ပြီးနောက် ရခိုင်ရေပိုင်နက်အတွင်း ငါးခိုးဖမ်းသူများကို ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်ကာ ပြန်လည်လွှတ်ပေးနေပြီး ယနေ့ မတ် ၁၅ ရက်တွင်လည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံမှ ခိုးဝင်ငါးဖမ်းသမား ၂၁ ဦးကိုလည်း လွှတ်ပေးခဲ့ကြောင်း ဖော်ပြသည်။
"တရားမဝင် ငါးခိုးဖမ်းသူတွေက ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေရဲ့ သတိပေးတားမြစ်တာတွေကိုလည်း ဂရုမစိုက်ဘဲ အကြိမ်ကြိမ်ကျူးလွန်တာ ဝန်ခံကြပါတယ်။ သူတို့ အကြိမ်ကြိမ် ကျူးလွန်နေလည်း ULA ဘက်က အပြစ်မတင်ဘဲ ပြန်လွှတ်ပေးနေပါတယ်" ဟု ဦးခိုင်သုခက ပြောသည်။
မတ်လ အစပိုင်းကလည်း စက်ချို့ယွင်းခြင်းကြောင့် ဒုက္ခရောက်နေသည့် ငါးဖမ်းလှေများအား ကူညီကယ်ဆယ်ခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် BGP နှင့် ချိတ်ဆက်လွှဲပြောင်းပေးခဲ့ကြောင်း AA က ဆိုသည်။
ဘင်္ဂလားဒေ့ရှ် အာဏာပိုင်များကလည်း ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် AA နှင့် အဆင်ပြေကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် ခရီးစဉ်နှင့် ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်အစိုးရအဖွဲ့နှင့် မတ် ၁၃ ရက်က မီဒီယာများ တွေ့ဆုံချိန်၌ အကြံပေးအရာရှိချုပ် Shafiqul Alam က ပြောကြားခဲ့သည်။