- ဧရာဝတီ စစ်မျက်နှာတွင် ထွက်ပြေးသွားသည့် တပ်သားများကို စစ်ကောင်စီ အပူတပြင်း လိုက်ဖမ်းနေ
- ကျောက်ဖြူတိုက်ပွဲ ပြင်းထန်လာမှုနှင့်အတူ တိုက်ပွဲဧရိယာ ကျယ်ပြန့်လာ
- စစ်ကောင်စီနှင့် MNDAA တို့ ဆက်ဆံရေး ဘယ်လိုဖြစ်လာနိုင်မှာလဲ
- ဂျူလီဘစ်ရှော့နဲ့ မြန်မာ့ငြိမ်းချမ်းရေးကြားက ကိုယ်ကျိုးစီးပွား ပဋိပက္ခ
- စားသောက်ရေးကျပ်တည်းမှု နောက်ဆက်တွဲ ရခိုင်တွင် စစ်ရှောင်များ တောင်းရမ်းစားသောက်မှု များလာ
အရပ်သားများကို အတင်းခေါ် ပြီး ရေကြည် အမြောက်တပ်ကို စစ်ကောင်စီ ခံစစ်ပြင်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ အမှတ် ၃၄၄ အမြောက်တပ်ရင်းတွင် အနီးနားကျေးရွာမှ ဒေသခံများကို စစ်ကောင်စီက ဖိအားပေးအတင်းခေါ်ယူပြီး AA ထိုးစစ်ကိုခုခံရန် တပ်တွင်း ဆက်သွယ်ရေးမြောင်း၊ ဘန်ကာနှင့် ခြံစည်းရိုးများဆောက် လုပ်နေကြောင်း သိရသည်။
17 Mar 2025

DMG ၊ မတ် ၁၇
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ရှိ အမှတ် ၃၄၄ အမြောက်တပ်ရင်းတွင် အနီးနားကျေးရွာမှ ဒေသခံများကို စစ်ကောင်စီက ဖိအားပေးအတင်းခေါ်ယူပြီး AA ထိုးစစ်ကိုခုခံရန် တပ်တွင်း ဆက်သွယ်ရေးမြောင်း၊ ဘန်ကာနှင့် ခြံစည်းရိုးများဆောက် လုပ်နေကြောင်း သိရသည်။
တပ်အနီးရှိ ကျေးရွာများဖြစ်သော မိဿလင်၊ ခရယ်ခုန်၊ ဆင်သေ၊ ရေသိုး၊ သီတာကုန်းစသည့် ကျေးရွာများက အမျိုးသားများကို ဖိအားပေးခေါ်ယူ လုပ်ခိုင်းနေခြင်းဖြစ်ကြောင်း ငါးသိုင်းချောင်းမြို့ခံ အမျိုးသားတစ်ဦးကပြော သည်။
“၃၄၄ မှာ ခံစစ်ပြင်ဖို့ တပ်အနီးက အမျိုးသားတွေ လုပ်အားပေးသွားနေကြရတာ။ အဓိကတော့ ပေါ်တာဆွဲသလို မျိုးပေါ့ သူတို့ဆီမှာ ငွေကြေးမရဘဲ လုပ်အားပေးခေါ်တာ၊ မလိုက်လို့မရဘူးလို့ သိရတယ်။ လူပေးရတာကတော့ တစ်ရွာနဲ့ တစ်ရွာ မတူးဘူး။ တစ်ရွာက တစ်နေ့ကို ၅ ယောက်ကနေ ၁၀ ယောက်အထိ သွားကြရတယ်။ အဓိကတော့ ဘန်ကာတွေ၊ ကတုတ်ကျင်းတွေနဲ့ ခြံစည်းရိုးတွေ လုပ်နေကြတာ” ဟု ၎င်းက ပြောသည်။
အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည့် ဖေဖော်ဝါရီလလယ်ပိုင်းက အမှတ်(၃၄၄) အမြောက်တပ်ရင်းကို တိုက်ခိုက်မှုတစ်ချို့ပြုလုပ်ခဲ့ကြပြီး လက်ရှိတွင်လည်း အမြောက်တပ်နှင့် အနီးတစ်ဝိုက်မှာ နှစ်ဖက်တိုက်ပွဲများရှိနေဆဲဟု သိရသည်။
လက်ရှိ ခံစစ်ပြင်ဆင်နေသည့် အမြောက်တပ်ရင်းမှာ ငါးသိုင်းချောင်းမြို့နှင့် ၁၁ မိုင်ဝန်းကျင်ခန့်သာ ကွာဝေးတော့ ကြောင်း သိရသည်။
လက်ရှိ ခံစစ်အခိုင်အမာပြင်ဆင်နေသည့် အမတ ၃၄၄ သည် ပုသိမ်-မုံရွာကားလမ်း အနီးမှာတည်ရှိပြီး ပဲခူးတိုင်းစစ်မျက်နှာနှင့် တစ်ဆက်တည်းဖြစ်နိုင်သည့် အခြေအနေတွင်ရှိသည့်အတွက် စစ်ကောင်စီအတွက် အရေးပါသည့် တပ်ရင်းတစ်ခုဖြစ်သည်ဟု CDM ဗိုလ်ကြီး ဇင်ယော်က ပြောသည်။
“လက်ရှိခံစစ်ပြင်နေတဲ့ အမတ (၃၄၄) တပ်ရင်းဆိုတာက ပုသိမ်-မုံရွာ ကားလမ်းအနီးမှာတည်ရှိနေတာကြောင့် ဒီတပ်ရင်းကိုသာ သိမ်းပိုက်နိုင်ရင် ပဲခူးဖက်နဲ့က ထိုးစစ်နဲ့ တိုက်ရိုက်ဆက်လို့ရသွားနိုင်တယ်။ ကြားမှာကွင်းကောက်မှာရှိတဲ့ တကက ၅ တစ်ခုပဲ ရှိတာကြောင့် စစ်ကောင်စီက ဒီတပ်ရင်းကို အသေအလဲခုခံမယ့် သဘော တွေ့ရတယ်” ဟုပြောသည်။
ယနေ့ (မတ် ၁၇) နံနက်ပိုင်းတွင် ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ညောင်အိုင်ကျေးရွာအနီး တစ်ဝိုက်မှာလည်း နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေကြပြီး စစ်ကောင်စီက ကျုံးပျော်အခြေစိုက်တပ်ရင်းများက စစ်ကောင်စီ တပ်သားများကိုလည်း စစ်ကူပို့နေကြောင်း သိရသည်။
အာရက္ခတပ်တော်နှင့် ပူးပေါင်းတပ်များသည် ဇန်နဝါရီလ အစောပိုင်းကတည်းက ဧရာဝတီတိုင်းဖက်ကို စတင်ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းဖြစ်ပြီး ရေကြည်၊ ပုသိမ်နှင့် သာပေါင်းမြို့နယ်တို့မျာ စစ်ရေးလှုပ်ရှားနေကြခြင်းသည်။