- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
ကျောက်တော် မဟာမုနိတွင် ဘုရင်ရုပ်တုဟုယူဆရသည့် ရုပ်တုတွေ့ရှိ
ရခိုင်ပြည်နယ်၊ ကျောက်တော် မဟာမုနိဘုရား မြောက်ဘက်စောင်းတန်းအနီးတွင် ဘုရင်ရုပ်တုဟုယူဆရသည့် ရုပ်တုတစ်ရုပ်အား ဧပြီလ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခန့်က တွေ့ရှိကြောင်း ဘုရားဂေါပကများထံမှ သိရသည်။
27 Apr 2021
DMG ၊ ဧပြီ ၂၇
ရခိုင်ပြည်နယ်၊ ကျောက်တော် မဟာမုနိဘုရား မြောက်ဘက်စောင်းတန်းအနီးတွင် ဘုရင်ရုပ်တုဟုယူဆရသည့် ရုပ်တုတစ်ရုပ်အား ဧပြီလ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီခန့်က တွေ့ရှိကြောင်း ဘုရားဂေါပကများထံမှ သိရသည်။
မဟာမုနိဘုရားဆင်းလမ်း မြောက်ဘက်စောင်းတန်း၊ အရှေ့ဘက် သကြားညောင်ပင်အောက်တွင် ကြွေပြားခင်းရန် မြေသားများကိုညှိရာ၌ တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်မဟာမုနိဂေါပကအဖွဲ့ ဥက္ကဌ ဦးသာလှအောင်က ပြောသည်။
“မနေ့ညနေက အလုပ်သမားတွေက ကြွေပြားခင်းဖို့အတွက် မြေတွေကို ညှိနေကြတဲ့အခါ အရုပ်တစ်ခုပေါ်လာတာကြောင့် တူးတဲ့အခါမှာ သူတို့တွေ့တာဖြစ်ပါတယ်။ အဲဒီအရုပ်ကို လူတွေကတော့ ဘုရင်အရုပ်ဆိုပြီးတော့ ပြောနေကြပါတယ်။ အတိအကျတော့ မပြောတတ်ပါဘူး” ဟု ပြောသည်။
ရုပ်တုနှင့်ပတ်သက်ပြီး မည်သို့ပြုလုပ်မည်ကို ဆရာတော်ကြီးများ၊ ရှေ့/သုဌာနတို့နှင့် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်သွားမည်ဟု ဦးသာလှအောင်က ဆိုသည်။
ယင်းအပြင် ရုပ်တုမှာ အေဒီ ၄ ရာစု၊ တတိယဓညဝတီ နှောင်းပိုင်းခေတ်က ဖြစ်နိုင်ကြောင်း မဟာမုနိဂေါပကအဖွဲ့မှ အလှည့်ကျ ဥက္ကဌ ဦးညိုသာလှက ခန့်မှန်းပြောသည်။
“အေဒီလေးရာစု ခေတ်လောက်မှန်းတယ်။ တတိယဓညဝတီနှောင်းပိုင်းခေတ်လောက်က မှန်းပါတယ်။ အတိအကျတော့ ကျနော်တို့ မပြောနိုင်ဘူး။ သုတေသီကပဲ ပြောနိုင်မယ် ” ဟု ဆိုသည်။
ရုပ်တုမှာ ပလ္လင်နှင့်တွဲလျက်ပါရှိပြီး အမြင့် ၄ ပေ ၁၀ လက်မဖြစ်ပြီး၊ ဒူးစွန်မှာ နှစ်ဖက် အလျား ၂ ပေ ၆ လက်မ၊ ပုခုံးအကျယ် ၁၄ လက်မရှိပြီး ယင်းရုပ်တုကို ကျောက်တော်မုဟာမုနိဘုရားတွင် ပထမဆုံးတွေ့ခြင်းဖြစ်သည်ဟု သိရသည်။