- ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီး
- မိုင်းနင်းမိ၍ မောင်တောဒေသခံတစ်ဦး ပြင်းထန်ဒဏ်ရာရ
- ၂၀၂၄ တွင် မြန်မာပြည်သူများ လျှပ်စစ်မီးပြတ်တောက်မှုကို အဆိုးရွားဆုံးရင်ဆိုင်ခဲ့ရ
- ရေဂင်လေဆိပ်အနီး လေယာဉ်ပျက်ကျမှုတွင် သေဆုံးသွားသူ ၆၇ ဦး၏ ရုပ်အလောင်းများ ဆယ်ယူရရှိ
- ရခိုင်တွင် စစ်ဘေးရှောင်များ အရေပြားရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်
ရခိုင်မြို့နယ်အချို့တွင် ART ဆေးနှင့် တီဘီဆေးများကို ULA/ AA က အခမဲ့ဖြန့်ဝေပေး
အဆိုပါ ဆေးများကို ပထမအဖြတ်အနေဖြင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး ၊ ပေါက်တော ၊ မင်းပြား စ သည့်မြို့နယ်တို့မှ HIV လူနာအယောက် ၂၀၀ စီအတွက် ယနေ့ ဇန်နဝါရီ ၆ ရက်မှစ၍ စတင်ထုတ်ပေးနေပြီ ဖြစ်သည်။
06 Jan 2025
DMG ၊ ဇန်နဝါရီ ၆
ရခိုင်ပြည်အတွင်းက အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားသည့် နယ်မြေများတွင် HIV ပိုးထိန်းဆေးဖြစ်သော ART ဆေးနှင့် တီဘီဆေးများကို သက်ဆိုင်ရာ ULA/AA ကျန်းမာရေးဌာနက ဒေသခံများအား အခမဲ့ ဖြန့်ဝေ လျှက်ရှိကြောင်း သတင်းရရှိသည်။
အဆိုပါ ဆေးများကို ပထမအဖြတ်အနေဖြင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး ၊ ပေါက်တော ၊ မင်းပြား စ သည့်မြို့နယ်တို့မှ HIV လူနာအယောက် ၂၀၀ စီအတွက် ယနေ့ ဇန်နဝါရီ ၆ ရက်မှစ၍ စတင်ထုတ်ပေးနေပြီ ဖြစ်သည်။
“HIV ဆေး ART ကို ထိန်းချုပ်ထားတဲ့ မြို့နယ်တွေအားလုံးကို ဖြန့်ဝေပေးသွားဖို့ရှိပါတယ်။ အခုက ပထမ အကြိမ် ထုတ်ပေးတာ။ တီဘီဆေးကိုပါ မြို့နယ်အလိုက်ထုတ်ပေးသွားဖို့ရှိတယ်” ဟု ULA ကျန်းမာရေးဌာန နှင့် နီးစပ်သူတစ်ဦးက DMG ကို ပြောသည်။
ယင်ခင်က ART ဆေးများနှင့် တီဘီဆေးများကို မြို့နယ်ကျန်းမာရေးဌာနမှ အခမဲ့ပေးခဲ့သည့်အပြင်၊ အပြင်ဆေးဆိုင်များတွင် အလွယ်တကူ ဝယ်ယူသုံးစွဲနိုင်ခဲ့သော်လည်း စစ်ကောင်စီက လမ်းပိတ်ဆို့ပြီးနောက် ဆေးဝါးများ လုံးဝပြတ်သွားခြင်း ဖြစ်သည်။
ထိုအကျိုးဆက်အဖြစ် ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအတွင်း ကျောက်တော်မြို့နယ်မှ တီဘီဝေဒနာရှင် အမျိုးသမီးတစ်ဦးနှင့် HIV လူနာအမျိုးသားတစ်ဦးမှာ ဆေးဝါးပြတ်လပ်ပြီး အသက်သေဆုံးခဲ့ရသည်။
“တီဘီဆေးက ဈေးကြီးတဲ့အပြင် ရှာလို့မရဘူး။ လူနာက ဆေးမသောက်ရတော့ ရောဂါအခြေအနေက ပိုပြင်း လာ တယ်။ တီဘီဆိုတာက ကူးစက်ဖို့လွယ်တဲ့ ရောဂါဆိုတော့ သူ့အနားကို ကပ်ဖို့တောင် မရဲဘူးဖြစ်လာ ကြ တယ်” ဟု တီဘီဝေဒနာရှင်မိသားစုဝင် တစ်ဦးက ပြောသည်။
အသက်အရွယ်၊ ကျား၊ မ၊ လူမျိုးမရွေး ကူးစက်နိုင်သော HIV ရောဂါပိုးသည် အကာအကွယ်မဲ့ လိင်ဆက် ဆံခြင်း၊ ဆေးထိုးအပ်ကို မျှဝေသုံးစွဲခြင်း၊ ပိုးရှိသူ၏ သွေး/ အရည်သည် ကိုယ့်သွေးလမ်းကြောင်းထဲသို့ တစ်နည်းနည်းဖြင့် ဝင်ရောက်သွားခြင်း၊ မိခင်နို့တိုက်ရာမှ ကလေးကို ကူးစက်ခြင်း စသောနည်းလမ်း အမျိုးမျိုးဖြင့် ကူးစက်နိုင်သည်။
ကုသမှု သေချာမခံယူပါက ရောဂါပိုးများ ပွားများလာပြီး ကိုယ်ခံအားစနစ်ကျဆင်းကာ HIV နောက်ဆုံးအဆင့် AIDS ခုခံအားကျဆင်းမှုရောဂါ အခြေအနေကို ရောက်ရှိပြီး အသက်သေဆုံးရသည်အထိ ဖြစ်ပေါ်နိုင်သည်။
လက်ရှိ HIV ပိုးရှိသူများမှာ ဆေးဝါးပုံမှန်မသောက်ရသည့် နောက်ဆက်တွဲဆိုးကျိုးအဖြစ် ယခုအခါ ကိုယ်ခံအားကျ ဆင်းလာခြင်း ၊ စိတ်ဓာတ်ကျလွယ်လာခြင်း ၊ မှတ်ဉာဏ်ချို့ယွင်းလာခြင်းစသည့် လက္ခဏာ များနှင့် ကြုံနေရသည်ဟု လူနာမိသား စုဝင်နှင့်နီးစပ်သူများထံမှ သိရသည်။
“ရွာမှာ အဲဒီရောဂါဖြစ်နေတဲ့ ဦးလေးတစ်ယောက် ဆေးပုံမှန်မသောက်ရဘူး။ အဲဒီလို ဆေးပုံမှန် မသောက်တာ ကြာလာတော့ စိတ်ရောဂါတွေ ဖြစ်လာတယ်။ သူ့မိန်းမကိုလည်း မမှတ်မိတော့ဘူး။ အခု သူ့ရောဂါက ပိုပြီးဆိုး လာနေတယ်” ဟု ပေါက်တောမြို့နယ်မှ HIV လူနာမိသားစုနှင့်နီးစပ်သူ တစ်ဦးကပြော သည်။
ULA/AA အနေဖြင့် ရခိုင်ဒေသက ၂ နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်များကို ကာကွယ်ဆေးပုံမှန်ထိုးနှံ့နိုင်အောင် ကြိုးစားဆောင်ရွက်ပေးရန် ဒေသခံများက မျှော်လင့်နေ ကြသည်။
၂၀၂၃ ခုနှစ် စာရင်းအရ ရခိုင်တွင် HIV/AIDS လူနာ ၂,၀၀၀ ကျော်နှင့် တီဘီရောဂါသတ်မှတ်လူနာ ၄,၀၀၀ နီးပါး ရှိကြောင်း ULA/AA ကျမ်းမာရေးဌာနှင့် နီးစပ်သူများထံမှ သိရသည်။