“အပြစ်မရှိ ပြန်လွတ်လာမည်ဆိုသော်လည်း”
02 Jul 2022
ဇွန်လ ၂၁ ရက်နေ့တွင် ကျောက်တော်မြို့တစ်ခုလုံးသည် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ ရုတ်ရုတ်သဲသဲဖြစ်နေသည်။ ရဲတပ်ဖွဲ့ဝင်သုံးဦး ဖမ်းဆီးခံရခြင်းအပေါ် ဒေါသထွက်နေသော မြန်မာစစ်တပ်သည် လမ်းသွား၊လမ်းလာဟူသမျှကို တင်းကျပ်စွာစစ်ဆေးမှုများပြုလုပ်နေသည်။ အချို့ကို ဖမ်းဆီးခေါ်ဆောင်သွားသည်။