- ရခိုင်တွင် လူငယ်များ ဆေးခြောက်သုံးစွဲနေမှုကို တားဆီးရန် လိုအပ်လာ
- စစ်တွေ - ပုဏ္ဏားကျွန်း နယ်စပ်တွင် စစ်ကောင်စီနှင့် AA တို့ လက်နက်ကြီး အပြန်အလှန်ပစ်ခတ်
- ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို စစ်ကောင်စီ နေရာပြောင်းခိုင်းထား
- ဂွဒေသခံများ မြေမြှုပ်မိုင်းအန္တရာယ်ကို ဆိုးရွားစွာ ခံစားနေရ
- တိုက်ပွဲကာလ ပျောက်ဆုံးသွားသည့် သက်လူမျိုး ၄ ဦး သတင်းအစအန မရသေး
စစ်ကောင်စီ၏ ဘူးသီးတောင်တပ်ရင်း ၂ ခုကို AA ထပ်မံသိမ်းပိုက်၊ ဘူးသီးတောင်တွင် AA သိမ်းပိုက်ထားသည့် တပ်ရင်း၊ တပ်မ ၇ ခုထိ ရှိလာ
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်းကျေးရွာအနီးက စစ်ကောင်စီ၏ ခမရ ၃၄၅ နှင့် ၃၅၂ တပ်ရင်းကို အာရက္ခတပ်တော်(AA)က မေလ ၁၃ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။
14 May 2024
DMG ၊ မေ ၁၄
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့နယ်၊ တပ်မင်းချောင်းကျေးရွာအနီးက စစ်ကောင်စီ၏ ခမရ ၃၄၅ နှင့် ၃၅၂ တပ်ရင်းကို အာရက္ခတပ်တော်(AA)က မေလ ၁၃ ရက်တွင် အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်သတင်းရင်းမြစ်ထံမှ သိရသည်။
“မနေ့ကတည်းက အဲဒီတပ်ရင်းနှစ်ခုကို အပြီးသတ်သိမ်းနိုင်ခဲ့တာ။ ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ လည်းရှိတယ်။ နောက်ပြီးတော့ ဖမ်းဆီးရမိတဲ့သူတွေလည်းရှိတယ်။ စစ်ကောင်စီဖက်က အဲဒီနေရာတွေကို လေယာဉ်နဲ့ ဗုံးကြဲလာတာရှိတယ်” ဟု မြေပြင်သတင်းရင်းမြစ်တစ်ဦးက DMG ကို ပြောသည်။
ယင်းအပြင် ခမရ ၃၅၃ နှင့် ၅၃၅ တပ်ရင်းများကိုလည်း AA က သိမ်းပိုက်ထားပြီဟု သတင်းများထွက်ပေါ်နေပြီး DMG က ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ လက်ရှိတွင် ဘူးသီးတောင်မြို့နယ်အတွင်း စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲပြင်းထန်နေပြီး ဂျက်တိုက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုများရှိကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“အဲဒီအနီးမှာ(ခမရ ၃၅၃၊ ၅၃၅) ဒီနေ့လည်း တိုက်ပွဲတွေပြင်းနေတယ်။ စစ်ကောင်စီက လေယာဉ်နဲ့ပစ်နေတယ်။ ဘူးသီးတောင်မှာတော့ တပ်ရင်းတွေ သိပ်မကျန်တော့ဘူး” ဟု သူက ပြောသည်။
ဘူးသီးတောင်မြို့နယ်ရှိ စစ်ကောင်စီတပ်ရင်းများဖြစ်သည့် စကခ(၁၅)အပါအဝင် ခမရ ၅၅၁၊ ၅၅၂၊ ၅၆၄၊ ၅၆၅ တို့ကို AA က သိမ်းပိုက်ထားပြီး လက်ရှိတွင် ခမရ ၃၄၅ နှင့် ၃၅၂ တပ်ရင်းတို့ကို ထပ်မံသိမ်းပိုက်နိုင်ခဲ့ခြင်း ဖြစ်သဖြင့် ဘူးသီးတောင်တွင် AA သိမ်းပိုက်ထားသည့် တပ်ရင်း၊ တပ်မ ၇ ခုထိ ရှိလာပြီဖြစ်သည်။
လက်ရှိ ဘူးသီးတောင်စစ်ရေး အခြေအနေနှင့်ပတ်သက်၍ အာရက္ခတပ်တော် ပြောခွင့်ရ ဦးခိုင်သုခနှင့် စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းတို့ကို DMG က ဆက်သွယ်ခဲ့သော်လည်း အဆင်မပြေသေးပေ။
ဘူးသီးတောင်တွင် စစ်ကောင်စီတပ်ရင်း (၁၅)ခုထိ အထိုင်ချထားပြီ ရခိုင်တွင် တပ်အင်အားအများဆုံးဖြစ်သည်။ ကျန်ရှိနေသည့် ခြေမြန်တပ်ရင်း (ခမရ) ၃၅၃၊ ၅၃၅၊ ခြေလျင်တပ်ရင်း(ခလရ) ၂၃၃၊ ၂၃၄၊ ၂၆၃ နှင့် အမြောက် တပ်ရင်း (အမတ) ၃၇၈ တို့ကိုလည်း AA က ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိသည်။
စစ်ကောင်စီကလည်း ဘူးသီးတောင်၊ မောင်တော၌ ကျန်ရှိနေသေးသော တပ်စခန်းများ မကျရှုံးစေရေးအတွက် အပြင်းအထန် ခုခံတိုက်ခိုက်လျက် ရှိနေသည်။ တိုက်ပွဲပြင်းထန်နေမှုနှင့်အတူ ဧပြီလ ၂၆ ရက်မှစ၍ ဘူးသီးတောင်၊ မောင်တောဒေသတွင် ည (၇) နာရီမှ နံနက် (၆) နာရီအထိ ညမထွက်ရအမိန့်ကို AA က ထုတ်ပြန်ထားသည်။
ရခိုင်တွင် စစ်ကောင်စီနှင့် AA တို့သည် ဘူးသီးတောင်၊ မောင်တောအပြင် အမ်းနှင့် သံတွဲမြို့နယ်များ၌ တိုက်ပွဲပြင်းထန်နေသည်။ တိုက်ပွဲ ၆ လကျော်အတွင်း ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲနှင့် ပလက်ဝမြို့နယ်တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။