- အလိုရှိနေသော တရုတ်ဟက်ကာကို အမေရိကန်က ဒေါ်လာ ၁၀ သန်း ဆုကြေးထုတ်
- မွတ်ဆလင်လက်နက်ကိုင်များနှင့် တိုက်ပွဲဖြစ်ပွားမှုရှိကြောင်း AA ပြော
- မြန်မာ့စီးပွားရေး ၁ ရာခိုင်နှုန်း ကျဆင်းနိုင်ဟု ကမ္ဘာဘဏ် သတိပေး
- ရခိုင်ပြည်သူတစ်ရပ်လုံး၏ ရည်မှန်းချက် အပြည့်အဝရရှိရန် ဆက်လက်ကြိုးပမ်းနေဟု AA ပြော
- ၅၅ ရက်ကြာ နယ်စပ်စခန်းသိမ်းတိုက်ပွဲနဲ့ AA ရဲ့ ဗျူဟာမြောက်ထိုးစစ်
နပခကို အပြီးသတ် သိမ်းပိုက်နိုင်ရေး AA ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်
“အခု နပခထဲကို ဝင်ပြီးတော့ တိုက်နေတာ။ အဲဒီကောင်(စစ်ကောင်စီတပ်သား)တွေက အပြင်ကို မထွက်ရဲတော့ဘူး။ အထဲကပဲ ခုခံနေတာ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
10 Dec 2024
DMG ၊ ဒီဇင်ဘာ ၁၀
အမ်းတွင် တစ်ခုတည်းကျန်ရှိသော စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အပြီးသတ် သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်နေ၍ တိုက်ပွဲပြင်းထန်နေကြောင်း AA နှင့် နီးစပ်သည့် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။
AA က နပခထဲသို့ ထိုးဖောက်ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကလည်း နောက်ဆုံးလက်ကျန် ဌာနချုပ် မကျရှုံးရေး လေကြောင်းပစ်ကူဖြင့် အသည်းအသန် ခုခံလျက်ရှိသည်။
“အခု နပခထဲကို ဝင်ပြီးတော့ တိုက်နေတာ။ အဲဒီကောင်(စစ်ကောင်စီတပ်သား)တွေက အပြင်ကို မထွက်ရဲတော့ဘူး။ အထဲကပဲ ခုခံနေတာ” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းကို အဓိကအသုံးပြု တိုက်ခိုက်နေပြီး ယမန်နေ့ တစ်ရက်လုံးနီးပါး ဖျက်အားပြင်း ပေါင် ၅၀၀ ဗုံးများဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
နပခသည် စစ်ကောင်စီအတွက် စစ်ရေး၊ စီးပွားရေးအရ အရေးပါသည့်အပြင် ဂုဏ်သိက္ခာပိုင်းအရလည်း များစွာအရေးကြီးသဖြင့် အဆုံးထိ ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။
နပခကျရှုံးသွားပါက လားရှိုးရမခကျပြီးနောက် နောက်ထပ် စစ်တိုင်းဌာနချုပ် ကျဆုံးမှုဖြစ်သွားမည့်အပြင် AA အတွက် ရခိုင်စစ်မျက်နှာတွင် အားသာချက်များစွာ ရရှိသွားမည်ဖြစ်လည်း ဖြစ်သည်။
“စစ်ကောင်စီက နိုင်ငံတကာ သိက္ခာမှာလည်း လုံးဝမရှိတော့ဘူး။ တရုတ်ကလည်း သူ့အပေါ်ကို ပြန်လည် သုံးသပ်ရတော့မယ်။ နောက်တစ်ခါ ဒီလို ရခိုင်အမ်းဌာနချုပ်ကြီးပါ ထပ်ကျပြီဆိုရင် စစ်ရေးအရ မောက်မာနေတဲ့ စစ်တပ်ကို ရိုက်ချိုးလိုက်သလိုဖြစ်သွားပြီ” ဟု နိုင်ငံရေးသုံးသပ်သူ ရှေ့နေဦးကြီးမြင့်က DMG နှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြားထားသည်။
ရခိုင်တိုက်ပွဲ တစ်နှစ်ကျော်အတွင်း AA သည် ချင်းပြည်နယ်၊ ပလက်ဝနှင့် ရခိုင်က မြို့နယ် ၁၁ ခုအပါအဝင် တောင်ကုတ်၊ အမ်းမြို့တို့ကို ထိန်းချုပ်ထားပြီလည်း ဖြစ်သည်။
AA ၏ အောင်မြင်မှုများမှာ အရှိန်အဟုန်ပြင်းထန်သဖြင့် လာမည့်နှစ်အတွင်း တစ်ပြည်လုံးလွတ်မြောက်ရေး စစ်ရေးရည်မှန်းချက် ပြည့်မြောက်သွားနိုင်သည်ဟု လေ့လာသူများက သုံးသပ်ထားကြသည်။