- ပါကစ္စတန်မှာ လက်နက်ကိုင်များ ရထားတစ်စင်းလုံးကို ပြန်ပေးဆွဲပြီး ခရီးသည်များကို ဓားစာခံဖမ်းဆီး
- ကျောက်ဖြူစီမံကိန်းအား ၂ လအတွင်း အကောင်ထည်ဖော်နိုင်ရန် ဒုစစ်ခေါင်းဆောင် ညွှန်ကြား
- တိုက်ပွဲကာလ နေအိမ်ပျက်စီးသွားသည့် တောင်ကုတ်မြို့ခံ ၁,၀၀၀ ခန့် အခက်အခဲကြုံနေ
- အမေရိကန်မှ ထောက်ပံ့ငွေ ရပ်တန့်မှုကြောင့် ရခိုင်က ကျန်းမာရေး ပရောဂျက်များ ရပ်နား
- မာန်အောင်ရေလုပ်သား ၅ ဦး ပျောက်ဆုံးနေ၊ တစ်ပတ်ကျော်ကြာအထိ အဆက်သွယ်မရသေး
ဖိလစ်ပိုင်သင်္ဘောက တရုတ်သင်္ဘောကို တမင် ဝင်တိုးခဲ့သည်ဟု တရုတ်ပြော
ဖိလစ်ပိုင်အနေဖြင့် ချိုးဖောက်မှုများနှင့် ရန်စမှုလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန်နှင့် ယင်းသို့မဟုတ်ခဲ့ပါက အကျိုးဆက်များကို ရင်ဆိုင်ခံစားရလိမ့်မည်ဟု တရုတ်အာဏာပိုင်များ တောင်းဆိုခဲ့သည်။
04 Dec 2024

Scarborough Shoal ကျွန်းအနီး ရေပြင်တွင် ဖိလစ်ပိုင် တရားဝင် သင်္ဘောတစ်စင်းက ၎င်းတို့၏ အကြိမ်ကြိမ်အဖန်ဖန် သတိပေးချက်များကို လျစ်လျူရှု၍ ၎င်းတို့ပိုင် ရေယာဉ်များအနက်မှ တစ်စီးကို တမင်တကာ ဝင်တိုးကာ လုံခြုံရေးပိုင်းဆိုင်ရာကို ပြင်းထန်စွာ ခြိမ်းခြောက်သွားခဲ့သည်ဟု တရုတ်ကမ်းခြေစောင့်တပ်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့ကြောင်း Reuters က ဖော်ပြထားသည်။
ဖိလစ်ပိုင်အနေဖြင့် ချိုးဖောက်မှုများနှင့် ရန်စမှုလုပ်ရပ်များကို ချက်ချင်းရပ်တန့်ရန်နှင့် ယင်းသို့မဟုတ်ခဲ့ပါက အကျိုးဆက်များကို ရင်ဆိုင်ခံစားရလိမ့်မည်ဟု တရုတ်အာဏာပိုင်များ တောင်းဆိုခဲ့သည်။
တစ်ဆက်တည်းမှာတင် ဖိလစ်ပိုင်ကမ်းခြေစောင့်တပ်ဘက်ကလည်း တရုတ်ရေတပ်နှင့် ကမ်းခြေစောင့် တပ်သင်္ဘောများသည် တောင်တရုတ်ပင်လယ်၏ Scarborough Shoal အနီးရှိ ၎င်းတို့၏ ပုံမှန်ကင်းလှည့်မှုများနှင့် ငါးလုပ်ငန်းဗျူရိုများကို ပြင်းထန်သည့်လုပ်ရပ်များဖြင့် ဆန့်ကျင်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်ပြင်ဆိုင်ရာ PCG ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဂျေးတာရိုင်းလာ က တရုတ်ကမ်းခြေစောင့်တပ်သည် ရေအမြောက်များကို အသုံးပြု၍ PCG သင်္ဘောတွင် တပ်ဆင်ထားသည့် သင်္ဘော၏ ရေကြောင်းသွားလာရေး လမ်းညွှန်ပြ အင်တာနာများကို တိုက်ရိုက်ရည်ရွယ်ကာ ပစ်ခတ်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြ ပြောကြားထားသည်။
ဖိလစ်ပိုင်သင်္ဘောများသည် တရုတ်ရေတပ်နှင့် ကမ်းရိုးတန်းစောင့်သင်္ဘောများ၏ တားဆီးပိတ်ဆို့ခြင်း၊ လိုက်ပါစောင့်ကြည့်နှင့် အန္တရာယ်ရှိသော လုပ်ရပ်များ ကျူးလွန်ခြင်းကို ရင်ဆိုင်ခဲ့ရသည်ဟု ၎င်းက ပြောကြားခဲ့သည်။
တောင်တရုတ်ပင်လယ်အရေးနှင့်ပတ်သက်၍ တရုတ်နှင့် ဖိလစ်ပိုင်အကြား တင်းမာမှုများသည် တစ်နှစ်ပတ်လုံး မြင့်တက်လာခဲ့ကာ အထူးသဖြင့် ငါးဖမ်းလုပ်ကွက်များ အဓိကကျသည့် Scarborough Shoal နှင့် ပတ်သက်လျက်ရှိသည်။
သင်္ဘောဖြင့် ကူးသန်းရောင်းဝယ်မှုက နှစ်စဉ် အမေရိကန်ဒေါ်လာ ၃ ထရီလီယံကျော် ရရှိရန်အတွက် အရေးပါသော ရေလမ်းတစ်ခုဖြစ်သည့် တောင်တရုတ်ပင်လယ် တစ်ခုလုံးနီးပါးကို ၎င်းတို့ပိုင်သည်ဟု တရုတ်က ပြောထားပြီး ဖိလစ်ပိုင်၊ ဘရူနိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ်တို့ကလည်း တောင်တရုတ်ပင်လယ်၏ အစိတ်အပိုင်းများကို ၎င်းတို့ပိုင်ကြောင်း ပြောကြားထားသည်။