အလက်စကားတွင် ပြင်းအား ၇.၈ ရှိသည့် ငလျင်ကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်

အလက်စကားကျွန်းဆွယ်တွင် ပြင်းအား ၇.၈ အထိရှိသည့် ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

By Foreign Desk 22 Jul 2020

(ဓာတ်ပုံ - RTE)

ဇူလိုင် ၂၂ | DMG

အလက်စကားကျွန်းဆွယ်တွင် ပြင်းအား ၇.၈ အထိရှိသည့် ငလျင် လှုပ်ခတ်ခဲ့မှုကြောင့် ဆူနာမီသတိပေးချက် ထုတ်ပြန်ထားကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

အမေရိကန်ပြည်ထောင်စု ဘူမိဗေဒလေ့လာရေး တိုင်းထွာချက်အရ အဆိုပါငလျင်သည် အင်္ဂါနေ့ ညနေ ၁၁နာရီ ၁၂ မိနစ် (မြန်မာစံတော်ချိန် ဗုဒ္ဓဟူးနေ့လယ် ၁ နာရီ ၄၂ မိနစ်) တွင် အလက်စကားပြည်နယ် ပယ်ရီဗီလီဒေသ၏ အရှေ့တောင်ဘက် မိုင် ၆၀ အကွာကို ဗဟိုပြုကာ လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။

ဆူနာမီသတိပေးချက်အား အလက်စကားပြည်နယ် တောင်ပိုင်း၊ အလက်စကားကျွန်းဆွယ်နှင့် အယ်လူရှင်းကျွန်းများတွင် ထုတ်ပြန်ထားသည်။

ဆူနာမီသတိပေးချက် ဧရိယာများအနက် ကမ်းခြေအရှေ့ပိုင်းနှင့် အနောက်ပိုင်းတို့တွင် ၁၁ နာရီ ၅၀ မိနစ်၌ သတိပေးချက်ကို ပြန်လည်ရုပ်သိမ်းခဲ့သည်။