- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
၁၃ နှစ်သား မောင်းလာသည့်ကား ယာဉ်တိုက်မှုဖြစ်၍ ၉ ဦးသေဆုံး
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အနောက်ပိုင်းတွင် အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦး မောင်းလာသည့် ပစ်ကပ်ကားတစ်စီးနှင့် အခြားဗင်ကားတစ်စီး တိုက်မိရာက လူ ၉ ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက မတ်လ ၁၇ ရက်နေ့တွင် ပြောကြားသည်။
19 Mar 2022

DMG ၊ မတ်လ ၁၉ ရက်
အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အနောက်ပိုင်းတွင် အသက် ၁၃ နှစ်အရွယ် လူငယ်တစ်ဦး မောင်းလာသည့် ပစ်ကပ်ကားတစ်စီးနှင့် အခြားဗင်ကားတစ်စီး တိုက်မိရာက လူ ၉ ဦး သေဆုံးခဲ့ကြောင်း သက်ဆိုင်ရာအာဏာပိုင်များက မတ်လ ၁၇ ရက်နေ့တွင် ပြောကြားသည်။
မတ်လ ၁၅ ရက်နေ့ညဉ့်က ဖြစ်ပွားခဲ့သည့် အဆိုပါမတော်တဆမှု၌ ဗင်ကားပေါ်တွင် စီးနင်းလိုက်ပါလာသူ နယူးမက္ကစီကိုတက္ကသိုလ် ဂေါက်ရိုက်အသင်းမှ အသင်းသား ၆ ဦးနှင့်အတူ ၎င်းတို့၏ နည်းပြလည်း သေဆုံးခဲ့သည်ဟု ရဲတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။
နောက်ထပ် တက္ကသိုလ်ကျောင်းသားနှစ်ဦးမှာ ဆေးရုံတွင် အရေးပေါ်ကုသမှု ခံယူနေရကြောင်း သတင်းတွင် ဖော်ပြသည်။
ပစ်ကပ်ကားပေါ်တွင် လိုက်ပါလာသည့် ၁၃ နှစ်အရွယ် လူငယ်နှင့် ၃၈ နှစ်အရွယ် ၎င်း၏ဖခင်တို့လည်း သေဆုံးခဲ့ပြီး လူငယ်မှာ ကားစတီယာကွင်းနောက်တွင် သေဆုံးလျက်တွေ့ရခြင်း ဖြစ်သည်။
ပစ်ကပ်ကားသည် ပြေးလမ်းပေါ်၌ အမြန်မောင်းနှင်နေစဉ် ဗင်ကားနှင့် ခေါင်းချင်းငြိပြီး တိမ်းမှောက်ကာ ကားနှစ်စီးလုံး မီးလောင်ကျွမ်းခဲ့ကြောင်း တက္ကဆက်ပြည်သူ့လုံခြုံရေးဌာနထံမှ သိရသည်။
တက္ကဆက်ဥပဒေအရ အသက် ၁၅ နှစ်ပြည့်မှ သင်မောင်းလိုင်စင် ကိုင်ဆောင်ခွင့်ရှိသလို ၂၁ နှစ်ပြည့်မှ လိုင်စင် ကိုင်ခွင့်ပြုသည်။