- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
၆ နိုင်ငံမှ လာရောက်ခိုလှုံနေသူများအတွက် ယာယီနေထိုင်ခွင့်ကာလ အမေရိကန် သက်တမ်းတိုးပေးမည်
ယာယီစောင့်ရှောက်မှု (Temporary Protected Status – TPS) အစီအစဉ်ဖြင့် အမေရိကန်တွင် နေထိုင်ခွင့်ရရှိထားသူ သုံးသိန်းကျော်အား နေထိုင်ခွင့်သက်တမ်း ထပ်တိုးပေးမည်ဟု အမေရိကန်အစိုးရက စက်တင်ဘာလ ၉ ရက်နေ့တွင် ကြေညာလိုက်သည်။ ၎င်းတို့အနေဖြင့် အမေရိကန်တွင် တရားဝင် အလုပ်လုပ်ခွင့်လည်း ရမည်ဟု ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
10 Sep 2021
ယာယီစောင့်ရှောက်မှု (Temporary Protected Status – TPS) အစီအစဉ်ဖြင့် အမေရိကန်တွင် နေထိုင်ခွင့်ရရှိထားသူ သုံးသိန်းကျော်အား နေထိုင်ခွင့်သက်တမ်း ထပ်တိုးပေးမည်ဟု အမေရိကန်အစိုးရက စက်တင်ဘာလ ၉ ရက်နေ့တွင် ကြေညာလိုက်သည်။ ၎င်းတို့အနေဖြင့် အမေရိကန်တွင် တရားဝင် အလုပ်လုပ်ခွင့်လည်း ရမည်ဟု ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။
ယခုကြေညာချက်အရ အယ်လ်ဆာဗေဒို၊ ဟေတီ၊ ဟွန်ဒူးရပ်၊ နီပေါ၊ နီကာရာဂွါနှင့် ဆူဒန်နိုင်ငံများမှ ရွှေ့ပြောင်းလာသူ ၃ သိန်းကျော်သည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအထိ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်ခွင့်ရှိမည် ဖြစ်ကြောင်း အမေရိကန် နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာနထံမှ သိရသည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
TPS အစီအစဉ်ဖြင့် လက်ရှိ နေထိုင်ခွင့် ရထားသူများသည် အခကြေးငွေများ ထပ်မံပေးသွင်းခြင်း သို့မဟုတ် စာရွက်စာတမ်းများ ထပ်မံတင်ပြခြင်းမျိုး ဆောင်ရွက်ရန် မလိုဘဲ ထပ်တိုးကာလအတွက် နေထိုင်ခွင့် အလိုအလျောက် ရရှိမည်ဖြစ်သည်။
သို့သော်လည်း ခိုလှုံသူအသစ် သိန်းနှင့်ချီ ထပ်တိုးလက်ခံပေးရန်အတွက် သမ္မတဘိုင်ဒန်အစိုးရကို တောင်းဆိုနေကြသည့် ဒီမိုကရက်များနှင့် ရွှေ့ပြောင်းလုပ်သားအရေး တက်ကြွလှုပ်ရှားသူများကမူ ယခုကဲ့သို့ TPS အစီအစဉ်အား ကာလတိုးမြှင့်ပေးရုံ လုပ်ရပ်အပေါ် စိတ်ပျက်ကြမည်ဟု ရိုက်တာသတင်းက ဆိုသည်။
TSP အစီအစဉ်အား သမ္မတထရမ့်လက်ထက်တွင် ရုတ်သိမ်းရန် ကြိုးပမ်းခဲ့သော်လည်း ဗဟိုတရားရုံးက လက်မခံခဲ့ပေ။
သမ္မတဘိုင်ဒန်လက်ထက်တွင် TPS အစီအစဉ်အား ထပ်မံတိုးချဲ့ကာ အကြမ်းဖက်မှုနှင့် သဘာဝဘေးအန္တရာယ် ကျရောက်နေသော နိုင်ငံများမှ အမေရိကန်ပြည်ထောင်စုသို့ ရွှေ့ပြောင်းလာသူများအား နေထိုင်ခွင့်သက်တမ်း တိုးမြှင့်ပေးခြင်း၊ အလုပ်လုပ်ခွင့်ပေးခြင်းတို့ ဆောင်ရွက်ခဲ့သည်။
ဘိုင်ဒန်သမ္မတဖြစ်လာသည့် ၂၀၂၁ ဇန်နဝါရီလမှ စတင်၍ TPS အစီအစဉ်ဖြင့် နေထိုင်ခွင့်သက်တမ်း တိုးပေးခဲ့သည့် ဗင်နီဇွဲလားနှင့် ဟေတီနိုင်ငံသားပေါင်း ၅ သိန်းခန့်ရှိသည်။
ဘိုင်ဒန်အစိုးရသည် မြန်မာ၊ ဆိုမာလီယာ၊ ဆီးရီးယားနှင့် ယီမင်နိုင်ငံများမှ ထောင်နှင့်ချီသော ခိုလှုံလာသူများကိုလည်း အကာအကွယ်ပေးခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
ပြီးခဲ့သော သြဂုတ်လ ၅ ရက်နေ့ကလည်း ဟောင်ကောင်မှ အမေရိကန်သို့ ရောက်ရှိနေကြသူ ထောင်နှင့်ချီသော အရေအတွက်အား အမေရိကန်ပြည်ထောင်စုတွင် ယာယီနေထိုင်ခွင့် ပြုမည်ဟု သမ္မတဘိုင်ဒန်အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။