- ဘူးသီးတောင် စကခ(၁၅)နှင့် တပ်ရင်း ၂ ခုကို AA သိမ်းပိုက်
- ဂျီနိုဆိုက် စကားလုံးကို လက်နက်သဖွယ် အသုံးချနေကြသည်ဟု AA ပြော
- ပုဏ္ဏားကျွန်း စစ်ဘေးရှောင်စခန်းတွင် ဝမ်းပျက်ဝမ်းလျှောဖြစ်ပြီး သေဆုံးသူ (၃) ဦးထိရှိလာ
- စစ်ကောင်စီ၏ လက်နက်နှင့်ရိက္ခာသယ်လာသည့် ယာဉ်များကို AA တားဆီးထား
- မသန့်ရှင်းသောရေကို သုံးစွဲနေရ၍ ပုဏ္ဏားကျွန်းမြို့နယ်တွင် ဝမ်းရောဂါဖြစ်နေ
အင်ဒိုနီးရှားတွင် ၇.၆ မဂ္ဂနီကျုအထိ ပြင်းအားရှိသော ငလျင်တစ်ရပ် အင်္ဂါနေ့အစောပိုင်းက လှုပ်ခတ်
အင်ဒိုနီးရှားနိုင်ငံ အမ်ဘွန်းကျွန်းဆွယ် တောင်ပိုင်း ၄၂၇ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သော အဆိုပါငလျင်သည် အနက် ၉၅ ကီလိုမီတာအထိ ရှိခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
10 Jan 2023
ဓာတ်ပုံ - BNPB
DMG ၊ ဇန်နဝါရီ ၁၀
အင်ဒိုနီးရှားနှင့် အရှေ့တီမော ကမ်းလွန်တွင် ၇.၆ မဂ္ဂနီကျုအထိ ပြင်းအားရှိသော ငလျင်တစ်ရပ် အင်္ဂါနေ့အစောပိုင်းက လှုပ်ခတ်ခဲ့ကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အင်ဒိုနီးရှားနိုင်ငံ အမ်ဘွန်းကျွန်းဆွယ် တောင်ပိုင်း ၄၂၇ ကီလိုမီတာကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့သော အဆိုပါငလျင်သည် အနက် ၉၅ ကီလိုမီတာအထိ ရှိခဲ့ကြောင်း အမေရိကန် ဘူမိဗေဒလေ့လာရေးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါလှုပ်ခတ်မှုအပြီးတွင် ၅.၅ မဂ္ဂနီကျုရှိသည့် နောက်ဆက်တွဲ ငလျင်ငယ်များလည်း ထပ်မံလှုပ်ခတ်ခဲ့ကြောင်း အင်ဒိုနီးရှား အာဏာပိုင်များ၏ ထုတ်ပြန်ချက်များအရ သိရသည်။
ငလျင်ကြောင့် တာနီးဘာကျွန်းစုများ၌ နေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးခဲ့သလို စာသင်ကျောင်းနှစ်ကျောင်းလည်း ပျက်စီးခဲ့သည်ဟု အင်ဒိုနီးရှား သဘာဝဘေးဒဏ် စီမံခန့်ခွဲရေးအေဂျင်စီ (BNPB) ၏ ပြောကြားချက်အရ သိရသည်။
ငလျင်ဒဏ်ကို လူဦးရေ ၈ ထောင်ခန့်ရှိသည့် ဆွန်းလာကီမြို့တွင် အပြင်းထန်ဆုံး ခံစားခဲ့ရသည်ဟု BNPB ၏ ပြောကြားချက်အရ သိရသည်။
အင်ဒိုနီးရှားသည် ပစိဖိတ်ဒေသ၏ ငလျင်ရပ်ဝန်းတွင် တည်ရှိသည့်အတွက် မကြာခဏဆိုသလို ငလျင်လှုပ်ခတ်မှုဒဏ်ကို ရင်ဆိုင်နေရသည့်ဒေသဖြစ်သည်။
အင်ဒိုနီးရှား အနောက်ဂျာဗားဒေသတွင် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလ ၂၁ ရက်နေ့က အင်အား ၅.၆ မဂ္ဂနီကျုရှိသည့် ငလျင်တစ်ရပ် လှုပ်ခတ်ခဲ့သည့်အတွက် လူပေါင်း ၆၀၂ ဦး သေဆုံးခဲ့သည်။