- စစ်ဘေးရှောင်များကို ငွေပေးပြီး စစ်သင်တန်းတက်ရန် ALP စည်းရုံးနေ
- ICC ဒဏ်ခတ်အရေးယူခဲ့သည် Trump အစိုးရအဖွဲ့ကို Fortify Rights တရားစွဲ
- ပုသိမ်က ပြည်သူ့စစ်သင်တန်းဆင်းများကို စစ်တွေသို့ ပို့နေ
- ဘင်္ဂလားဒေ့ရှ် ပြုပြင်ပြောင်းလဲရေးကြောင့် အစ္စလာမစ်အမာခံတွေ အတွက် လမ်းစပွင့်လာ
- "ဖေဖေ ဘယ်တော့ပြန်လာမလဲ သားသမီးတွေကမေးနေတော့ ကျမမှာ ဒီမေးခွန်းအတွက် အဖြေမရှိဘူး"
သြစတြေးလျလွှတ်တော် ဝန်ထမ်း ၃ ပုံ ၁ ပုံ လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှု ခံခဲ့ရ
သြစတြေးလျလွှတ်တော်တွင်း၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် အနိုင်ကျင့်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး လွှတ်တော်အမတ်များနှင့် ဝန်ထမ်းများအထိ အကျိုးသက်ရောက်မှု ရှိနေကြောင်း အဆင့်မြင့်လေ့လာချက်တစ်ရပ်အရ သိရသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
01 Dec 2021

DMG ၊ ဒီဇင်ဘာ ၁
သြစတြေးလျလွှတ်တော်တွင်း၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုနှင့် အနိုင်ကျင့်မှုများ ကျယ်ကျယ်ပြန့်ပြန့်ရှိနေပြီး လွှတ်တော်အမတ်များနှင့် ဝန်ထမ်းများအထိ အကျိုးသက်ရောက်မှု ရှိနေကြောင်း အဆင့်မြင့်လေ့လာချက်တစ်ရပ်အရ သိရသည်ဟု အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။
အစိုးရကထောက်ပံ့ထားသည့် ယခုလေ့လာချက်အား ခုနစ်လကြာ ဆောင်ရွက်ခဲ့ပြီးနောက် အင်္ဂါနေ့တွင် အစီရင်ခံစာ ထွက်ရှိခဲ့သည်။
သြစတြေးလျလွှတ်တော်၌ လက်ရှိ တာဝန်ထမ်းဆောင်နေသူ သုံးပုံတစ်ပုံသည် “ဝန်ထမ်းသက်တမ်းအတွင်း လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို တစ်နည်းနည်းဖြင့် ကြုံတွေ့ခဲ့ရ” ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
နှောင့်ယှက်ခံရသူများတွင် အမျိုးသမီး လွှတ်တော်အမတ် ၆၃ ရာခိုင်နှုန်းအထိ ပါဝင်သည်ဟု အစီရင်ခံစာက ဖော်ပြသည်။
အစီရင်ခံစာတွင် လူပေါင်း ၁၇၀၀ အထိ တွေ့ဆုံမေးမြန်းထားပြီး ၎င်းတို့ထဲမှ တစ်ဦးက “မဆင်ခြင်သည့် အမျိုးသား နိုင်ငံရေးသမားများသည် အချို့ဆိုလျှင် ပွေ့ချီကာ နှုတ်ခမ်းကို နမ်းခြင်း၊ ကိုင်တွယ်ပွတ်သပ်ခြင်း၊ တင်ပါးကို ကိုင်တွယ်ခြင်း၊ ပုံပန်းသွင်ပြင်ကို ထင်မြင်ချက်ပေး ပြောကြားခြင်း စသည်တို့သည် သာမန် ဖြစ်ရိုးဖြစ်စဉ်ကဲ့သို့ ဖြစ်နေပြီး အသိုင်းအဝိုင်းက ခွင့်ပြုထားသည်” ဟု ဖြေကြားထားသည်။
လစ်ဘရယ်ပါတီမှ လုပ်ဖော်ကိုင်ဖက်များနှင့် ညပိုင်းတွေ့ဆုံခဲ့ပြီးနောက် ဝန်ကြီးဌာနရုံးအတွင်း မုဒိမ်းကျင့်ခံခဲ့ရကြောင်း စွပ်စွဲခဲ့သည့် လွှတ်တော်ဝန်ထမ်း ဘရစ်တနီဟစ်ဂျင်း၏ ပြောကြားချက်များ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ထွက်နေချိန်၌ ယခုကဲ့သို့ လွှတ်တော်လေ့လာချက် အစီရင်ခံစာ ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဘရစ်တနီဟစ်ဂျင်း၏ စွပ်စွဲချက်ကို လက်ရှိတွင် ရုံးတင်စစ်ဆေးနေဆဲ ဖြစ်သည်။
ယခုထွက်ရှိသည့် အစီရင်ခံစာ၌ အကြံပြုချက် ၂၈ ချက် ထည့်သွင်း ဖော်ပြထားပြီး နိုင်ငံရေးခေါင်းဆောင်များ၏ တရားဝင် ပြောကြားချက် အပါအဝင် လိင်ကွဲပြားခြားနားမှုကို ပိုမိုတိုးချဲ့ဆောင်ရွက်ရေး လုပ်ရပ်များ၊ လုံခြုံရေးနှင့် အဆင်ပြေချောမွေ့ရေး အတွက် အလေးထားရမည့် ကြိုတင်ဆောင်ရွက်ချက်များ ပါဝင်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြထားသည်။