- တရုတ် လုံခြုံရေးကုမ္ပဏီများကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ပိုဆိုးစေကြောင်း Human Rights Myanmar ပြော
- ညောင်ကျိုးသို့ စစ်ကူလာမည့် လမ်းကြောင်းကို AA ဖြတ်တောက်ထား
- မွတ်ဆလင်လူမျိုးတုံး သတ်ဖြတ်မှု စစ်ဆေးနိုင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်ထံမှ အကူအညီ ရရှိရေး ဂမ်ဘီယာနိုင်ငံ ကြိုးပမ်း
- ရခိုင်တွင် ကိုယ်ဝန်ဆောင်နှင့် ကလေးများ ကာကွယ်ဆေးမထိုးရသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာ
- အာဏာသိမ်း ၄ နှစ်အတွင်း ဆက်သွယ်ရေးလိုင်း ပြတ်တောက်မှု အကြိမ်ရေ ၄၀၀ ကျော် ဖြစ်ပွားခဲ့
အီရန်အကျဉ်းထောင်မီးလောင်မှု ၈ ဦး သေဆုံးပြီး ၆၀ ကျော်ဒဏ်ရာရ
တော်လှန်ရေး အင်အားစုများသည် အီရန်နိုင်ငံ၏ မတည်ငြိမ်မှုများကို နိုင်ငံတကာက သတိပြုမိလာစေရေးအတွက် နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့များ၏ အကူအညီဖြင့် မီးရှို့ရန်စီစဉ်ခဲ့ခြင်းဟု အီရန်အစိုးရပိုင်သတင်းစာ၏ သဘောထားအမြင်ကဏ္ဍတွင် ဖော်ပြထားသည်။
17 Oct 2022

အောက်တိုဘာလ ၁၅ ရက်နေ့က အီဗင်အကျဉ်းထောင် မီးလောင်ကျွမ်းမှုကို တွေ့ရစဉ်။ ဓာတ်ပုံ - Reuters
DMG ၊ အောက်တိုဘာ ၁၇
အီရန်နိုင်ငံ တီဟီရန်မြို့တော်ရှိ အီဗင်အကျဉ်းထောင်တွင် စနေနေ့နှောင်းပိုင်းက မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သည့်အတွက် သေဆုံးသူ ၈ ဦးရှိပြီး ဒဏ်ရာရသူ ၆၀ ကျော်ရှိကြောင်း အီရန်တရားရေးဌာနက အောက်တိုဘာလ ၁၇ ရက်နေ့တွင် ပြောကြားလိုက်သည်။
ငွေကြေးဆိုင်ရာ ရာဇဝတ်မှုများနှင့် သူခိုးအကျဉ်းသားများအကြားတွင် ခိုက်ရန်ဖြစ်ပွားခဲ့ပြီးနောက် အကျဉ်းထောင်တွင်းရှိ အလုပ်ရုံတစ်ခု မီးရှို့ခံခဲ့ရကြောင်း အစိုးရပိုင်မီဒီယာက တနင်္ဂနွေနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ အစောပိုင်း သေဆုံးသူ လေးဦးသည် မီးခိုးမွှန်ပြီး သေဆုံးခဲ့ခြင်းဟုလည်း သတင်းတွင် ဖော်ပြသည်။
တော်လှန်ရေး အင်အားစုများသည် အီရန်နိုင်ငံ၏ မတည်ငြိမ်မှုများကို နိုင်ငံတကာက သတိပြုမိလာစေရေးအတွက် နိုင်ငံခြားထောက်လှမ်းရေးအဖွဲ့များ၏ အကူအညီဖြင့် မီးရှို့ရန်စီစဉ်ခဲ့ခြင်းဟု အီရန်အစိုးရပိုင်သတင်းစာ၏ သဘောထားအမြင်ကဏ္ဍတွင် ဖော်ပြထားသည်။
ယခုဖြစ်စဉ်အား ရှုထောင့်ပေါင်းစုံမှ လေ့လာသုံးသပ်ရာ၌ ပူးတွဲနိုင်ငံသား ခံယူထားသူ သူလျှိုများ သို့မဟုတ် အနောက်နိုင်ငံများမှ သူလျှိုများ ရှိနေခြင်းသည် အဆိုပါနိုင်ငံများအတွက် အရေးပါသည့်အချက် ဖြစ်နေပြီး ဆန္ဒဖော်ထုတ်မှုများကို လှုံ့ဆော်ပေးလျက်ရှိသည်ဟု သတင်းစာက ဖော်ပြသည်။
အီရန်တရားရေးဌာန ပြောခွင့်ရ မာဆော့ဆီတာယက်ရှီကလည်း “လူထုကို စိတ်အနှောင့်အယှက်ဖြစ်စေရန် ရည်ရွယ်ပြီး မုသားစကားများ ဖြန့်ဝေခြင်းသည် ဥပဒေအရ အပြစ်ရှိသည်”ဟု ပြောကြားခဲ့သည်။
စနေနေ့က မီးလောင်ခဲ့သည့် အီဗင်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသားများကိုလည်း ထိန်းသိမ်းထားသည်။ အဆိုပါအကျဉ်းသားများ၏ မိသားစုဝင်များက အာဏာပိုင်များအနေဖြင့် အကျဉ်းသားများ၏ လုံခြုံရေးကို အာမခံပေးသင့်သည်ဟု ဆိုရှယ်မီဒီယာများပေါ်၌ ရေးသားမှုများရှိခဲ့သည်။