- စစ်ဘေးရှောင်သည့် တောင်ကုတ်မြို့ခံ ၄၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးထား
- ကြက်ဥ ဈေးကောင်းရနေသော်လည်း ကြက်မွေးမြူရေးလုပ်ငန်း ရပ်တည်ရခက်ခဲလာ
- စစ်တွေမြို့တွင် 92 တစ်လီတာ ငွေကျပ်ငါးသောင်းထိ ဈေးမြင့်တက်နေ
- ရမ်းဗြဲရောက် စစ်ဘေးရှောင် တစ်သောင်းကျော် အရေးပေါ်အကူအညီ လိုအပ်နေ
- လက်နက်ကြီးကျ၍ ဂွဒေသခံအမျိုးသမီး တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ
အာဖဂန်တပ်ဖွဲ့များအား လေကြောင်းထိုးစစ်များ ဆက်လက် ထောက်ကူသွားမည်ဟု အမေရိကန် ပြော
တာလီဘန်များကို ရင်ဆိုင်တိုက်ပွဲဝင်နေသော အာဖဂန် တပ်ဖွဲ့ဝင်များအား အမေရိကန်က လေကြောင်းမှ ထိုးစစ်များဖြင့် ဆက်လက် အထောက်အကူ ပေးသွားမည် ဖြစ်ကြောင်း အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ဇူလိုင် ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။
27 Jul 2021
ဇူလိုင် ၂၇ | DMG
တာလီဘန်များကို ရင်ဆိုင်တိုက်ပွဲဝင်နေသော အာဖဂန် တပ်ဖွဲ့ဝင်များအား အမေရိကန်က လေကြောင်းမှ ထိုးစစ်များဖြင့် ဆက်လက် အထောက်အကူ ပေးသွားမည် ဖြစ်ကြောင်း အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးက ဇူလိုင် ၂၅ ရက်နေ့တွင် ပြောကြားလိုက်သည်။
“ပြီးခဲ့တဲ့ ရက်တွေအတွင်း အာဖဂန် လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို အထောက်အကူ ပေးတဲ့အနေနဲ့ အမေရိကန်ဘက်က လေကြောင်း ထိုးစစ်တွေကို တိုးမြှင့် ဆောင်ရွက်နေပါတယ်” ဟု အမေရိကန်စစ်တပ်၏ ဗဟိုကွပ်ကဲရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ကင်းနစ်မက္ကင်ဇီက သတင်းထောက်များအား ကဘူးမြို့တွင် ပြောသည်။
အာဖဂန်အစိုးရအတွက် ခက်ခဲပြင်းထန်သည့် နေ့ရက်များ ရင်ဆိုင်ရဦးမည် ဖြစ်သော်လည်း တာလီဘန်တို့အနေဖြင့် အောင်မြင်နိုင်ခြေ မရှိကြောင်းလည်း မက္ကင်ဇီက ဆိုသည်။
“တာလီဘန်တွေက သူတို့နဲ့ လုပ်ရပ်နဲ့ ပတ်သက်ပြီး ရှောင်လွဲမရဘူး ဆိုတဲ့ အနေအထားဖြစ်အောင် ဖန်တီးနေတယ်။ သူတို့ မှားတယ်” ဟုလည်း ဗိုလ်ချုပ်ကြီးက ပြောသည်။
တာလီဘန်များသည် အမေရိကန်ဦးဆောင်သည့် ပြည်ပ လုံခြုံရေးတပ်ဖွဲ့ဝင်များ နိုင်ငံတွင်းမှ နောက်ဆုံး အသုတ် ဆုတ်ခွာမှုများ စတင်သည့် ပြီခဲ့သော မေလမှ စတင်ကာ တစ်ကျော့ပြန် ထိုးစစ်များ ဆင်နွဲလျက်ရှိသည်။
ဒေသတွင်း တိုက်ခိုက်မှုများ မြင့်တက်လာခြင်းကြောင့် ပြီးခဲ့သော လအတွင်း တိမ်းရှောင်ရသူ မိသားစု ၂၂၀၀၀ ခန့် ရှိကြောင်း အာဖဂန် တောင်ပိုင်းခရိုင် ကန်ဒါဟာရှိ အာဏာပိုင်များက ပြောကြားထားသည်။
မေလ ၂၅ ရက်နေ့တွင်လည်း ကန်ဒါဟာမြို့ပြင်တွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။
“လုံခြုံရေးတပ်ဖွဲ့တွေ၊ အထူးသဖြင့် ရဲတပ်ဖွဲ့ဝင်တွေရဲ့ လျစ်လျူရှုမှုကြောင့် တာလီဘန်တွေဟာ ဒီလောက်ထိ နီးနီးကပ်ကပ် ရောက်လာနိုင်တာ ဖြစ်ပါတယ်” ဟု ကန်ဒါဟာခရိုင် လက်ထောက်မြို့တော်ဝန် လာလိုင်ဒါစတာဂီရိက အေအက်ဖ်ပီသတင်းဌာနသို့ ဖြေကြားသည်။
လာမည့်ရက်များအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်သည့်အပေါ် ဒေသခံများက စိုးရိမ်ပူပန်လျက်ရှိသည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်က ဝင်ရောက်ကျူးကျော်ခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်း၌ တာလီဘန်တို့သည် လက်ရှိအချိန်အထိ အမေရိကန်တပ်များအား တွန်းလှန် တိုက်ပွဲဝင်နေကြဆဲ ဖြစ်သည်။
တာဘီဘန်များသည် ပြီးခဲ့သည့် မေလအစောပိုင်းက ၎င်းတို့၏ ထိုးစစ်ဆင်မှုများအတွင်း နိုင်ငံတွင်း ခရိုင် ၄၀၀ ခန့်၏ ထက်ဝက်နီးပါးကို သိမ်းပိုက်နိုင်ခဲ့သည်။